ကျွန်တော်တို့စစ်မှု့ထမ်းပါမည်…..ဒါပေမဲ့

ကျွန်တော်တု့ိစစ်မှု့ထမ်းပါမည်..ဒါပေမယ့်ဒါလေးတွေတော့လုပ်ပေးပါ..

။။ခေါင်းမှာဆောင်းတဲ့ဦးထုပ်ရှာအရွဲကြီးတွေမလိုခြင်ပါ…

။။တိုက်ဆွေးဖျင်ကြမ်းယူနီဖောင်းတွေကလည်းဝတ်လို့ကောင်းမှာမှုတ်ဘူး

။။သက်တောင့်သက်သာပေါ့ပါးတဲ..ပခုံးသိုင်းကြိုးလေးတွေနဲ့လဲလို့ရရင်ကောင်းတာပေါ့

။။အိပ်ယာအတွက် ပလပ်စတစ်သုံးပေပတ်လည်အစလေးကအိပ်လို့ရမှာမှုတ်ဘူး

။။အုတ်ဂူလိုခြင်ထောင်နဲလည်းမအိပ်တတ်ဘူးနော်(ဇာခြင်ထောင်ဆိုတော်သေးတယ်)

။။မတော်တဲဘောင်းဘီပွပွတွေကြပ်ကြပ်တွေလည်းမဝတ်ချင်ဘူး

။။ဆိုဒ်ကြီးတစ်ဖက် ဆိုဒ်သေးတစ်ဖက် ဘွတ်ဖိနပ်တွေလည်းမပေးပါနဲနော်

။။ချမ်းရင်ခြုုံဘို့  ..နေကြာစောင်တွေကသေးနေတယ်မလုံဘူး

။။ထမင်းစားတဲချိုင့်တွေက ပိန်နေရင်မလိုခြင်ဘူး

။။ထမင်းကိုတော့ဝအောင်ကြွေးပါထမင်းထဲက စပါးစိနဲ့ကြောက်ခဲတွေကိုတော့မစားခြင်ဘူး

။။အဖုံးမလုံတဲ့ရေဘူးတွေက..သိပ်မကောင်းတော့ဘူး

။။အိမ်သာကို…ကျင်းပေါ်မှာ သစ်တုံးနှစ်လုံးချပြီးနဲမျက်နှာခြင်ဆိုင် မတက်ပါရစေနဲ..ရှက်လို့

။။ရေချိုရင်လည်းရေကြည်တာလေးပဲချိုးပရစေ..ယားနာတွေပေါက်မှာစိုးလို့

။။ပဲဟင်းလည်းမစားရတော့ဘူးဆို..အိတ်စပိုစ်တွေများနေလို့

။။အရက်ကိုတော့..အာမီရမ်..အတုတွေမပေးပါနဲ့နော်..ကျမ်းမာရေးကြောင့့်ပါ

။။လစာကိုလည်းဘာကြေးညာကြေးတွေပြောပြီးအကုန်မဖြတ်ပါနဲ့နော်ဆေးလိပ်ဖိုးမကျန်မှာစိုးလို့ပါ

။။တစ်ပတ်စာရိက္ခာနဲ..တစ်လလောက်ပစ်မထားရဘူးနော်

။။အိမ်ကမိန်းမကို..အရာရှိအိမ်ကအဝတ်တွေလျှော်ထမင်းတွေချက်ဘို့မခိုင်းပါနဲ့နော်

။။မိန်းမကကြောက်တတ်လိုသေနတ်ပစ်သင်တန်းတွေတက်ခိုင်းရဘူးကျွန်တော်ပဲလုပ်ပါ့မယ်

ကျန်တာတွေသာမသိတာ….သေနတ်ကတော့အကောင်းစားတွေကိုင်ရမှာ..စိတ်ဝင်စားတယ်ဗျာ

One comment

  • zawana

    February 10, 2011 at 9:40 am

    ဒါတွေ အတွက်ကတော့ ဘာမှ စိတ်ပူစရာ မလိုပါဘူး။ အခုဟာက ကိုယ့်အိမ်က ထမင်းချိုင့်ထည့်ပြီး မနက်ဘက် တပ်ထဲကိုသွား၊ ညနေကျအိမ်ပြန်အိပ်ဆိုတော့။ ယူနီဖောင်း ဘာညာကလည်း ကိုယ့်ငွေနဲ့ ကိုယ် ဝယ်ရမှာဆိုတော့ အဆင်ပြေပါတယ်။ လသာမှာ သွားမွှေလိုက်ရင် စိတ်ကြိုက်ရနိုင်လို့ အဆင်ပြေပါတယ်ဗျ။ မင်္ဂလာဒုံ ဈေးမှာလည်း ရှာဝယ်လို့ ရကြောင်းပါ။ တခုတော့ရှိတယ်။ လစာတွေ မဖြတ်ဖို့ပဲ မျှော်လင့်ရမှာပါ။

    Reply

Leave a Reply to zawana Cancel Reply

Your email address will not be published.