ရွှေရောင်ဆေးမှင်ကြောင်ထိုးကြမလား?

bigbirdFebruary 18, 20111min06

ဒူပိုင်းနိုင်ငံရှိ ဆေးမှင်ကြောင်ထိုးသောဆိုင်တစ်ခုတွင် ရွှေရောင်ဆေးမှင်ကြောင် အသစ်အဆန်းတစ်ခု

ကို စတင်လုပ်ဆောင်ပေးနေပြီးဖြစ်ပါတယ်။ ထိုဆေးမှင်ကြောင်မှာ အသားထဲထိ ထိုးခြင်းမဟုတ်ဘဲ

အသားထွင်ကပ်သောနည်းဖြင့် လုပ်ဆောင်ပေးပါသည်။ လာရောက်ကြသူများမှာ အများအားဖြင့်

မင်္ဂလာဆောင်မည့် သတို ့သမီးများဖြစ်ပြီး ဈေးနှူံးလည်း သက်သာပါသည်။ အနိမ့်ဆုံးဈေးမှာ

အမေရိကန်ဒေါ်လာ ၅ဝ ဖြစ်ပြီး အမြင့်ဆုံးလိုအပ်သည်အထိ အသုံးပြုနိုင်ကြပါကြောင်း www.Khaosod.co.th

သတင်းဝပ်ဆိုက်တွင်ဖော်ပြပါရှိသည်။

6 comments

  • ဆူး

    February 19, 2011 at 3:31 pm

    ဘယ်လောက် ကြာကြာ ခံမှာလဲ။ အသားထဲ ထိုးသွင်း ပြီး လုပ်တာ မဟုတ်တော့.. ကြာကြာ ခံမယ် မထင်ဘူး။

    Reply

  • nyimalay

    February 20, 2011 at 10:31 am

    ပိစိကွေးကတော့မကြိုက်ပါဘူး…….. ပိုက်ဆံလည်းအလကားကုန်တယ်…… ပိုက်ဆံကရှာရတာလွယ်တာမဟုတ်ဘူးလေ………..:P
    အပိုအလုပ်တွေလို့ထင်တယ်…… 🙂

    Reply

  • manawphyulay

    February 20, 2011 at 2:12 pm

    ဆေးမင်ကြောင်ထိုးတာ သူတို့နိုင်ငံတွေတော့မသိဘူး။ ဒီမှာ အိန္ဒြာကျော်ဇင် မင်္ဂလာဆောင်တုန်းက ဖွေးဖွေးထိုးထားတာတော့ ဒီယဉ်ကျေးမှုနဲ့မကိုက်လို့လားမသိဘူး အတော်ရုပ်ဆိုးတယ်။ နောက်ပြီး မနောကပဲ ခေတ်ကို မလိုက်နိုင်တာလည်း ပါမယ်ထင်တယ်နော်။

    Reply

  • draungkyawkyawoo

    February 21, 2011 at 7:41 am

    ဆေးမှင်ကြောင် တကယ်ထိုးတာ မဟုတ်တဲ့ အတွက် သွေးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ကင်း ရှင်းစေတာပေါ့ .. ။ ဖျက်ချင်တဲ့ အချိန်လည်း ဖျက်လို့ရတယ် စတိုင်ကျကျနဲ့ လှလို့ ရပြီလေ ။

    Reply

  • kai

    February 21, 2011 at 8:22 am

    စကားမစပ်..
    ဆေးမှင်ကြောင်ဆိုတာက .တကဲ့.မြန်မာယဉ်ကျေးမှုစစ်စစ်ကြီးပါဗျာ..။
    ရှေးမြန်မာကြီးတွေများ .. ဆေးမှင်ကြောင်မထိုရင် ..ယောကျာင်္းမစစ်ဖူးတောင်ပြောခဲ့ကြာတာ..။
    အခုတော့ ..ကမ္ဘာကိုပြန့်..အသည်းအသန်တွေခေတ်စားတော့ … မြန်မာ့ယဉ်ကျေးမှုစစ်စစ်ကြီးခမြာ မျက်နှာကို ငယ်လို့..။
    ဆေးမှင်ကြောင်ထိုးတာ ..ကမ္ဘာမှာ မြန်မာကစတယ်ဟေ့ လိုရဲရဲဝံ့ဝံ့ကြွေးကျော်ကြစမ်းပါ..။
    ချင်းတိုင်းရင်းသားတွေဆို .. ..မျက်နှာမှာတောင် ထိုးခဲ့ကြတာ..။ ပရဲထိုးတယ်လို့ ခေါ်တယ်ပေါ့..။
    အခုခေတ်မှ ..မိုက်တိုင်ဆန် (လက်ဝှေ ့ချမ်ပီယမ်) လိုလူက ..မျက်နှာ ထိုးပြနေတာပါ…။

    Reply

  • ဆူး

    February 21, 2011 at 8:44 am

    မြန်မာ သမိုင်း အရ မြန်မာ တွေ ဘယ်လောက် သတ္တိကောင်း သလဲ ဆိုရင် ဘုရင့်နောင် တပ်သား အသစ် ရွေးချယ်တဲ့ နေရာမှာ လက်သည်း ထိပ်ကို သံစိုက်တာ မတွန့်ကြေးတဲ့.. တွန့်မိလို့ အရွေးမခံရတော့ လူလည်ခေါင်မှာ ရင်ခွဲပြပြီး သတ်သေသွားတယ် ဆိုဘဲ။ သမိုင်းမှာတော့ ရှိခဲ့တာပေါ့လေ။ ဒါမျိုးကို ကမာ္ဘလှည့် ခရီးသွားတွေ ကြည့်ဖို့ ပြဇတ်တွေ လုပ်ပြတာမျိုး လုပ်သင့်တယ်။ ထိုင်းလို နိုင်ငံက အလောင်းမင်းတရား တိုက်လို့ သူ့နိုင်ငံကလူတွေ ညှင့်ပန်းခံရတာ ဆင်တွေ နဲ့ လှည့်ပြတာ သူရဲ့ ပြဇတ်တိုင်းမှာ ပါတယ်။ မြန်မာ ကို လာလည်တဲ့ လူတွေ အထင်ကြီး လောက်တဲ့ ဇတ်မျိုး ဖန်တီးတာမျိုး.. ဆေးမှင်ကြောင် ဆိုတာကလည်း ရှေးရှေးတုန်းက အမျိုးသားတိုင်း လိုလို ပေါင်မှာ ထိုးကြပုံရပါတယ်။ သတ္တိကောင်းတာ ကောင်မလေးတွေ သိအောင် ရေခပ်ဆင်းတဲ့ အချိန် ပုဆိုး ခါးတောင်းကြိုက်ပြီး ခြင်းလုံးခတ်ပြတို့ ဘာတို့တော့ သီချင်းထဲတွေ ဘာတွေမှာ တော့ ပါသား။ ဒါမျိုးတွေ လူအထင်ကြီးအောင် ဖော်ထုတ်သင့်တယ်။ ဆေးမှင်ကြောင် ထိုးဖို့ ပြောတာ မဟုတ်ပေမဲ့။ ယခင်ကတည်းက ရှိခဲ့ဘူးတာမျိုး.. သတ္တိမနည်းဘူးဆိုတာ ဖော်ပြအချက် တခုအနေနဲ့ပေါ့ကွယ်။

    ဆေးမှင်ကြောင် တက်တူး ထိုးတာတော့ လုံးဝ မကြိုက်ဘူး။

    Reply

Leave a Reply to nyimalay Cancel Reply

Your email address will not be published.