စကားဝဲကြသူများ

kyawmonkhantFebruary 22, 20111min07

စကားဝဲတယ်ဆိုတာ ဘာသာစကားတစ်ခုခုကို ပြောရာမှာ ရေမြေလိုက်ပြီး စကားပြောပုံခြင်း လေးယူလေသိမ်း အသံနေအသံထား ကွဲပြားသွားတာ။

တချို့ကြတော့ မိခင်ဘာသာမဟုတ်တဲ့ စကားကို ပြောရာမှာ ပီသအောင် မပြောနိုင်တာကို စကားဝဲတယ်လို့ ဆိုကြပါတယ်။

အညာကလူပြောတဲ့လေသံနဲ့ အောက်ပြေအောက်ရွာကလူတွေပြောတဲ့လေသံ မတူကြပါဘူး။

ပခုက္ကူဘက်က ပြောတဲ့ လေသံနဲ့ မော်လမြိုင်က ပြောတဲ့ လေသံ ကွဲပြားပါတယ်။

ဗြိတိသျှအသံထွက်နဲ့ အမေရိကန် အသံထွက် မတူကြသလိုမျိုးနေမှာပေါ့။

အသံထွက်နဲ့ပတ်သက်ပြီး အင်္ဂလိပ်နဲ့အမေရိကန်ငြင်းခုံကြတာကို (ဘယ်သူပြောမှန်းတော့ မမှတ်မိတော့ဘူး အကြောင်းအရာတော့မှတ်မိတယ်)

စကားစပ်လို့  ထည့်ရေးလိုက်ပါဦးမယ်။

အင်္ဂလိပ်ကလဲသူထွက်တာမှ အမှန် အမေရိကန်ကလဲ သူဟာမှသူ့ဟာ။

အင်္ဂလိပ်စကားလုံး schedule ကို အင်္ဂလိပ်က ရှက်ဂျူးလ် လို့ထွက်တယ်။

အမေရိကန်က စကက်ဂျူးလ် လို့ ထွက်တော့ အငြင်းအခုံဖြစ်တာပေါ့။

အဲဒီမှာ အမေရိန်ကထောက်ပြတာပေါ့ sch ကို ရှ လို့ အသံထွက်ရမယ်ဆိုရင် school ကျတော့လဲ ရှူးလ်လို့ အသံထွက်ပါလားလို့ ပြောလိုက်တယ်။

ဒါကြောင့် ဗြိတိသျှအင်္ဂလိပ် နဲ့ အမေရိကန်အင်္ဂလိပ် ဆိုပြီးကွဲတာနေမှာပေါ့ဗျာ။

စကားဝဲတာနဲ့ ပတ်သက်လို့ ငယ်ငယ်က ဖတ်စာထဲက စာကြောင်းလေးတွေတောင် သတိရမိပါသေးတယ်။

ဘယ်ကလာသလဲ။

ဘယ်နယ်ကလဲ။

အလယ်ကလူ စကားဝဲ၏။

ဒါနဲ့ပတ်သက်လို့ ဘယ်သူက စကားဝဲသလဲဆိုတာ ရွာသားများရဲ့ အမြင်လေးများကို သိချင်ပါတယ်။ တော်တော်တော့ကြာခဲ့ပါပြီ။ တွေးကြည့်ရင်တော့ ဟာသတပုဒ်လိုပါဘဲ။

အညာ ပခုက္ကူက ဆရာတော်တပါး မော်လမြိုင်ကို ကြွလာပါတယ်။

ဆရာတော်က မော်လမြိုင်ကနေကျိုက်မရောဘုရားဖူးသွားတဲ့အခါ ဟိုင်းလတ်ကားရှေ့ခန်းမှာ နေရာရပါတယ်။ ဆရာတော်နဲ့ကားဆရာတို့ စကားပြောဖြစ်ကြတယ်ပေါ့။

ဟိုအကြောင်းဒီအကြောင်းပေါ့။

ပြောနေရင်းနဲ့ ကားဆရာက’’ ဆရာတော်စကားပြောတာ တော်တော်ဝဲတာဘဲနော်’’လို့ပြောလိုက်လို့ ဆရာတော်ကလဲ ‘’မင်းပြောတာက ပိုတောင်ဝဲသေး’’ လို့ပြန်ပြောလိုက်တယ်။ ဘယ်သူက စကားဝဲတာလဲ  ရွာသားများမန်းကြအုံး။

7 comments

  • nigimi77

    February 23, 2011 at 3:55 am

    ဟုတ်ပ ။ ကျုပ်တို ့ရုံးက Entique မမတွေက ရှဂျူလ်း ရှဂျူလ်း နဲ ့ သိပ်နားကြားပြင်းကပ်တာ။ သူတို ့က British English ဆိုပြီး အများနဲ ့ဆန် ့ကျင်ပြီး ကပ် ဂုဏ်ထုတ်နေကြတာလေ။

    Reply

  • bigcat

    February 23, 2011 at 5:37 am

    အမေရိကားမှာ Z စာလုံးကို ဇက်လို့အသံမထွက်ဘဲ ဇီးလို့ထွက်တယ်။ ကိုယ်ကအကျင့်ပါလို့ ဇက်လို့စာလုံးပေါင်းပြောမိရင် မသိတာလား မသိချင်ယောင်ဆောင်တာလား နားမလည်သလို အလုပ်ခံရတယ်။ တခြားသိသာတာတွေက public toilet အိမ်သာဆိုရင် men’s room, ladies’ room, restroom bathroom လို့သုံးတယ်။ မြန်မာပြည်မှာ လက်ထရိန်ဆိုလားမသိ အင်္ဂလိပ်အသုံးအနှုန်းကို ယူတယ်ထင်တယ်။ မြို့ကျောင်းတွေမှာဆို မြေနေရာကျဉ်းလို့ vertical campus ရှိတာမို့ အစာစားဖို့နေရာကို cafeteria လို့သုံးတယ်။ နယ်ကျောင်းတွေကတော့ ကျယ်ကျယ်ပြန့်ပြန့်ရှိလို့ canteenလို့ ခေါ်လားမသိဘူး။ တခါကျောင်းတုန်းက စကားစပ်လို့ canteen လို့သုံးမိတာ အဟားခံရဖူးတယ်။ ဓါတ်လှေခါးဆို elevator လို့သိကြတယ်။ lift ဆိုတဲ့ အင်္ဂလိပ်အခေါ်အဝေါ်ကို မြန်မာပြည်မှာ သုံးကြတယ်ထင်တယ်။ ပြီးတော့ ယူအက်စ်မှာ ကျနော်တို့ငယ်ငယ်က အင်္ဂလိပ်စာမှာ အခြေခံနှုတ်ဆက်စကား how do you do? ဆိုတာ မကြားဘူးဖူး။ how are you? how are you doing? တို့ဆိုတာပဲသုံးတယ်။
    ဟိုးတလောက ကယ်လီဖိုးနီးယားက လော့စ်အိန်ဂျယ်လိစ်မြို့ကို အင်္ဂလိပ်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ကမ်းပြောင်းလာတော့ သူ့အမေရိကန်မိတ်ဆွေတွေကို အိမ်မှာထမင်းခေါ်ကျွေးတယ်။ ဖိတ်တဲ့အခါ အင်္ဂလိပ်ဆန်ဆန် အိမ်ရဲ့gardenမှာကျွေးမယ်ပေါ့။ နောက်တော့စားပြီး ပြန်လာတဲ့သူတွေက စကြတယ်။ gardenဆိုလို့ ပန်းဥယျာဉ်လို အကြီးကြီး ပန်းမန်သစ်ပင်အစုံအလင် မှတ်လို့ပေါ့။ တကယ်တန်းကျတော့ backyard နောက်ဖေးမြေကွက်လပ်လေးပါတဲ့။ 😀

    Reply

  • etone

    February 23, 2011 at 9:11 am

    တခါတစ်လေ အညာသားတွေ ပြန်ပြောတာ ပိုဆိုးတယ်…။ ငပြူးကပြန်ပြဲတော့ ဒေါသတောင် ထွက်တယ်… ။ စကားပြောကြရာ မနိုင်တော့ သူက ပြောတယ်… လဘောက်ကပ်တယ်တဲ့ … ။ လက်ပေါက်ကပ်တယ်ပြောတာတောင် ပီအောင်မပြောနိုင်ပဲ …စိတ်တိုလွန်းလို့ နရင်းထတီးမိမှာ စိုးတာနဲ့ … ဆက်မပြောပဲ စကားဖြတ်လိုက်တယ် ။ 😀

    Reply

  • kai

    February 23, 2011 at 10:14 am

    အမေရိကန်လိုပြောတာမှာ .. ဓါတ်ဆီကို … Gas လို့ပြောတယ်လို့ သတိထားကြနော..။
    တော်တော်များများ အဲဒါနဲ့ ဒုက္ခရောက်ကြလို့…။

    ဆိုတော့..
    စကားဝဲတာဆက်ပြောရရင် … အင်္ဂလိပ်စာတမျိုးထဲကို .. သူ့ ကိုလိုနီနိုင်ငံနဲ့ အင်္ဂလိပ်စကားပြောသူအများစုနေတဲ့ နိုင်ငံတွေဖြစ်ဖူးတဲ့..
    အမေရိကားကနေစလို့.. နယူးဇီလန်၊ ဩစီ။ တောင်အာဖရိက တခုမှ အသံထွက်မတူဖူးမှတ်တယ်..။ ဝဲကြတာချည်းပဲ..။
    ရယ်စရာတခုပြောရရင်… အင်္ဂလိပ်သံစကားသံတခုကို … တီဗီဖွင့်ထားတုံးကြားရတော့ ..ရုတ်တရက် ဘယ်ကုလား ပြောနေပါလိမ့်ဆိုပြီး လှမ်းကြည့်မိတယ်..။ ဘယ်ဟုတ်မလဲ..။ အင်္ဂလန်က ပရင့်စ်ဝီလီယံပြောနေတာဖြစ်နေတယ်..။
    အမေရိကန်တွေ ..အင်္ဂလိပ်စကား..လျှာလိပ်ပြီး အသံအနိမ့်အမြင့်နဲ့ ပြောတာ ကြားဖန်များတော့လေ…
    မူရင်း..ဗြီစ်တစ်ချ်တွေ အသံတောင် အင်္ဂလိပ်သံမပီဘူးထင်နေတတ်တာပါ… 🙂

    Reply

  • naywoonni

    February 23, 2011 at 12:09 pm

    0ဲတစ်ကာဝဲထဲမှာ မြန်မာဝဲက အယားဆုံးဆိုပဲ 😛

    Reply

  • intro

    February 23, 2011 at 12:37 pm

    ဘုန်းကြီးကလဲ သူ့နားနဲ့ နားထောင်ရင်တော့ ကားဒရိုင်ဘာစကားပြောတာ တော်တော်ဝဲတယ်ပေါ့၊ ကားဒရိုင်ဘာကလဲ ဘုန်းကြီးစကားသိတ်ဝဲတာပဲ လို့ ထင်မှာပဲ… အမှန်တော့ လူတွေဟာ ကိုယ် နှစ်ရှည်လများ ကြားခဲ့ရတဲ့ အသံကိုပဲ အမှန်လို့ ထင်ကြတာပါ… ကိုယ်စကားပြောပုံနဲ့ မတူရင် ဝဲတယ်လို့ပဲ ထင်ကြတာ…

    Reply

  • ဆူး

    February 23, 2011 at 1:18 pm

    ရှောက်သီး ဆိုတဲ့ စကား အညာက လူတွေ တချို့က ချောက်သီး လို့ ထွက်တယ် တချို့က စောက်သီးလို့ ထွက်တယ်။
    နေရာ ဒေသ ပေါ်မူတည်ပြီး အသံထွက် ကွဲပြားကြတယ်။

    Reply

Leave a Reply

Your email address will not be published.