ဖေဖေါ်ဝါရီ ဆယ့်လေး

အာဂFebruary 14, 20111min01

အောက်ပါကဗျာလေးကတော့ ကဗျာဆရာ စောဝေရဲ့ ၂၀၀၈ ခုနှစ်က ထောင်နန်းစံခဲ့ရတဲ့ ကဗျာလေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒီကဗျာ ကို အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဖော်ပြခံရပြီး သိပ်မကြာခင်ကာလမှာပဲ နိုင်ငံတောင်အကြီးအကဲကို စော်ကားမှုနဲ့ ထောင်နန်းစံခဲ့ရတာဖြစ်ပါတယ်။အခုဖေဖေါ်ဝါရီ ၁၄ မှာလည်း အမှတ်တရအနေနဲ့ပြန်လည်ဖော် ထုတ်တင်ပြလိုက်ပါတယ်။

ဖေဖော်ဝါရီဆယ့်လေး

အာရင်ဘက်က ပြောတယ်

နာ နာခံစားတတ်မှ ခံစားမှ

ရူးရူးမူးမူးကို ဖြစ်နေမှ

ကြီးမြတ်တဲ့အနုပညာလို့

မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ

ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့

သန်းပေါင်းများစွာသော ချစ်တတ်သူများ

ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။ ။

စောဝေ

1.10.2008
ကဗျာစာကြောင်းတွေရဲ့ အစစာလုံးတွေ အားလုံးကိုဖတ်လိုက်ရင် အာနာရူးကြီး မှုးကြီးသန်းရွှေ..…..လို့အဓိပ္ပါယ်ရတာကြောင့် ဦးသန်းရွှေက သူ့ကိုထောင်ချခဲ့ပါတယ်။

ဒီအောက်က စိတ်ရဲ့ တံခါးကို ဆေးရောင်အဖြူသုတ်ထားပါ။ ကဗျာလေးကတော့ ကိုစောဝေ အဖမ်းခံရပြီး တစ်ပါတ်အကြာမှ ကိုစောဝေ ပုံစံနဲ့ ရေးထားတဲ့ ကျွန်တော့်ရဲ့ ကဗျာလေးပါပဲ။

စိတ်ရဲ့ တံခါးမှာ ဆေးရောင်အဖြူသုတ်ထားပါ။

မိတ်ဆွေ ခင်ပွန်းမရှိတဲ့ သစ်ပင်
စာ စာဝေ ပွင့်လန်းနိုင်မည်တဲ့လား
သန်းကြွယ် သူဌေးတစ်ယောက်ရဲ့
ရွှေရောင်အိပ်မက်….
လူတစ်ရောက်ရဲ့ စိတ်ကြောင့်ပင် အဆုံးသတ်သွားစေနိုင်ရဲ့
သတ်ပုံ တွေကို ကိုယ့်သမိုင်းမှာ မှားမှားရေးကြရင်..
သမာသမတ် ရှိနိုင်ပါ့မလား။
မားမားမတ်မတ် ရပ်တည်ခဲ့ပေမဲ့
င ပေါ တစ်ယောက်လို့ အပြောခံရသေးတာပဲ..။
ရဲရဲတောက်နေတဲ့ အတွင်းစိတ်မီး
ပြည်လုံးချမ်းသာပါစေ လို့ ဆုမတောင်းခဲ့ဘူး ..ငါ မှ ငါ..
သို့သော်လည်း… ငါတို့
သွားတွေဟာ ဖြူဖြူစင်စင် အစာကို ဝါးစားဖို့ဘယ်တော့မှ စိတ်မကူးဘူး။

One comment

  • moethidasoe

    February 15, 2011 at 4:05 am

    အဲဒီတုန်းက .. စာမူရှင်ကို ဖော်ထုတ်တဲ့ အယ်ဒီတာမင်း မြတ်ခိုင် ဘာမှ မဖြစ် ..
    သခင်အောင်ဆန်း အချိန်တုန်းက ခွေးသရမ်းကြီး လွတ်နေပြီဆိုတဲ့ စာမူရှင်ကို အယ်ဒီတာတို့ ကျင့်ဝတ်အတိုင်း ဖော်ထုတ်မပေးတဲ့အတွက် အယ်ဒီတာကို အရေးယူခဲ့တယ် .. ကွာလိုက်တာနော် ..

    Reply

Leave a Reply to moethidasoe Cancel Reply

Your email address will not be published.