ဈေးအတွင်းသို ့လာရောက်သောထိုင်းဝန်ကြီးချုပ်အား ဈေးသူဈေးသားများ ဝိုင်းဝန်းမောင်းထုတ်

bigbirdFebruary 27, 20111min05

လာမည့်လအနည်းငယ်အတွင်း သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်သူ
အဖိစစ် ဝေ့ချာချီဝ သည် ဘန်ကောက်မြို ့လယ်တွင်ရှိသော ကျတူးကျပ်ဈေး၌ လာမည့်ရွေးကောက်
ပွဲအတွက် မိမိတို ့ဒီမိုကရက်တစ်ပါတီ၏ ပေါ်လစီများအားရှင်းလင်းပြရန်သွားရာတွင် ဈေးသူဈေးသား
များ၏ ဝိုင်းဝန်းမောင်းထုတ်ခြင်းကို ခံခဲ့ရကြောင်း Nation Group သတင်းဝပ်ဆိုက်တွင်ဖော်ပြပါရှိပါသည်။
ထိုင်းဘုရင်မနှင့် စစ်တပ်မှ ကျောထောက်နောက်ခံပေးထားသည်ဟုပြောခံနေရသော ဝန်ကြီးချုပ်သည်
စီမံခန် ့ခွဲမှုညံ့ဖြင်းခြင်း၊ ညွန် ့ပေါင်းအစိုးရအတွင်းရှိ ဝန်ကြီးများ အဂတိလိုက်စားခြင်း၊ လူထူအုံကြွမှုအား
စစ်တပ်သုံး၍ အကြမ်းဖက်နှိမ်နင်းခြင်း ၊ များမကြာမှီရက်အနည်းငယ်ကမှ စားသုံးဆီပြတ်လပ်ကာ
ဈေးအဆမတန်တက်ကာ ရှာဝယ်မရဖြစ်ခြင်း ၊နိုင်ငံစီးပွားရေးဆုတ်ယုပ်ကျဆင်းလာခြင်း အစရှိသည်တို ့ကြောင့် ပြည်သူလူထု၏ အားပေးထောက်ခံမှုကျဆင်းလျှက်ရှိပါသည်။

5 comments

  • unclegyi1974

    February 27, 2011 at 2:52 pm

    ယိုးဒယားနိုင်ငံများယဉ်ကျေးမှုကိုးမရှိဖူး
    ကိုယ့်နိုင်ငံကလူကြီးလာတာကိုများဝိုင်းမောင်းထုတ်ရတယ်လို့
    ဒို့ဒီကနဲ့များကွာပါ့ အားလုံးယဉ်ယဉ်ကျေးကျေး
    ဘယ့်လောက်ကောင်းတုန်း

    Reply

  • ဆူး

    February 27, 2011 at 3:30 pm

    သူ့နိုင်ငံနဲ့ သူကတော့ ဟုတ်နေတာဘဲ.. အရှေ့ကား ၆စီး အနောက် ကား ၆စီး မပါဘူးလား။

    Reply

  • ဟုတ်ကဲ့…
    အရှေ့မှာလဲ အခြောက်စီးတဲ့ကားပါသလို အနောက်မှာလဲ အခြောက်တွေစီးတဲ့ကားပဲ ပါပါတယ်တဲ့ခင်ဗျ
    (နောက်ဆုံးရ သတင်းလေးပါ 😀 )

    Reply

  • ယောလေး

    February 28, 2011 at 11:19 am

    အင်း ငါတို့နိုင်ငံနဲ့တော့ ကွာပါ့…..
    သူတို့နိုင်ငံကလူတွေကပဲ သတ္တိကောင်းတာလား…
    ဒို့အဆိုးရပဲ ကြမ်းရမ်းတာလားးးးးးး

    Reply

  • ကိုကိုဇာ

    March 1, 2011 at 4:45 pm

    သွားမလုပ်နဲ့……..သွားမလုပ်နဲ့………….သူ့လက်ထဲမှာသေတဲ့နတ်ကြီးရှိတယ်………

    Reply

Leave a Reply to unclegyi1974 Cancel Reply

Your email address will not be published.