မြန်မာနိုင်ငံ ငွေကြေးဖောင်းပွမှုအား အဆ တစ်ရာထိ လျှော့ချမည်

mickylayApril 22, 20101min07

ငွေကြေးသုံးစွဲမှုသည် နိုင်ငံသားတိုင်း၏ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ဖြစ်ပေရာ ကုန်ပစ္စည်းဖလှယ်ရာတွင်၎င်း ပို ့ကုန် သွင်းကုန်နှင့် အခွန်အခကောက်ခံရာတွင်၎င်း
လျှင်မြန်သွက်လက် ထိရောက်ရန် ငွေကြေးလျှော့ချမှုသည် မရှိမဖြစ်လိုအပ်သော
ဆောင်ရွက်ချက် တစ်ခုဖြစ်ပေသည်။

ထိုကဲ့သို ့ ငွေကြေးလျှော့ချမှုသည် လတ်တလောတွင် နိုင်ငံတော်၏ စီးပွားရေးအား ရုတ်တရက် ထိခိုက်နိုင်ဖွယ် ရှိသော်ငြားလည်း ကမ္ဘာ့ငွေကြေးဆက်ဆံမှုတွင်
များစွာအကြိုးသက်ရောက်မှု ရှိစေမည်ဖြစ်သည်။

ပြည်တွင်း ငွေကြေးကိုင်တွယ်သုံးစွဲမှုနှင့် ပတ်သက်၍လည်း အခိုက်အတန် ့အားဖြင့် အရှိန်အဟုန် နှောင့်နှေးသွားမည်ဖြစ်လင့်ကစား မကြာမတင်တွင် ခိုင်မာသော ငွေကြေးလဲလှယ်မှုအသစ်ကို ကျေနပ်စွာ ခံစားရမည် ဖြစ်ပေသည်။

လက်ရှိသုံးစွဲနေသာ ငွေကြေး၏ အချိုးအဆ တစ်ရာလျှော့ချခြင်းဆိုသည်တွင် မိမိတို ့လက်ဝယ် ကိုင်တွယ်သုံးစွဲနေသော ငွေစက္ကူတန်ဖိုးအား တန်ဖိုးသစ်ဖြင့် ပြောင်လဲသတ်မှတ်ခြင်း
ဖြစ်ပေသည်။

တစ်ကျပ်တန် ငွေစက္ကူအား အဿပြာ တစ်ပြားသို ့၎င်း

တစ်ရာကျပ်တန် ငွေစက္ကူအား ငွေသားတစ်ကျပ် အဖြစ်သို ့၎င်း

တစ်ထောင်ကျပ်တန် ငွေစက္ကူအား ကျပ်တစ်ရာ အဖြစ်သို ့၎င်း

ပြောင်းလဲသတ်မှတ် သုံးစွဲစေမည်ဖြစ်ရာ

ဥပမာအားဖြင့် – ယခင်ငွေကျပ်သိန်းသုံးရာတန်ဖိုးရှိ မော်တော်ယဉ်တစ်စီးသည် ယခု ငွေကျပ်သုံးသိန်းသို ့၎င်း

ယခင်ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်တန်ဖိုးရှိ အိမ်ခန်းတစ်ခန်းသည် ယခုငွေကျပ် တစ်သိန်းငါးသောင်းသို ့၎င်း

ယခင် စားသုံးဆီတစ်ပိဿာ ငွေငါးရာကျပ်သည် ယခု ငါးကျပ်သို ့၎င်း အသီးသီး ဖလှယ်ပြီး ဖြစ်စေမည်။

ထို ့အတူ ငွေကြေးလဲလှယ်နှုန်းထားများသည်လည်း ပြောင်းလဲသွားမည် ဖြစ်ပေသည်။

ယခင် အမေရိကန် တစ်ဒေါ်လာ မြန်မာကျပ်ငွေ တစ်ထောင့်ငါးရာ ဖြစ်ခဲ့ပါလျှင် ယခု တစ်ဆယ့်ငါးကျပ်သို ့၎င်း

ယခင် စင်္ကာပူ တစ်ဒေါ်လာ မြန်မာကျပ်ငွေ ငါးရာ့ငါးဆယ် ဖြစ်ခဲ့ပါလျှင် ယခု ငါးကျပ်ငါးဆယ်ပြားသို ့၎င်း

ယခင် မလေးရှား တစ်ရင်းဂစ် မြန်မာငွေ သုံးရာကျပ် ဖြစ်ခဲ့ပါလျှင် ယခု သုံးကျပ်သို ့၎င်း လျှော့ကျသွားမည်ဖြစ်၍ မြန်မာငွေတန်ဖိုးသည် သိသိသာသာ မြင့်တက်လာပါမည်။

အထက်ဖေါ်ပြပါ ငွေကြေးတန်ဖိုး လျှော့ချနိုင်ရန် မြန်မာနိုင်ငံ ငွေကြေးဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည့်အပြင် အဓိက လိုအပ်ချက်တစ်ခုမှာ အကျွန်ုပ်
 နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာရန် အရေးပင် ဖြစ်ပေတော့သည်။
အဟီး …

သို ့ပါ၍ အကျွန်ုပ်သည် နိုင်ငံရပ်ခြားတွင် သဘာရင့်ဝါရင့် အဆင့်မြင့် IQ ပညာရှင်များဖြင့် အပ်ချုပ်ပညာအား အပတ္တကုပ် သင်ကြားနေပေသည်။

သင်ကြားတတ်မြောက်ပြီးစီး၍ အမိမြန်မာနိုင်ငံသို ့ ပြန်လည်ရောက်ရှိသည့်အခါ နိုင်ငံတော်ဝန်ကြီးများ၏ အင်္ကျီများကို ချုပ်ပေးပါမည်။ ထိုအခါ အကျွန်ုပ်သည် နိုင်ငံတော် ဝန်ကြီး(အင်္ကျီ)ချုပ် ဘိုချုပ်ကြီး ဖြစ်လာမည်မှာ ဧကန်မလွဲတည်း … အီး ငှီး ငှီး …

7 comments

  • susunosuki

    April 22, 2010 at 12:28 pm

    ဟုတ်မလိုလိုနဲ့နောက်တာပဲ
    ကောင်းပါတယ်
    ရယ်ရတယ်

    Reply

  • banban

    May 12, 2010 at 5:15 am

    အမ်..အဟုတ်မှလို့ ဖတ်နေတာ… အတော်နောက်တဲ့လူချီးပဲ…အဲ့လေလူကြီးပဲ..လူနောက်ကြီး

    Reply

  • banban

    May 12, 2010 at 5:26 am

    ဆောဒီးနော်… ကျနော်လည်း ပြန်နောက်တာ …

    Reply

  • nga pay

    May 26, 2010 at 4:13 pm

    နောက်တာတော့ နောက်ပေါ့ကိုကိုရယ်..
    ရင်တုန်အောင်တော့မလုပ်နဲ့ .. ငွေကြေးလျှော့ချချင်တယ်ဆိုရင်ပေါ့နော်…
    အသေချာဆုံးတို့ပြောပြမယ် သိလား.. အရင်က တို့ တစ်စက်ရှင်ကိုလေ၃၀၀ဝ တိတိယူတယ်သိလား…
    ခုကိုကိုပြောသလိုဆိုရင် တို့အနေနဲ့ ၃၀ဝပဲရတော့မယ် …အဟင့် ဘယ်နဲ့လုပ် ..မလဲ….
    သူများတို့ ငတ်ရင်တော့ သူများက ကိုကိုလျှာကြွေးတာပဲ စားတော့မယ် နော်…သတိထား..

    Reply

  • winne

    July 13, 2010 at 6:17 am

    ဘာစီမံချက်လဲလို့ သေချာလိုက်ဖတ်နေတာ နောက်ဆုံး မှာတော့ နောက်တာ ဖြစ်နေတယ်။ သူနောက်တာကတော့ သူများတွေ အော်ဆဲချင်စိတ်ပေါက်အောင် ဟုတ်လို့ ပြုံးရီတာနဲ့ ပြီးသွားတယ်။

    Reply

  • etone

    July 13, 2010 at 6:34 am

    အဟုတ်အောက်မေ့လို့ဖတ်နေတာ … တော်တော်နောက်တဲ့လူပဲ ။

    Reply

  • saddyangel.9

    August 31, 2010 at 12:45 pm

    ဝန်ကြီး(အကျင်္ီ)ချုပ်မြန်မြန်ဖြစ်ပါစေ..ဟိဟိ

    Reply

Leave a Reply

Your email address will not be published.