ပိုက်ဆံကိုင်ပြီး လိုချင်တာ ဝယ်မရတဲ့နေရာ

naywoon niFebruary 23, 20111min011

ပိုက်ဆံ ရှိရင်ကောင်းတယ်။ ပိုက်ဆံမရှိရင်မကောင်းဘူး။ ပိုက်ဆံဆိုတာရှိတိုင်း ကောင်းတာမဟုတ်ဘူး လာမပြောနဲ့။ ခံစားလာရတာ အနှစ်လေးဆယ် အံမရှိတော့ဘူး။ ဗိုက်ထဲကိုအစာ ထည့်ချင်လည်း ပိုက်ဆံရှိမှ ကိုယ်စားချင်တာစားလို့ရတယ်။ တစ်ခုပဲ စားချင်တာ မရတဲ့ ရှားပါးပြတ်လပ်နေရတဲ့ နေရာမျိုး မှာ ရောက်နေမှာပဲဋ္ဌေကြာက်တယ်။ ညက ဟာမျိုးပဲကြည့်။ ဗိုက်တွေ အောင့်လာတယ်။ အောင့်တာမှ ညာဘက်ခြမ်း ခါးကနေလက်ခွထောက် လိုက်ရင် ရှေ့လက်ညိုးထိပ် နောကျောဘက်က လက်မထိပ် နှစ်ဘက်ညှပ်ပြီးအောင့်တာ။ လေတွေပဲ တစ်အေ့အေ့ တက်နေတယ်။ လေမလည်ဘူး။ ဝမ်းချုပ်နေတယ်။ ဆေးခန်းတွေက ပိတ်ပြီ။ ဒီအချိန်သွားနှိုးလို့ မကောင်းဘူး။ မနေ့က ဝယ်ထားတဲ့ ဝမ်းနှုတ်ဆေးရှိတယ်။ ပိုက်ဆံရှိတုန်းဝယ် ထားဦးမယ်ဆိုပြီး ဝယ်ထားလိုက်လို့သာပေါ့။ နို့မို့ဆို ဘာသောက်ရမှန်းတောင်သိမှာမဟုတ်ဘူး။ ဆေးတော်တော်များများစားပြိးလည်း ဝမ်းမသွားဘူး။ အောင့်တဲ့နေရာက အောင့်ေနေတုန်း။ ပါးစပ်ထဲလက်ညိုးထိုးပြီး အံတယ်။ မရဘူး။ ကြားဖူးတာပါ။ ပါးစပ်ထဲလက်ထိုးအန်တယ်ဆိုကို။ ဝမ်းထဲက တစ်ခုခု ထွက်သွားရင်သက်သာမလားဆိုပြီး ပါးစပ်ထဲကို လက်ညိုးထိုးထဲ့ပြီး အာခေါင်ကို ကလိထိုးလိုက်တာ အထဲက လေအန်ချင်စိတ်ပေါက်သွားတယ်။ မရဘူး။ အရင်တစ်ခါ ဝယ်ထားတဲ့ လူဆေး ရှိသေးလား။ အင်း … ဆီနဲ့လိမ်းရမှာ ။ အကျိ င်္လဲဦးမှ ။လုံချည်ကော လဲလိုက်။ ဆီပုလင်းထဲက ဆီကို ခွက်သေးသေးလေးထဲလောင်းထည့်။ ဆီကလည်း ဝယ်ရတာပဲ။ ဆီမရှိ ဆေးကိုရေ ဖျော်လူးရမှာ ရေကကော အလကားရတာကျလို့။ ပိုက်ဆံမရှိရင် ဘာမှ အလကားမရဘူး။ လူလူချင်း ယုံချင်ယောင်ဆောင်တဲ့ စကားလေးတောင် ပိုက်ဆံမရှိရင် မရနိုင်ဘူး။ လေမလည်လို့ အောင့်တာမသက်သာတာ အရင်အောင့်တုန်းက လေလည်လိုက်တာနဲ့ သက်သာသွားတာ။ ဘယ်လိုလေလည်အောင်လုပ်ရပါ့။ သွားတိုက်ဆေး ချက်ကိုပတ်လူရင်…. လည်တယ်။ လူးလိုက်။ အဲဒိသွားတိုက်ဆေးကလည်း ဝယ်ရတာပဲ။ ဝမ်းသွားမလား သွားထိုင်ကြည့် ။မရသေးဘူး။ မနက်ငါးနာရီလောက်ကျမှ လေ လေးငါးလုံး လည်ပြိးအောင့်တာ သက်သာတော်မူတယ်။ အိပ်ပျော်သွားလိုက်တာ ဆယ်နာရီကျော်အထိ။ လုံးလုံး မအောင့်တော့ဘူး။ အိပ်ထဲ ပိုက်ဆံ ထိုးထည့်ပြီး တစ်ခုခု စားမယ်ဆိုပြီး ထွက်လာတာ။ စားချင်တာက စဉ်းစားလို့ မရဘူး။ နူးနူး ညံ့ညံ့နဲ့ အစာကြေလွယ်တဲ့ အစားအစား။ မြို့ထဲ ဘယ်နေရာမှာမှ မရောင်းဘူး။ ခပ်ညံ့ညံ့ လ္ဘက်ရည်ဆိုင်တွေ မှာက စမူဆာ ပလာတာ ပေါက်စီ။ စားရတာရိုးနေပြီ။ အီကြာကွေး တောင်မှ ရွနေအောင်မကြော်တတ်တဲ့မြို့။ အမဲရွတ်လို ပြင်းတွဲတွဲ ဖြစ်အောင်ကြော်တဲ့ဆိုင်ကကြော်။ မုန့်ကြံရိုးလို မာဆတ်ဆတ် ဖြစ်တဲ့ဆိုင်က ဖြစ်။ မန္တလေး အီကြာကွေးလို လျှာပေါ်တင်လိုက်တာနဲ့ အရည်ပျော်သွားမလားထင်ရအောင် ကိုမကြော်တတ်သေးဘူး။ ဟိုအီကြာကွေးက သိပ်ဝါးနေစရာမလိုဘူး။ ဒီမှာက အသေအလဲ ဝါးမှ ။ ဒါနဲ့ လမ်းမှာတွေ့တဲ့ သူငယ်ချင်းက ို ဘာစားရရင်ကောင်းမလဲ။ ဗိုက်လည်းပြည့်ရမယ်။ နူးနူးညံ့ညံ့ နဲ့ အဟာရလည်းရှိရမယ်။ စားပြီးရင်လည်း အီပြီး မလှုပ်ချင်ဖြစ်မသွားရဘူးဆိုတော့ ကိတ်မုန့် ဝယ်ပြီး လ္ဘက်ရည်နဲ့ ဒါမှမဟုတ်ကော်ဖီနဲ့သောက်တဲ့။ ဒီမှာ ဒါပဲရှိတယ်တဲ့။ ကျွန်တော်လည်း နန်းစိန် ကိတ်မုန့် တစ်တုံးနဲ့ ထိုင်နေကျ လ္ဘက်ရည်ဆိုင်ရောက်သွားရတာပေါ့။ အဲဒါပဲကြည့် ဝယ်ချင်တာဝယ်ရအောင် ပိုက်ဆံရှိတာတောင်မှ စားချင်တာ မရောင်းတဲ့မြို့။ ပိုက်ဆံကိုင်ပြီး စဉ်းစားနေရလို့သာခံသာသေးတာ။ ပိုက်ဆံတစ်ပြားမှမရှိပဲ ခံစားရလို့ကတော့ သေချင်စော်တောင် နံသွားဦးမယ်။ ကျွတော် ကြောက်တာအဲဒါပဲ။ ပိုက်ဆံကိုင်ပြီး လိုချင်တာ ဝယ်မရတဲ့နေရာ ………

11 comments

  • nyimalay

    February 23, 2011 at 8:15 am

    ဟုတ်တယ်….. ဟုတ်တယ်…….. ပိုက်ဆံရှိတဲ့သူတွေကတော့ ပိုက်ဆံကိုမလိုချင်သလိုနေပြနိုင်တယ် …… တကယ်တမ်း မလိုချင်တာလားဆိုတော့လည်းဟုတ်ပါဘူး……….. ပိုက်ဆံဆိုတာ လူတိုင်းရဲ့အကြိုက်ပဲဟာ ဟုတ်တယ်မဟုတ်လားဦးနီ……….. ပိုက်ဆံမရှိတဲ့သူတွေကတော့ ပိုက်ဆံကို အရမ်းလိုချင်လွန်းတော့ မလိုချင်သလိုမနေပြနိုင်ဘူးလေ…………… ဒီကနေ့ခောတ်ကြီးကိုပဲကြည့်လိုက်……………. ပိစိကွေးကတော့ပိုက်ဆံလိုချင်တယ် ဒါပေမယ့် ကိုယ့်လုပ်အားခနဲ့ရတဲ့ပိုက်ဆံပဲလိုချင်တယ်……………. သူများပိုက်ဆံကိုအလကားလည်းမလိုချင်သလို တန်ရာတန်ကြေကိုတော့လိုချင်တယ်…….. စကားမစပ် နန်းစိန်ကိတ်မစားရတာကြာပြီ စားချင်လိုက်တာနော် 😛 🙂

    Reply

  • white

    February 23, 2011 at 8:40 am

    ပိုက်ဆံရှိပြီးဝယ်မရတာ ဦးနီတစ်ယောက်ထဲ မဟုတ်ပါဘူး ဦးတေဇ လဲပါပါတယ်
    မနေ့ကထိ ရေခဲတောင်ပေါ်မှာ ပိုက်ဆံကိုင်ပြီး ဘာမှကိုဝယ်လို့မရဘူး ၊မီးမရှိဘူး၊အစားအစာမရှိဘူး၊အနွေးဓါတ်မရှိဘူး၊ရေခဲကလွဲလို့ဘာမှမရှိဘူး………….
    ဒီလို မီးမရှိ၊အစာမရှိတဲ့ဘဝကို ဒီတသက်တောင်ကြုံရနိုင်တယ်ဆိုတာသူတွေးထားမှာမဟုတ်ဘူး

    နောက်နေ့မှာကိုုုုုုုုုုယ်ဘာဖြစ်နေမလဲဆိုတာ ဘယ်သူမှတိတိကျကျမသိနိုင်ပါဘူး……….

    Reply

  • naywoonni

    February 23, 2011 at 11:32 am

    ပုရွက်ဆိတ်တစ်ကောင်ရဲ့ သေလုမျောပါး ခံစားချက်မှာ ဆင်ကြီး ဘာဖြစ်နေနေ ထည့်မတွေးမိတာအမှန်ပဲလေ။ သတ္တဝါဆိုတာ ကိုယ်ခံစားရတာကို ရှေ့တန်းတင်တတ်စမြဲပဲ။

    Reply

  • ဆူး

    February 23, 2011 at 1:26 pm

    အဘနီ ပိုက်ဆံ ရှိပြီး ဝယ်မစားနိုင်ဖြစ်တာ ဖတ်ရတဲ့ အတွက် ဆူး တခု အကြံပေးကြည့်မယ်နော်။ အိမ်မှာတော့ ဆန်တော့ ရှိမှာပေါ့ ဆန်လေး ပြုတ်ပြီး မနက်စာ စားလိုက်ရင် နူးနူးညံညံနဲ့ အဆင်ပြေနိုင်ပါတယ်။ ဆန်ပြုတ်နဲ့ စားဖို့ လွယ်လွယ်ကူကူ ထန်ညက်နဲ့ စားလိုက်ပေါ့ အရသာ ရှိရှိ အဟာရ အပြည့်နဲ့ ဗိုက်ထဲ ဝင်သွားမှာပါဘဲ။ ကော်ဖီ လက်ဖက်ရည် အစာအိမ် သိပ်မကောင်းတဲ့ အချိန် မသောက်ဘဲ နိ့သောက်သင့်တယ် မြင်မိပါတယ်။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 23, 2011 at 3:36 pm

    ဒါက
    အောင်ပုတို ့ရွာမှာဆိုရင်
    ဒီလိုအရေးပေါ်ကိစ္စတွေဖြစ်လာရင် ည 12 နာရီလောက်ထိဖွင့်ပေးရတဲ့
    ဒရပ်စတိုးတွေကို ရှိစေမှာပါ
    အားဖတား ဆယ့်နှစ်နာရီပြီးရင် မော်တော်ယာဉ်တွေက ထရပ်ဖစ်မဖြစ်တော့တဲ့အတွက်
    တက္ကစီတွေနဲ ့လိုရာကိုအမြန်ဒိုးလို ့ရတယ်
    ဒါမှမဟုတ်ရင် အမ်းဘယူးလမ့်တွေကို ဖုံးဆက်ပြီးခေါ်လို ့ရတယ်
    အိုက်ဒီလိုအင်မာ့ဂျက်စီကိစ္စတွေမှာ ခပ်ရစ်ရစ်လုပ်တဲ့ကောင်တွေကို
    ပြဿနာပြန်ရှာလို ့ရဒယ်
    ရွာမှာပြောပါတယ်
    အောင်ပုတို ့ရွာမှာ

    Reply

  • etone

    February 24, 2011 at 3:49 am

    မစားရတာလည်း တစ်ဒုက္ခ ၊ စားရတာလဲ တစ်ဒုက္ခပါပဲ ဦးနီရယ် ။

    Reply

  • kopauk mandalay

    February 24, 2011 at 4:04 pm

    ကိုနေ
    ုလိုချင်ပါလျက်နဲ့ ပိုက်ဆံလဲရှိပါလျက်နဲ့ ကိုယ်လိုချင်တိုင်းဝယ်လို့မရတာ
    နောက်တစ်ခုရှိသေးတယ်။
    မရောင်းဘဲဇွတ်သွားဝယ်မိရင် ဒွတ်ခတွေ အများကြီးအားကြီးများသွားနိုင်တယ်။
    အဲဒါဘာလဲသိလား?
    ပြာကညို တဲ့ဗျား

    Reply

  • kai

    February 24, 2011 at 11:12 pm

    ကိုရင်ရေ..
    ဘာလိုနေသလည်း အခုထိမသိသေးဘူးလား..။
    ဒီသီတင်းကျွတ်အထိ မစောင့်နေနဲ့တော့…။ 🙂

    Reply

  • naywoonni

    February 25, 2011 at 1:01 pm

    မစောင့်တာကတော့ ကြာပါပြီ ကိုခိုင်ရေ……။ ဘယ်သူမှ မလာတာက ခက်တယ်…….

    Reply

  • ဆူး

    February 25, 2011 at 1:35 pm

    သဂျီး ဘယ်လောက် လက်ဖွဲ့မှာလဲ.. အဲဒါ အရင်ပြော.. အခြေ အနေကြည့်ပြီး ရွာသားတွေ ဆက်လှုပ်ရှားလို့ ရအောင် ဆော်အော်ပေးမယ်။ အဟေးးးး

    Reply

  • kopauk mandalay

    February 25, 2011 at 4:29 pm

    ကိုနေ
    ဥသျှစ်တစ်တင်းနှမ်းတစ်တင်းခေတ်မှာ
    ကိုနေ ကလာအောင်စောင့်နေရတယ်ဆိုရင်
    တစ်ခုခုတော့ မှားနေပြီထင်တာဘဲ။

    Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.