မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း၏ အနာဂါတ် အပိုင်း(၂)

nigimi77February 17, 20111min03

တနည်းအားဖြင့်ဆိုသော် ငွေကြေးသာရှိသော်လည်း ဦးဏှောက်အား အသုံးမချလိုသော လူချမ်းသာ

များ အုပ်စိုးသော စီးပွားရေး လည်ပတ်မှုသည်၊ အချိန် အတိုင်းအတာ တခုအတွင်း ဆိုင်းမဆင့်

ဗုံမဆင့် ပြိုလဲကျနိုင်သည်။  မည်သည့်အရာကိုမျှ နိုင်ငံတွင်းတွင် ပြီးပြည့်စုံစွာ ထုတ်လုပ်နိုင်ခြင်း

မရှိပဲ Assembled သာပြုလုပ်နိုင်သော ကုန်ထုတ်လုပ်ငန်းများသည်လည်း ထိုက်သင့် သလောက်အကျိုးပြုခြင်း မရှိပေ။

ယခင်က နိုင်ငံတကာ အထည်ချုပ် လုပ်ငန်းရှင်များသည် တရုပ်နိုင်ငံ၏ ကြီးမားကျယ်ပြန် ့ပြီး ဈေးနှုံးသက်သာသော လုပ်အားခကြောင့် တရုပ်နိုင်ငံတွင် အလုံးအရင်းနှင့် ရင်းနှီး မြုတ်နှံကြသည်။ ထိုမှ တဆင့် ယခု အခါ တရုပ်နိုင်ငံသည် နေ ့ချင်းညချင်း တိုးတက်လာပြီး

စီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်လာနေသည်အား မည်သူမှ မငြင်းနိုင်ပေ။

တိုးတက်လာမှု အလျောက်ပြောင်းလဲလာသော လူအဖွဲ ့အစည်းတွင် လူအများသည် ယခင်ကကဲ့သို ့ ပင်ပန်းသော အလုပ်မျိုးအား လုပ်ကိုင်လိုခြင်း မရှိတော့သောကြောင့်

တိုးတက်မှုနှင့် အညီ ပေါ်ပေါက်လာသော အလုပ်အကိုင်များဖြစ်သော ကော်ဖီဆိုင်၊ ကုန်တိုက်၊ အချိန်ပိုင်းအလုပ်၊ အပြင် အခြားများပြားလှသော အလုပ်အကိုင် များတွင် ဝင်ရောက်လုပ်ကိုင်လာခြင်းနှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်လာသည့် အလျောက် နိုင်ငံသားများ၏ တစ်ဦးခြင်း ဝင်ငွေမြင့်တက်လာခြင်း၊ အထည်ချုပ် လုပ်ငန်းရှိဝန်ထမ်းများ၏

လုပ်အားခ ဈေးနှုံးကြီးမြင့်လာခြင်းတို ့ကြောင့် တရုပ်ပြည်တွင် ရှေ  ့လျှောက်လုပ်ကိုင်လျင် အကျိုးအမြတ်နည်းပါးလာမည်အား ကြိုတင်တွေးဆကြသော ရင်းနှီးမြုတ်နှံသူများသည်

တရုပ်နိုင်ငံထက် လုပ်အားခ များစွာ သက်သာသော အရှေ  ့တောင် အာရှနိုင်ငံများသို ့

လုပ်ငန်း လက်တံ ဆန် ့လာကြသည်။  ထိုအထဲတွင် မြန်မာနိုင်ငံသည် အပါအဝင်ဖြစ်ပြီး လုပ်အားခ လည်း ဈေးအသက်သာဆုံးဖြစ်သည်။

3 comments

  • nigimi77

    February 17, 2011 at 3:53 pm

    မနက် အလုပ်သွားရမှာမို ့လို ့ အလုပ်ထဲရောက်မှ ဆက်ရေးပါမယ်။
    ပါဝင်ဆွေးနွေးပေးပါ။

    Reply

  • kai

    February 17, 2011 at 5:33 pm

    ဒီခေတ်ကြီးရဲ့ အဓိကအားသာချက်တခုကတော့ .. အရင်းအနှီးတွေ စက္ကန့်ပိုင်းနဲ့ ဘီလီယန်ချီ ရွေ ့ပစ်လို့ရတာပဲ..။
    ဒီတော ့မြန်မာပြည်ကိုလည် း..ကြိုက်ရင် ရွေ ့လာတာပဲ..
    မကြိုက်ရင် ..ချက်ချင်းပြန်နှုတ်လိုက်လို့လည်းရတယ်..။

    အဝတ်အထည်ဆိုတာမျိုးက မိုဒယ်..။ရာသီနဲ့လိုက်ပြီး ပြောင်းရတာမို ့.. ကြိုးနီစံနစ်များနေရင်လည်း ..ဝင်လာလုပ်ချင်မယ်တော့မထင်..

    ဆက်ဆွေးနွေးပါခင်ဗျား..။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 18, 2011 at 3:38 am

    ဒီလုက်ငန်းအတွက်ကတော့ ပေါချောင်ကောင်း
    သဘောကို သက်ရောက်စေတဲ့
    နယ်စပ်မှာတွေ ပိုပြီးအားကောင်းလာနိုင်တယ်
    လက်ရှိမှာလဲ လည်ပတ်နေတာဘဲပေါ့နော့
    အရှိန်ယူနေတယ်လို ့ပြောမလား
    နောက်တစ်ခုက နယ်စပ်ဖြစ်တဲ့အတွက်
    အချိန်တိုတိုအတွင်းမှာ လိုအပ်သလိုလုပ်လို ့ရနိုင်တယ်
    ရင်းနှီးမြုပ်နှံမှုတွက် ကြီးကြီးမားမားမလိုဘူး
    လုပ်သားအင်အားကို လိုသလောက်ရနိုင်တယ်
    ကျုပ်အထင်တော့ ဒီကိစ္စမှာ နယ်စပ်က အရင်ဖွံ ့ဖြိုးလာပြီးမှ
    မြို ့ပြဆီကို ရောက်မယ်ထင်တာပေါ့ကွယ်

    Reply

Leave a Reply to nigimi77 Cancel Reply

Your email address will not be published.