၃၈ ဖြာ မင်္ဂလာ

bigbirdFebruary 24, 20111min03

၁။ အသေဝနာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေဝနာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၄။ ပတိရူပဒေသ ဝါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ဝိနယောစ သုသိကိ္ခတော = ကောင်းစွာသင်အပ်သော ဝိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတဝါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြု ိဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။ အနဝဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ဝိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရဝ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ဝရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။

3 comments

  • bigbird

    February 24, 2011 at 3:27 pm

    မွန်မြတ်သော မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပေက္ခာ တည်းဟူသော ဗြဟ္မစိုရ်တရား လေးပါးတွင် မေတ္တာသည် အခြေခံအကျဆုံး ဖြစ်သည်။ မေတ္တာသည် ပျော့ပျောင်းသည်၊ သိမ်မွေ့သည်၊ နူးညံ့သည်၊ စူးရှသည်၊ နက်ရှိုင်းသည်၊ စွမ်းအားကြီးမားသည်၊ စာနာမှု၊ ထောက်ထားမှု အပြည့်ရှိသည်။ မေတ္တာသည် အသွားအပြန်ရှိသည်။ ထို့ကြောင့်လည်း မေတ္တာခြုံ၍ လုံခြုံသည်ဟု ဆိုကြသည်။ တစ်ဦးအပေါ်တစ်ဦး မေတ္တာဆောင်၍ အောင်ကြပါစေဟု ဆန္ဒပြုလျက်…

    Reply

  • ဆူး

    February 24, 2011 at 3:35 pm

    ဦးငှက်ကြီး တင်တဲ့ ပုံက ထိုင်းစတိုင် ဖြစ်နေတယ်။
    ရဟန်းသံဃာ တန်းစီ ကြွရင် သင်္ကန်းကို အဲဒီလို တခြမ်းဖော်မရုံဘူး။
    ဘုရားရဲ့ ပုံတော် ကို မှန်းကြည့်တာ ဆံတော်မှာ စေတီလို ချွှန်နေမယ် မထင်ဘူး။

    Reply

  • kyawmonkhant

    February 26, 2011 at 1:53 am

    ဂရုဏာမဟုတ်ပါ၊ ကရုဏာ လို့ရေးမှ အမှန်ဖြစ်ပါသည်။

    Reply

Leave a Reply to kyawmonkhant Cancel Reply

Your email address will not be published.