ကိုယ်တွေ့ ကုမုဒြာ

researcherFebruary 17, 20111min011

Kyawmonkhant ရေးထားတဲ့ ကုမုဒြာကြာပန်းအလှ ဆိုတာကိုကြည့်ပြီး ရေးချင်စိတ်ဖြစ်သွားလို့ ဒီစာကိုရေးလိုက်တာပါ။
ကုမုဒြာမျိုးကွဲ ဘယ်နှစ်မျိုး ရှိလဲတော့မသိပါဘူး၊ ကျွန်တော်တို့ အိမ်မှာလဲ ကုမုဒြာဆိုတဲ့အပင် စိုက်ဘူးပါတယ်၊ အရွက်တွေက ပုံထဲမှာပါတာနဲ့တူတယ်၊ ကျွန်တော်တို့အပင်က အရမ်းပွားပြီး ကြီးသွားလို့လားမသိဘူး၊ အရွက်တွေအရှည်ကြီးနဲ့ အုံလိုက်ကြီးပဲ၊ ပန်းကတော့ ညဖက်မှာပွင့်တယ်၊ ည ၁ဝ နာရီခွဲ ၁၁ နာရီဆိုပွင့်ပြီး မနက်ဆို ညှိုးနေပြီ၊ ပန်းပွင့်က အဖြူရောင်ပဲ၊ ဒါပေမယ့် ပွင့်ဖတ်တွေကတော့ ပုံမှာပါတာနဲ့မတူဘူး၊ ပုံထဲက ပွင့်ဖတ်တွေက ငှက်မွှေးပုံစံ အထပ်အထပ်လေးတွေ ၊ ပန်းပွင့်ပုံစံဝိုင်းတယ်၊ ကျွန်တော်တို့ အိမ်က ပန်းက ပွင့်ဖတ်က သေးသေးသွယ်သွယ် ရှည်မျောမျောလေးတွေ၊ မြင်သာအောင်ပြောရရင် ငုံနေတဲ့အချိန်မှာ ရုံးပတီသီးလိုမျိုး ရှည်ရှည်လေး၊ ရုံးပတီသီးလောက်တောင် မတုတ်ဘူး၊ ပွင့်ဖတ်တွေ မများတဲ့အတွက် အထပ်အထပ်လဲ ဖြစ်မနေဘူး၊
ကျွန်တော်တို့အိမ်မှာ ကုမုဒြာစိုက်ထားတယ်ဆိုတာ ပန်းတနော်က ဘုန်းဘုန်းတပါးကသိတော့ ဘာထူးခြား မှုရှိလဲ လို့မေးတယ်၊ ကျွန်တော်က ပန်းတွေပွင့်ရင် ငွေတွေဘာတွေ ဝင်တယ်ထင်တာပဲလို့ ပြောတော့ ဘုန်းဘုန်းက ဘာမှတော့မပြောဘူး၊ နောက်ပိုင်းမှ ကျွန်တော့်မိတ်ဆွေက ဘုန်းဘုန်းကို ကုမုဒြာ အကြောင်း မေးတော့ သူ့ကျောင်းက သံဃာတွေ စိတ်ဝမ်းကွဲကြကြောင်းပြောတယ်။ ကျွန်တော်တို့ကိုတော့ ဘုန်းဘုန်းက မပြောပါဘူး၊ ကျွန်တော့်မိတ်ဆွေကို ပြန်မေးလို့ ကျွန်တော်တို့လဲသိရတာ။ အဲဒီအကြောင်း ဖေဖေ့ကို ပြန်ပြောတော့ ဖေဖေက သိပ်မကြိုက်ဘူး၊ ကုမုဒြာကြာက ကြာမျိုးငါးပါးမှာပါတယ် ဆိုတော့ မြင့်မြတ်တယ်။ ရှားပါးတယ် ဆိုပြီး ကျွန်တော်တို့မိသားစုက လက်ခံထားတာ။ ပွင့်သမျှပန်းတွေ ဘုရားကိုကပ်တယ်၊။ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ စိုက်ထားတာဖြစ်လို့ မကောင်းတာဖြစ်မယ် ဆိုတာကို ဖေဖေက လက်မခံဘူး၊
ဒါပေမယ့် ကျွန်တော်သတိထားမိသလောက် ကျွန်တော်တို့မိသားစု စိတ်ဝမ်းတွေကွဲကြတယ်။ ကုမုဒြာ စိုက်ပြီးမှ လား၊ အရင်ကတည်းကလားတော့ သေချာမသိတော့ဘူး၊ ကျွန်တော်တို့ကလဲ ကုမုဒြာကို အကြာကြီး စိုက်ခဲ့ကြတာကိုး။ ဖေဖေနဲ့မေမေက သားနှစ်ယောက်ရှိတာကို တယောက်က တယောက်ကို ကာဆီးကာဆီးလုပ်ရင်း ကနေ ဖေဖေနဲ့မေမေက မတည့်တော့တာပဲ။ ဒါတောင် နှစ်ယောက်စုံမွေးထားတာ။ ကျွန်တော်တို့ ညီအမနှစ်ယောက်လဲ မတည့်ကြဘူး၊ ဘာအကြောင်းရယ်လို့ မယ်မယ်ရရလဲ မရှိဘူး။ တယောက်နဲ့ တယောက် မခေါ်ကြ၊ မပြောကြနဲ့။ နှစ်ရှည်လများပါပဲ။ နောက် အဒေါ် တစ်ယောက်အိမ်ကို ပေးလိုက်တာ သူနဲ့ အတူနေတဲ့ အိမ်ထောင်သည် သားနှစ်ယောက်မိသားစု စကားတွေဘာတွေ မပြောကြ ဖြစ်ကုန်တယ်။ မမယောက္ခမ အိမ်ကလဲ စိုက်ချင်တယ်ဆိုလို့ ပေးလိုက်တာ သူလဲ သူ့သားနှစ်ယောက် စကားမပြောကြ ဖြစ်ကုန်တယ်။ အဲဒီလို စိတ်ဝမ်းတွေကွဲကုန်လို့ တယောက်ကိုတယောက် နာနာကျည်းကျည်းလုပ်မိလို့လား၊ စီးပွားပျက်အောင် လုပ်ကြလို့လားဆိုတော့လဲ ဘာမှ မလုပ်ခဲ့ကြပါဘူး။ နောက်တော့ ကျွန်တော်တို့လဲ အိမ်ပြောင်းရင်း ကုမုဒြာအပင်လဲ သေပြုရင်းနဲ့ပဲ မျိုးပြုတ်သွားတယ် ဆိုပါတော့။ တိုက်ဆိုင်မှုပဲဆိုဆို ခုချိန်မှာတော့ ကုမုဒြာကို ကျွန်တော်တို့ စိုက်ရမှာ ကြောက်သွားပါပြီ။ ဒါတောင်ကျွန်တော် တို့ စိုက်တုန်းက နေရာသန့်သန့်မှာ ( လေးထပ်တိုက်ခန်းရဲ့ ဝရန်တာ ခေါင်းရင်းဘက်ခြမ်းမှာ ) စိုက်တာပါ။

11 comments

  • nyimalay

    February 17, 2011 at 9:14 am

    ဟုတ်မယ်ဟုတ်မယ်…… အခုမှစဉ်းစားမိတယ် …… ပိစိကွေး အဒေါ်တွေဆိုလည်း မတည့်ကြဘူး……. ပြီးတော့ ဟုတ်မှာပါ ပြောနေရင်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုဖြစ်နေအုံးမယ်……. အိမ်ကိုပြန်ရင် အဲ့ဒီအပင်ကို သေအောင်ကိုရေနွေးပူနဲ့လောင်းပစ်အုံးမယ်……. ကျေးဇူးပါပဲ researcher ရေ… တကယ်ပါ အရမ်းကိုကျေးဇူးတင်ပါတယ် ….. နဂိုကမစဉ်းစားမိဘူး……. ဖြစ်ကိုဖြစ်နိုင်တယ် ….. ကျန်တဲ့ရွာသူ၊သားများလည်း အိမ်မှာ ရှိနေရင် စဉ်းစားကြည့်ကြပေါ့…….

    Reply

  • shwe

    February 17, 2011 at 10:30 am

    researcherပြောသလိုတော့ကြားဘူးပေမဲ့ အိမ်ခြံဝင်းရှေ့ကသစ်ပင်မှာရှိခဲ့ဘူးတာ အိမ်မှာစိုက်တဲ့ အပင်မဟုတ်တော့ ဖြစ်လားမဖြစ်လား မသေချာဘူး ။
    ခုခေတ်ကတော့ အဲအယူသိတ်မရှိတော့ ဘူးဖြစ်မယ် . တချို.အိမ်တွေဆို ဆင်စွယ်ဂမုန်းတွေ စိုက်တာတွေ့ဘူးတယ်.။

    Reply

  • MaMa

    February 17, 2011 at 12:34 pm

    အပြောကြီးတဲ့ ကုမုဒြာကို ဘဝင်မြင့်ပြီး အသုံးမဝင်ဘူးလို့ ယူဆပြီး မကြိုက်ဘူး။ သူပွင့်တာကိုမြင်ရအောင် အဖူးဖူးပြီဆိုရင် ဒီညတော့ ပွင့်မှာပဲဆိုပြီး ည၁၂နာရီကို ထကြည့်ရတယ်။ ဘာမှလည်း ကြာကြာမခံပဲ နွမ်းသွားတော့ တန်ဖိုးထားရတာနဲ့ မတန်ဘူးလို့ထင်တယ်။ ဒါပေမယ့် ပိတောက်ပန်းတော့ ကြာကြာမခံပေမယ့် ကြိုက်တယ်။ ဒါနဲ့စကားမစပ် ကိုယ့်မြို့မို့လို့ စိတ်ဝင်စားလို့ မေးလိုက်အုံးမယ်။ ပန်းတနော်က ဘုန်းဘုန်းဆိုတာ ဘယ်ကိုယ်တော်လဲ။

    Reply

  • ဆူး

    February 17, 2011 at 2:31 pm

    ကုမုဒြာ က ကြာမျိုးငါးပါးထဲ ပါတယ် လူတွေ မတည့်ဘူး ဆိုလို့..
    အိမ်မှာတော့ ယိုးဒယားမျိုး ကြာပန်းလေးတွေတော့ ရှိသား… ပန်းရောင် အဖြူရောင် ခရမ်းရောင် ၃မျိုးရှိတယ် အိမ်ရှေ့မှာ ကန်လေးနဲ့ စိုက်ထားတယ်။ အိမ်မှာ အခု ကန်ရေဆေးရတာ မတတ်နိုင်လို့ ယိုးဒယားမှာ တွေ့ခဲ့တာ အိုးတွေ တိုင်းမှာ ငါးလေးတွေ ထည့်ထားတာ တွေ့တယ် ရေဆေးပုံတော့ မရဘူး။ အိမ်က ကြာကန်လေးတွေ ရေညှိ ကိစ္စ အဆင်ပြေအောင် ငါး ဆယ်ကောင် ဝယ်ထည့်ထားသေးတယ်။ ဒီနေ့ဘဲ ငါးကလေး တကောင် လျှော်သွားလို့ စိတ်မကောင်း ဖြစ်နေတယ်။ အိမ်မှာတော့ ကြာပန်းလေးတွေ စိုက်ထားတာ ဘာပြသနာမှ ကို မရှိဘူး။ အဆင်ပြေတယ်။

    Reply

  • kai

    February 17, 2011 at 6:09 pm

    သူဖါသူနေတဲ့..ပွင့်တဲ့ပန်းတောင်… လူတွေအစွဲတွေးလက်ချက်က မလွတ်ပါလား..။
    ရေနွေးနဲ့လောင်းမှာနဲ့..သတ်မှာနဲ့..။

    သတိထားနော..
    ကုမုဒြာပန်းက ..သု့သတ်တဲ့သူတွေကို.. လပြည့်ညဆိုရင်..ပန်းသရဲအဖြစ်နဲ့လာခြောက်တတ်တယ်..။
    မိန်းကလေးတွေဆို.. တသက်လုံး..ယောကျင်္ားမရအောင်..ပြုစားတတ်တယ်..။ 🙂

    Reply

  • ဆူး

    February 17, 2011 at 6:40 pm

    ပေးစိကွိတော့ အပျိုကြီး ဖြစ်တော့မယ်။ နာ ကြောတာ ဟုတ်ဝူး ။ သဂျီးကြောတာ..

    Reply

  • nyimalay

    February 18, 2011 at 2:44 am

    ဒီလိုကြီးလား…… ကြောက်တယ် အပျိုကြီးဖြစ်မှာတော့……. 🙂
    အဒေါ်အပျိုကြီး လေးယောက်ကိုကြည့်ပြီး လုံးဝအပျိုကြီးမလုပ်ဘူးလို့ဆုံးဖြတ်ထားတာ…… 😀
    ပန်းပင်လေးတွေ သူ့ဘာသာပဲနေပါစေတော့….. 😛

    Reply

  • char too lan

    February 18, 2011 at 8:35 am

    အွန်.. ဘာရဲဟ အငြိုးငြိုးဘဲ 🙁

    Reply

    • nyimalay

      February 19, 2011 at 12:57 pm

      ဟုတ်သလား ချာတူး….. နင်နာ့ဂိုကျိတ်ပိုးနေဒါရား…….. ငရဲကြီးမယ်နော……. နာ့မှာ ချစ်တူချိဒယ် ဟွန်း……… နာ့ယောင်းမ ကွီးနဲ့တိုင်ကျောလိုက်မယ်နော် ဘာမှတ်လည်း ………. 😀 😛 🙂 😉

      Reply

      • char too lan

        February 24, 2011 at 2:15 pm

        မဟုတ်ရပါဘူးဗျာ…………. 🙁 🙁

        Reply

  • ဆူး

    February 18, 2011 at 3:08 pm

    ပေးစီးကွိ အပျိုကြီး ဖြစ်ရင် စောင့်ရှောက်ပေးမလို့ မလုပ်ဘူးဆိုတော့ ချာတူးလန် ဒေါပွ သွားပြီ။

    Reply

Leave a Reply

Your email address will not be published.