ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း

ကျွန်တော်လည်းဂေဇက်မှာ ပိုစ့်မတင်ဖြစ်တာနည်းနည်းကြာသွားပါပြီ။အချိန်လည်းသိပ်မရတော့သလို၊ပွိုင့်လိုချင်၍တင်နေသည်ဟုထင်မှာလည်းစိုးလို့ပါ။

ယခုပြောချင်တဲ့အကြောင်းအရာကတော့ ယခုရက်ပိုင်းအတွင်း ဂေဇက်ထဲမှာ ဖြစ်နေသော၊ပြောဆိုနေကြသောအကြောင်းအရာနဲ့ ပက်သက်ပြီးနဲနဲရေးချင်စိတ်ပေါ်လာ၍ဖြစ်ပါတယ်။

အဲဒါကတော့ ဆရာတော် ဦးဇောတိက ရေးသားသည့် ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း ဆိုတဲ့စာအုပ်လေးကိုဖတ်ပြီး တိုက်ဆိုင်လာတဲ့အကြောင်းအရာလေးတွေကို ရေးမိခြင်းဖြစ်ပါတယ်။

”နတ္ထိ လောကေ  အနတ္မိလောတော”။

လောကမှာ အပြစ်တင် အကဲ့ရဲ့ မခံရတဲ့သူဆိုတာ မရှိပါဘူး။

ကိုယ်လုပ်တာမှန်တာလည်းရှိမယ်၊မှားတာလည်းရှိမယ်။ဒါပေမယ့် သူများတွေနဲ့မတူရင် ဝေဖန်တာ၊အပြစ်တင်တာလည်းခံရမှာပဲ။

အယူအဆအတွေးအခေါ်နဲ့ ပတ်သက်ရင်လည်း ကိုယ်ပိုင် ဉာဏ်နဲ့စဉ်းစားတယ်၊လွတ်လွတ်လပ်လပ် တွေးခေါ်၊စဉ်းစား၊မှားတယ်မှန်တယ် ကိုယ်ဟာကိုယ်ဆုံးဖြတ်။

အရေးကြီးသည့်ဆုံးဖြတ်တွေကို ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပါ၊အရေးကြီးသည့်ဆုံးဖြတ်ချက်တွေကို သူတစ်ပါးလက်သို့ထည့်လိုက်လျှင် ကိုယ့်ဘဝဟာ သူများ လက်ထဲရောက်သွားမည်တဲ့။

နောက်တစ်ခုက မှားတာကို မှားတယ်လို့ သိဖို့ သိပ်အရေးကြီးပါတယ်။မှန်တာကို မသိတာထက် မှားတာကို မှန်တယ်လို့ ယုံကြည်တာက ပိုဆိုးပါတယ်။

ဒါကြောင့် ကိုယ့်ကိုဝေဖန်တဲ့အခါ ”ငါ့ကိုဝေဖန်တဲ့သူက ဉာဏ်ပညာရှိတဲ့သူလား၊ မေတ္တာ-ဂရုဏာကြီးတဲ့သူလား၊သူကိုယ်တိုင်ကလည်း နေတာ၊ထိုင်တာ၊ပြောတာ၊ဆိုတာ၊ တရားနဲ့အညီနေတယ်။ပြောတဲ့အခါမှာလည်း အနိုင်ယူချင်စိတ်မရှိဘူး၊အရှက်ခွဲချင်လို့လည်းမဟုတ်ဘူး။အကြောင်းအကျိုးကို မျှတစွာ ဝေဖန်မယ်ဆိုရင် လက်ခံမယ်။

လူတိုင်းလူတိုင်းမှာ ချီးမွမ်းမူသာခံယူလိုသည်။ကဲ့ရဲ့မူ အားမနှစ်သက်ကြပေ။အမှန်တော့ ချီးမွမ်းခြင်းသည်လည်း ခဏတာသာဖြစ်သည်။ ကဲ့ရဲ့မူသည်လည်း ခဏတာသာဖြစ်သည်။

ဒါကြောင့်ထို ခဏတာအချိန်လေးအတွင်းမှာပင် ချီးမွမ်းမူကိုနှစ်သက်၍ သာယာမူဖြစ်သည်။

ကဲ့ရဲ့မူကြောင့် ဒေါသဖြစ်သည်။ခဏတာသာဖြစ်သည်။

ချီးမွမ်းတာကိုသဘောကျရင် သူများသဘောကျအောင် လုပ်တဲ့သဘောဖြစ်သွားပြီ။ငါဘယ်လိုလုပ်လျှင်သူများချီးမွမ်းမလဲ ဆိုတာစဉ်စားနေရပြီး ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် မဟုတ်တော့ဘူး။သူများချီးမွမ်းတာခံရဖို့အတွက်  လိုက်လုပ်နေရသလိုဖြစ်နေပြီ။သူများစိတ်နဲ့ကိုယ့်ကိုကိုယ် ဖြစ်နေပြီ။အဲဒီတော့စိတ်မှာ မလွတ်လပ်တော့ဘူး။

ထိုအတူူ ကဲ့ရဲ့မူတွေကြုံရပါများနေရင်လည်း ရှေ့ဆက်မတိုးရဲတော့ဘဲ၊တွေဝေသွားတတ်ပါတယ်။

မိမိရင်ထဲ၌ အမှန်တရားကို အရင်ဦးဆုံးမွေးဖွားပါ။ပြီးလျှင် မိမိ၏ခံယူချက်အတိုင်း ရှေ့သို့သာလှမ်းပါ။အဲဒီမှာ ချီးမွမ်းမူတွေကဲ့ရဲ့မူတွေကို ထဲ့ပြီးမစဉ်းစားပါနဲ့တော့ မိမိယုံကြည်ချက်တိုင်းသာ ဆက်လက်ဆောင်ရွက်ရန်သာဖြစ်သည်။

တရားစခန်းတခုမှာ ဆရာတော်က မြန်မာလူမျိုးတွေက သူများအကြောင်းကို အင်မတန်ပြောတတ်ကြတယ်တဲ့။သူတပါးကိုကြည့်ပြီးပြောတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါတဲ့။မိမိရဲ့ ခန္တာကိုတော့ ပြန် မကြည့်မိ တာများပါတယ်တဲ့။

ကဲ့ရဲ့ခံရတာ ပုထုဇဉ်လူသားမှမဟုတ်၊မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်လည်း ကဲ့ရဲ့ခြင်းခံရပါတယ်တဲ့။

ကဲ့ရဲ့တာကိုဘယ်လိုမှသဘောမထားဘဲ၊ ကိုယ့်စိတ်ကိုယ် တည်တည်ငြိမ်ငြိမ်၊အေးအေးချမ်းချမ်းနဲ့ကိုယ်လုပ်သင့်တဲ့အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်းလုပ်နိုင်မှသာ စိတ်ဓါတ်ရင့်ကျက်တဲ့သူလို့ခေါ်နိုင်ပါတယ်။

ငါလုပ်နေတဲ့အလုပ်ဟာအကျိုးများသလား။အများအတွက်အကျိုးရှိတဲ့အလုပ်တွေလုပ်နေသလား။ဒါမှမဟုတ် အများအတွက် ကိုယ်ကျိုးစွန့်ပြီးလုပ်နေသူတွေကို တဖက်တလှမ်းက ကူညီနေပါသလား။

If I devalue you, I devalue myself.

သူ့ ဂုဏ်ကိုနှိမ့်က ကိုယ့်ဂုဏ်နှိမ့်၏။

သူများအကြောင်း အကောင်းတွေးပါ။

Think good of the other,and you are actually thinking good about yourself.

သူများမှာရှိနေတဲ့ ကောင်းတဲ့ ဂုဏ်ကို ကိုယ်က တန်ဖိုးမထားနိုင်ရင်၊အသိအမှတ် မပြုနိုင်ရင် အဲဒီလိုဂုဏ်မျိုး၊အဲဒီလို အရည်အချင်းမျိုးကိုယ်မှာမရှိလို့ ပဲဟုယူဆရပါမည်။

  • ကိုယ်ဆုံးဖြတ်တာဟာ သူများကို React လုပ်တာ၊တုန့်ပြန်တာ၊ပတ်ဝန်းကျင်ကို React လုပ်တာ၊တုန့်ပြန်တာ မဖြစ်သင့်ဘူးနော်။ Reaction တုန်ပြန်မူဆိုတာ  ဉာဏ်မပါဘူး။(automatic) ဖြစ်တာ အလိုအလျှောက် တုန့်ပြန်တာ ဉာဏ်မပါတာများတယ်။အဲသလို ဉာဏ်မပါဘဲနဲ့ သတိမပါဘဲနဲ့ အလိုအလျှောက် တုန့်ပြန်နေလို့ရှိရင်မှားတာများပါတယ်တဲ့။
  • Action,Reaction,Response

Action ဆိုတာကတော့ ဘယ်သူကမှ ခိုင်းလို့မဟုတ်ဘူး။မိမိ တစ်ခုခု လုပ်ချင်တဲ့အခါမှာ သေသေချာချာ စဉ်းစားပြီးတော့ လုပ်သင့်တယ်လို့ ယူဆပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုကတာဟာ ကိုယ့်ရဲ့ Action ပဲ ဖြစ်တယ်။

Reaction ဆိုတာက သူများတစ်ခုခုလုပ်လို့ ကိုယ်က တစ်ခုခု ပြန်လုပ်လိုက်တာ။သူ့ကိုပြန်တုန့်ပြန်လိုက်တာ  Reaction ကသတိမပါပဲ ဉာဏ်မပါပဲ တုန့်ပြန်တာဖြစ်လို့ မကောင်းဘူး။

Response ဆိုတာကတော့ ဖြစ်နေတဲ့ အခြေအနေကို သိတယ်။သိပြီးမှ အခြေအနေနဲ့ ကိုက်အောင် အကောင်းဆုံးဖြစ်အောင် ဉာဏ်နဲ့ ယှဉ်တွဲပြီး လုပ်တဲ့ အလုပ်ဖြစ်တယ်။

မြင်သမျှ၊တွေသမျှ၊ကြားသမျှ တွေကို Reaction လိုက်လုပ်နေရင် ကိုယ်တကယ်လုပ်ရမယ့် အလုပ်တွေမှာ နှောင့်နှေးမူတွေ ဖြစ်လာနိုင်ပါတယ်။

အကောင်းဆုံးတွေကိုလုပ်မယ်။မိမိ ဘဝအတွက် မူဝါဒ တစ်ခု ချမှတ်မယ်။

”Honesty is the best policy.”

ရိုးသားမူဟာ အကောင်းဆုံးမူ ဖြစ်တယ်။

ရိုးသားမူ မရှိရင် ယုံကြည်မူ ကိုမရနိုင်ပါဘူး၊ယုံကြည်မူကို မရရင် ရေရှည်အောင်မြင်မူဆိုတာကိုမရနိုင်တော့ပါဘူး။

ဘွဲံကြီးကြီးရှိရုံနဲ့ အများအကျိုးကိုထိထိရောက်ရောက် မဆောင်ရွက်နိုင်ပါဘူး၊မှန်ကန်တဲ့ ခိုင်မာတဲ့ မူကို အခြေခံထားပြီး စိတ်ဓါတ်အင်အားကြီးမားတဲ့သူမှသာ အဆင့်မြင့်တဲ့ခံယူချက်၊ပြတ်သားမူ၊ရိုးသားမူတွေ ရှိမှထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာပါ။

တန်းဖိုးထားမယ်။

ဘွဲတွေ၊ရာထူးတွေ ဆိုတာ ပြင်ပ အရာတွေဖြစ်တယ်။ခံယူချက်တွေက အတွင်းကလာတာဖြစ်တယ်။အတွင်းအင်အားမရှိပဲ အဆင့်မြင့်တဲ့ အလုပ်ကိုမလုပ်နိုင်ပါဘူး။

I look at life with clear vision based upon spiritual truth.

အမှန်ကိုအမှန် အတိုင်းသိမြင်နိုင် ကြပါစေရန် ရည်ရွယ်ပါသည်။

5 comments

  • hello! everybody

    February 7, 2011 at 12:09 pm

    ကောင်းပါတယ်၊လေ့လာမှတ်သားပြီးလိုက်နာကျင့်သုံးနှိုင်ကြပါစေဗျာ။

    Reply

  • PaukPhaw

    February 7, 2011 at 1:09 pm

    “မှားတာကို မှားတယ်လို့ သိဖို့ သိပ်အရေးကြီးပါတယ်။မှန်တာကို မသိတာထက် မှားတာကို မှန်တယ်လို့ ယုံကြည်တာက ပိုဆိုးပါတယ်။” like

    အမှန်ကို အမှန် အတိုင်း သိအောင် ကြိုးစားပါ့မယ်..
    ကျေးဇူးတင်တယ်နော်

    Reply

  • manawphyulay

    February 7, 2011 at 1:27 pm

    ဒါပေါ့ ဒါပေါ့……………. ဘယ်သူတွေ ဘယ်လိုပင် ဝေဖန် စိတ်ထဲ ထားတတ်ဖို့အရေးကြီးဆုံးပါပဲရှင်။ နားလည်မှု ခွင့်လွှတ်သည်းခံမှု အမှား အမှန် ချိန်ပြီး အသိတရား စိတ်မှာကပ်လို့ နေနိုင်ဖို့က အဓိက ကျလှပါတယ်။

    Reply

  • nyimalay

    February 8, 2011 at 4:29 am

    ဒီပိုစ့်လေးကိုဖတ်ရတာ ဒီနေ့အတွက် အရမ်းကိုအကျိုးရှိသွားပါတယ်….. ကိုဇော်မင်းကိုအရမ်းကျေးဇူးတင်ပါတယ်…..

    အရမ်းကြိုက်ပါတယ်။ :thanks

    Reply

  • zaw min

    February 8, 2011 at 6:13 am

    ဟုတ်ကဲ့ ကျွန်တော်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။အသိပညာ ဆိုတာ လူတိုင်း လူတိုင်းအတွက် လက်ဆင့်ကမ်းပေးဖို့၊မိမိ သိတာလေးတွေကို မျှဝေပေး နိုင်ခြင်းသည်လည်း မင်္ဂလာတစ်ပါးပါပဲလို့ ယူဆ မိပါတယ်။

    Reply

Leave a Reply to nyimalay Cancel Reply

Your email address will not be published.