နေ့စဉ်ပွားပါ ဤငါးဖြာ

bigbirdFebruary 21, 20111min03

၁) ငါသည် အိုခြင်းသဘော ရှိ၏။
အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂) ငါသည် နာခြင်းသဘော ရှိ၏။
နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃) ငါသည် သေခြင်းသဘော ရှိ၏။
သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၄) ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊
အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့်
ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘဝတစ်ပါးသို့ ပြောင်းသွားသဖြင့်
သေကွဲ ကွဲရခြင်းသည်လည်းကောင်း ဖြစ်တတ်ချေ၏။

၅) ငါသည် ကံသာလျင် မိမိဥစ္စာ ရှိသည်။
ကံသာလျင် အကြောင်းရင်း ရှိသည်။
ကံသာလျင် အမွေခံ ရှိသည်။
ကံသာလျင် အဆွေအမျိုး ရှိသည်။
ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည်ဖြစ်၏။
ကောင်းသည် ဖြစ်စေ၊ မကောင်းသည်လည်း ဖြစ်သော အကြင်ကံကိုပြုအံ့။

3 comments

  • ဆူး

    February 21, 2011 at 3:29 pm

    ဖြောင့်မတ် မှန်ကန်တဲ့ နှလုံးသွင်းကိုတော့ သွင်းသင့်တာ အမှန်ပါဘဲ။
    နှလုံးသွင်း မကောင်းဘဲ ရုတ်တရက်များ သေသွားရင် နီးစပ်ရာ တွေးပြီး နီးစပ်ရာ ဘဝ ဖြစ်နိုင်တယ်။

    Reply

  • bigbird

    February 21, 2011 at 3:35 pm

    အဲ ့ဒါ အကျင့်ပဲလေ။ တစ်ချို ့က ယောင်တဲ့အခါတို ့၊လန် ့တဲ့အခါတို ့ဆို..
    ( ဘုရား..ဘုရား )လို ့ယောင်လန် ့တဲ ့သူရှိသလို၊ တစ်ချို ့က ညစ်ညစ်ပတ်ပတ်
    နဲ ့ကြားမကောင်းတာတွေ ယောင်တဲ့သူ ရှိသလိုပေါ့

    Reply

  • ဆူး

    February 21, 2011 at 4:02 pm

    ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်။
    သေမင်းရဲ့ လက်တကမ်းမှာ ရှိနေသူ အဖို့တော့ အချိန်တိုင်း စိတ်မအေးစရာပါဘဲ။

    Reply

Leave a Reply

Your email address will not be published.