စာကလေးနဲ့ စက္ကူ

ဆူးFebruary 21, 20111min09


ဆူး ငယ်ငယ်က နေတဲ့ အိမ်မှာ ရှေးဟောင်းအိမ် ပုံစံမျိုး ဖြစ်တဲ့ အတွက် တိုင်လုံးတွေ ဒုထည်တွေ တော်တော် ကြီးမားတယ်။ အိမ်ကဟောင်း နေပြီ ဆိုတော့ အိမ်တိုင် ထုတ်တန်း မှာ စာကလေးတွေ အသိုက်လုပ်ပြီး လာနေကျတယ်။ အသိုက်လုပ်နေတာ ဘာမှ မဖြစ်ပေမဲ့ အိမ်ခေါင်တိုင် ထုတ်တန်းကနေ စာကလေးဥတွေ ပြုတ်ကျတာမျိုး စာကလေးတွေ ပြုတ်ကျတာမျိုး ဖြစ်တော့ စိတ်ပျက်လာမိတယ်။ ဒီလိုနဲ့ စာကလေး အသိုက်ကို လှေကားနဲ့ တက်တက်ကြည့်တယ် စာကလေး အားလုံး ပျံနိုင်တဲ့ အချိန် ရောက်ပြီး စာကလေးတွေ အိမ်မှာ မရှိတဲ့ အချိန် စာကလေးတွေ နေတဲ့ အိမ်အပေါက်ကလေးထဲကို စက္ကူတွေ လုံးလုံးပြီး ဖြည့်လိုက်တယ်။ ဒီလိုနဲ့ စာလေးအိမ် ပိတ်သွားတယ် ဆိုပါတော့ စာကလေးက အကောင်သာသေးတာ ဇွဲတော့ တော်တော် ကောင်းရှာတယ် စက္ကူကို နှုတ်သီးနဲ့ ဆိတ်ပြီးတော့ ပြန်ထုတ်လိုက်တယ်။ နောက်တခါ စက္ကူ ပိုများများ သိပ်ထည့်တယ် ဒါလည်း မရပြန်ဘူး စက္ကူ တွေ အကုန်လုံး ပြန်ထုတ်လိုက်တယ်။ ဒါဆိုရင် သစ်သားတန်းကို သစ်သား တုံးတွေ ရိုက်ထည့်လိုက်တယ်။ ဇွဲတော်တော် ကောင်းရှာတယ် သစ်သား အတုံးတွေ အားလုံး နုတ်သီးနဲ့ ဆိတ်ပြီးတော့ ပြန်ထုတ်လိုက်ပြန်ကော.. နောက်ဆုံး မကြံ မရတဲ့ အဆုံး စက္ကူကို ကော်ကပ်ပြီး အပေါက်ကို ပိတ်လိုက်တယ်။ ထူးဆန်းတယ်.. ဇွဲကောင်းကောင်းနဲ့ သစ်သားတောင် ပြန်ဆွဲထုတ်တဲ့ စာကလေး စက္ကူ နဲ့ ပိတ်လိုက်တာ အပေါက်လုံးဝ မမြင်ရလို့လား မသိဘူး လုံးဝ မဆိတ်တော့ဘူး အိမ်ပြောင်းသွားကြတယ်။ စက္ကူက စာကလေး အမြင်ကို လှည့်စားလိုက်တာလားတော့ မသိဘူး။ စက္ကူတွေ ညီညီညာညာ ပိတ်ကပ်ထားတာ လုံးဝ ထပ်ကို လာမဖောက်တော့ပါဘူး။

9 comments

  • draungkyawkyawoo

    February 21, 2011 at 8:47 am

    သနားပါတယ် သူတို့မှာ လေဒဏ်မိုးဒဏ်ကြောက်လို့ လာကပ်နေကြတာပါ … ။ အသိုက်တစ်ခု ဆောက်ဖို့ဆိုတာကလည်း လွယ်မှမလွယ်ပဲ … ဒါကြောင့် ဇွဲ ကြီးကြီးနဲ့ ပြန်လာ ဆောက်တာ ဖြစ်မယ် ..။

    Reply

  • ဆူး

    February 21, 2011 at 8:57 am

    အကောင်တွေ ဥတွေ ပြုတ်ပြုတ် ကျတယ်လေ။ သူတို့ အကောင်တွေ ကြီးပြီး ပျံနိုင်မှ ဖယ်ခိုင်းတာ.. မလွန်ပါဘူး။

    Reply

  • naywoonni

    February 21, 2011 at 2:48 pm

    နေရာ ကုသိုလ်ဆိုတာ ရှိတယ်ကွယ့် ကလေးမရဲ့ ။ သူများတွေ ဇရပ်ဆောက်ပြီးတောင်လှူကြရသေးတာ .. အော်… ခောတ်ကာလ ကလေးတွေ မလွယ်ပါ့လား

    Reply

  • bigbird

    February 21, 2011 at 2:50 pm

    ရက်စက်ရာ ကျနေမလား။သနားပါတယ်အန်တီဆူးရယ်။

    Reply

  • ဆူး

    February 21, 2011 at 2:58 pm

    ဟီးဟီး.. နေရာ လှူတယ် ဆိုတာ အပ်တဲ့ ဖြစ်မှ ကောင်းမှာပေါ့ကွယ်။
    အိမ်ကို ချတွေ နေရာ လှူလိုက်ရင် ဘယ်လိုနေမလဲ.. သူတို့ သင့်တော်တဲ့ နေရာ ကို ပြောင်းရွေ့ဖို့ ပြောပြီး သွားခိုင်းရင် စကား နားမှ မလည်တာ.. သူတို့ ကို နေလို့ မဖြစ်တဲ့ အနေအထား လုပ်မှ သူတို့ ပြောင်းရွေ့ကုန်မှာပေါ့။ မနေသင့်ကြောင်း အချက်ပြတဲ့ သဘောပေါ့။

    Reply

  • weiwei

    February 21, 2011 at 3:04 pm

    အိမ်မှာတော့ ခိုတွေ အများကြီးနဲ့ ဒုက္ခရောက်ခဲ့ဖူးတယ် .. နောက်ဆုံး မခံနိုင်တော့လို့ သူတို့ဝင်နိုင်မဲ့ အပေါက်တွေ အကုန်လုံးကို ပိတ်လိုက်ရတယ် …

    Reply

  • ဆူး

    February 21, 2011 at 3:11 pm

    ငှက်တွေက သူတို့ကတော့ အဆင်ပြေမယ် ထင်လို့ နေတာဘဲ.. သူတို့ အချိန်မရွေးပါချတဲ့ အီးအီးတွေ ဟိုပေ ဒီပေနဲ့.. အနံ အသက်တွေ အိမ်မှာ မကောင်းတာမျိုး ဖြစ်တယ်လေ။ လေမသန့်တော့ ကျန်းမာရေး ထိခိုက်နိုင်တယ်လေ။ အမွှေးမပါသေးတဲ့ အကောင်လေးတွေ မျက်စိရှေ့ကျကျလာတာ မြင်တော့ စိတ်မကောင်းဘူး ငှက်မကြီးကလည်း သူ့ကလေး ပြုတ်ကျတာကို အပေါ်ကနေ ကြည့်ပြီး အချိန်တော်တော် ကြာတဲ့ အထိ အော်နေတာ စိတ်တော့ မကောင်းဘူး။

    Reply

  • ယောလေး

    February 21, 2011 at 4:24 pm

    ဟားဟား ငရဲကြီးတော့မယ်..:)))))

    Reply

  • etone

    February 22, 2011 at 8:54 am

    ခိုညည်းသံဆို နားကြားပြင်းကပ်တယ် … တဟီးဟီးနဲ့ … 😀

    Reply

Leave a Reply

Your email address will not be published.