ဟာသလေးများ

Yin Nyine NwayFebruary 11, 20111min02

တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..
ကလောရောက်တော့ နှစ်ညအိပ်တယ်… နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော

့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေဝုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…
Are u crazy?
အာ ယူ ကလေးစီး… တဲ့….
ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး
This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ဝူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း

လူကြီးစီး…….လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….

——————————————————————————————————————————

ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ

အင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်
သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..ခင်တဲ့ ဂိုက်တွေကလဲ
သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ
ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော…..
အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…
ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….
အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..
How much is it? (ဘယ်လောက်လဲ)
It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…
Oh… very Expensive….
အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလို်က်တာက…
မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….

———–

တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…
Where is toilet? ဆိုတော့…
အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…
This way… you go. You go and ကွေ့ …… ကွေ့ go ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…

ဪ….. သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…။ ။

2 comments

  • bigcat

    February 12, 2011 at 3:21 am

    လုပ်ပါအုံးဗျို့ နောက်ထပ်တိုးရစ်ဂိုက် အတွေ့အကြုံ ဟာသလေးများ။

    Reply

  • Maung Dae`

    February 12, 2011 at 8:25 am

    ကျေးဇူးပြု၍ Credit ပေးပါရန်။ MGရဲ့စည်းကမ်းလေးအတိုင်းပေါ့… ကျေးဇူးပါ…

    Reply

Leave a Reply

Your email address will not be published.