ကွန်ပျူတာမှာ အသံ ကလိမယ်

နိုင်နိုင်February 10, 20111min04

ကွန်ပျူတာကို အသံတွေနဲ့ ကလိကြည့်မယ်ဆိုရင် window ထဲမှာ လုပ်မှာဖြစ်ပါတယ် အပြင်က အသံဖိုင်တွေ သီချင်းတွေကို လုပ်ချင်တယ်ဆိုလဲ ရပါတယ် တစ်ခုတော့ ရှိတယ်ဗျ အသံဖိုင်က .wav file ဖြစ်ဖို့လိုလိမ့်မယ် mp3 မှ wav ပြောင်းတဲ့ Converter မျိုး Google မှာ ရှာဒေါင်းပြီး ပြောင်းလိုက်ပေါ့ ပေါပါတယ်။ဒါဆို စပြီ အသုံးပြုကြည့်ရအောင် Start >>Settings>>Control panel ဆိုပြီး အဆင့်ဆင့် ဝင်လိုက်ပါ။sounds speech,and Audio Devices (or) Sound ဆိုတာကိုတွေ့ရင် နှိပ်လိုက်ပါ။အဲဒီမှာ Box တစ်ခုကြလာပါမယ် အဲဒီမှာ မြင်တွေ့ရမှာက placback / Recording/Sounds ဆိုတာပါပဲ Sounds ကိုရွေးပေးပါ။windows အောင်မှာ လုပ်ဆောင်ရမှာတွေ အများကြီးရှိပါတယ် ပထမ တစ်ခုနည်းလေး ပြောပြပါမယ်။ကျွန်တော်တို့ဖွင့်ထားတဲ့ Application တစ်ခုကို minimize လုပ်လိုက်ရင် အသံထွက်လာအေင်ပါ ဒါဆို windows အောက်က minimize ဆိုတာကို ရှာပြီ click လိုက်ပါ ပြီးရင် Browse ကို click ပါ၊အဲဒီမှာ windows မှာရှိတဲ့ wave file အသံဖိုင်တွေကို တွေ့ပါပြီ မိမိကြိုက်နှစ်သက်တဲ့ အသံကိုရွေးလိုက်ပါ။ ပြီးရင် Apply / ok ပေါ့ဗျာ။အစောပိုင်းက မိမိကြိုက်နှစ်သက်တဲ့ သီချင်းလေးကို mp3မှ wav file ပြောင်းပြီးသားဆိုရင် အဲဒီ wave file လေးကိုရွေးပေးလိုက်ရင် minimize လိုက်တိုင်း အဲဒီအသုံလေးထွက်လာမှာပါ။ sounds / windows အောက်မှာ ရှိတာတွေကို ကြိုက်နှစ်သက်သလို အသံတွေပြောင်းလို့ရနိုင်ပါတယ်။အဲဒီအတိုင်း ဆက်လုပ်ကြည့်လိုက်ပါ။ကွန်ပျူတာ သုံးစွဲရင်း သံစဉ်များနဲ့ ပျော်ရွှင်နိုင်ကြပါစေ။ အောက်မှာ ပုံလေးဖော်ပြထားပါတယ်။

မှတ်ချက်။   ။အမှားယွင်းရှိပါက တောင်ပန်ပါတယ်။

4 comments

  • meelay

    February 10, 2011 at 8:42 am

    ကျေးဇူးပါ …. 🙂

    Reply

  • Gipsy

    February 10, 2011 at 1:23 pm

    မိုက်တယ်နော်…
    ကောင်းတာလေးတွေ ပေးပါဦးနော့……သိုင်းခရုပါ….

    Reply

  • နိုင်နိုင်

    February 11, 2011 at 2:37 am

    အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ဆက်ရေးပါဦးမယ်ဗျာ ကျွန်တော်တင်တဲ့ ပို့စ်များ ဝေဖန်အကြံပြုဆွေးနွေးပေးကြပါလို့ တောင်းဆိုပါရစေနော်.. ။

    Reply

  • Sweethome

    February 11, 2011 at 3:24 am

    အခုလိုတင်ပြပေးလို့ကျေးဇူးပါပဲ…

    Reply

Leave a Reply to meelay Cancel Reply

Your email address will not be published.