ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး

zaw mgFebruary 23, 20111min01

ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊ သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊ ဝတ် ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။ (၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း၊ (၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ရခြင်း၊ (၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာ ဖြစ်ရခြင်း၊ (၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း၊ (၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ရခြင်း။

One comment

  • MaMa

    May 7, 2011 at 1:39 pm

    အဲဒီလို ကျင့်ဝတ်လေးတွေ ရေးတင်တာ အားပေးပါတယ်။ မသိတာလေးတွေ သိရတာပေ့ါ။ အဲဒီကျင့်ဝတ်ဆောင်ပုဒ်တွေကို သိမ်းထားချင်လို့ ဘယ်စာအုပ်ထဲကလဲ ညွှန်းပေးလျှင် ကျေးဇူးအထူးပါ။

    Reply

Leave a Reply to MaMa Cancel Reply

Your email address will not be published.