၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများ အမှန်တကယ် ချထားပေးမည် ဖြစ်သော်လည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

NoMoreFebruary 6, 20111min08
Photo

ဇန်နဝါရီ ၃၁ ရက်တွင် ချထားပေးရန် စီစဉ်ထားသော ကြိုတင် ငွေပေးချေကဒ် စနစ်သုံး ၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းများကို အမှန်တကယ် ချထားပေးသွားမည် ဖြစ်သော်လည်း ကြိုတင် ငွေပေးချေကဒ်များ အဆင်သင့် မဖြစ်သေး၍ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ဇန်နဝါရီ ၃၁ ရက် လွှတ်တော်ခေါ်ယူမှု အထိန်းအမှတ် အဖြစ် ကြိုတင် ငွေပေးချေကဒ် စနစ်သုံး ၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းတွေကို ယင်းနေ့မှာ ချထားပေးဖို့ စီစဉ်ခဲ့တာပါ။ “ချထားပေးဖို့ အစီအစဉ်ကို လုံးဝ ဖျက်သိမ်းလိုက်တာမျိုးတော့ မဟုတ်ဘူး” လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိ တစ်ဦးက ပြောပါတယ်။ အဆင့်ဆင့် တင်ပြမှုတွေအရ သုံးစွဲသူ များပြားလာနိုင်တဲ့ ၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းတွေအတွက် ကြိုတင် ငွေပေးချေကဒ် အလုံအလောက် ထုတ်လုပ်ဖို့ အတွက်တော့ အခက်အခဲ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ ကြိုတင် ငွေပေးချေကဒ်တွေ ရောင်းချပေးဖို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ၎င်းတို့ အနေနဲ့ လက်ရှိမှာ မက်စ်ဝဲလ် (McWiLL) အတွက် ထုတ်လုပ်နေတဲ့ ကြိုတင် ငွေပေးချေကဒ်များပင် လုံလောက်အောင် မထုတ်လုပ်နိုင်သေးကြောင်း ပြောပါတယ်။ ရတနာပုံ ဝဘ်ပေါ်တယ် အနေနဲ့ ကြိုတင် ငွေပေးချေကဒ် စနစ်သုံး ၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းများ ပြန်လည် ချထားပေးမယ့် နေ့ရက်ကို မေးမြန်းရာမှာတော့ ချထားပေးဖို့ သေချာသော်လည်း ရက်အတိအကျ ပြောနိုင်ဖို့ အတွက်မူ အခက်အခဲ ရှိနေသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းဌာနမှ ပြန်လည် ဖြေကြားပါတယ်။

from ရတနာပုံသတင်း

8 comments

  • intro

    February 6, 2011 at 1:56 pm

    အင်း… ဝယ်လိုအားတွေ အရမ်းများနေတယ် ထင်ပ၊ ဈေးကွက် ဝင်လုနိုင်ရင် ကောင်းမယ်… နောက်တစ်ယောက် မရှိတော့ဘူးလား

    Reply

    • etone

      February 7, 2011 at 6:48 am

      နောက်တစ်ယောက်က ရှိပါတယ် … သူတို့ သာပေးမလုပ်တာ ။

      Reply

  • nyimalay

    February 6, 2011 at 2:06 pm

    ကြည့်ရတာ ကိုကိုအင်က စီးပွားရေးနဲ့ကျောင်းပြီးတယ်ထင်တယ်….
    ဝယ်လိုအားရောင်းလိုအား ဆိုတဲ့ စကားလုံးကိုအားကြီးသုံးတယ်….. 🙂

    ကြာလေကောင်းလေပဲ ….
    ပိစိကွေး ဝယ်ချင်လို့ ပိုက်ဆံစုနေတာ နှစ်သောင်းရနေပြီ 😛

    Reply

  • naywoonni

    February 6, 2011 at 3:29 pm

    ငါ့မှာ လေးထောင်ရှိတယ် ပိစိကွေးရေ… နှစ်ယောက်ပေါင်းတော့ နှစ်သောင်းလေးထောင်ပေါ့.. နော့ ဒါဆိုတော်တော်နီးစပ်ပြီ။ ………. 😛

    Reply

  • no name

    February 6, 2011 at 6:43 pm

    အနီးစပ်ဆုံး အိမ်နီးချင်း ထိုင်း နိုင်ငံကိုကြည်.ရင် GSM ဖုန်းတစ်လုံးကိုင်ချင် မြန်မာငွေ ၂ သောင်း ၃ သောင်းဆိုရင်တောင် ရနေပါပြီ။ ကျနော်တို.တိုင်းပြည်မှာ ဆက်သွယ်ရေးစနစ် အရင်ထက်ကောင်းလာတာကို ကြိုဆိုပေမယ်. ၁။ လူတိုင်းအသုံးပြုနိင်တဲ. ဈေးနှုန်းဖြစ်စေရန်..၂။ ဆက်သွယ်ရေးလိုင်းပိုမိုကောင်းမွန်စေရန် (လူကြီးမင်းနဲ.တိုးမှာစိုးလို.)…..လိုအပ်နေပါသေးတယ်။ ဒီလိုတွေဘာကြောင်.မဖြစ်လဲဆိုတော. ဈေးကွက်ကို တစ်ဦးတစ်ယောက် (သို.) အဖွဲ.အစည်းတစ်ခုတည်းက ချုုုပ်ကိုင်ထားသည်.အတွက် အရာရာ ကို သူတို.သဘောအတိုင် း လုပ်ခွင်.ရနေပြီး အမျိုးသားစီးပွားရေးလုပ်ငန်းရှင်များအား အပြိုင်အဆိုင်အနေဖြင်. လုံးဝ ဝင်ခွင်.မပေးပဲ ဆက်သွယ်ရေးစနစ်ကို ချုပ်ကိုင်ထားခြင်းပင်………..တကယ် ဈေးကွက်ကို ်အပြိင်အဆိုင် လုပ်ပိုင်ခွင်.ပေးရင် ဖုန်းဈေးဒီထက် သက်သာမယ်ထင်ပါတယ်။

    ….မန်းလေဂေဇက်မှာ ပို.(စ်)တွေတင်ပြီး ပွိုင်.များစုကာ ဖုန်းဝယ်ရန်ကြိုးစားနေသူ ဖြစ်ပါသည်။…

    Reply

  • phantom

    February 7, 2011 at 7:45 am

    တစ်ဦးတစ်ယောက်တည်းက ချုပ်ကိုင်ထားတယ်လို့ ဘယ်သူပြောလဲ တစ်မျိုးတစ်ဆွေလုံးချုပ်ကို်င်ထားတာ လာမပြောနဲ့ ဟွန်း ရွှေရွှေတို့က ဒါတို့ပြည် ဒါတို့မြေပဲ မကျေနပ်ရင် အိမ်ပေါ်ကဆင်း ဒုက္ခသည် စခန်းမှာနေ Nကိုင်ရာရဲ့ ကိုယ်ပိုင်တဲ့ ကိုယ့်နေရာသီချင်းလေးဆိုပြီး ဘဲလေးတောင်ကပြလိုက်ဦးမယ် ဒါပဲနော် နောက်ဆို တစ်ဦးတစ်ယောက်လို့မပြောနဲ့ တရားစွဲလိုက်မှာ သွားလူဆိုး

    Reply

  • intro

    February 7, 2011 at 12:35 pm

    အော် phantom ရယ်… ရွှေရွှေတို့က ကိုယ့်ပိုင်တဲ့ ကိုယ့်နေရာ တဲ့လား? အင်း၊ ဟုတ်မှာပေါ့လေ… လုပ်ချင်သလို လုပ်နေကြတာ… မသိရင် မြန်မာနိုင်ငံက research area ကြီးကို ဖြစ်လို့… GSM လာလိုက်၊ CDMA လာလိုက်၊ ကမ်းရိုးတန်းလာလိုက်၊ နေပြည်တော် လာလိုက်၊ သိတ်မကြာခင်က မက်ဝဲလ် ဆိုလား ဖုန်း ဆိုလား မသိဘူး၊ တရုတ်က စမ်းသပ်ချင်ရင် ဒီမှာ လာစမ်းသပ်၊ ဒါကိုပဲ ဒီက လူတွေက ဈေးကြီးကြီး ပေး ပြီး ဝယ်သုံး၊ ကြားထဲက ဆက်သွယ်ရေးက ဝန်ထမ်းတွေက သူဌေးဖြစ်၊ လုပ်ပိုင်ခွင့်ကို ကျတော့ သူတို့ထဲက လူကိုပဲ ချပေး… အင်း တော်တော်လေး လဲ တရားကျစရာ ကောင်းတယ်… အင်တာနက် ကော်နက်ရှင်ဆိုရင်လဲ … အင်း မပြောချင်တော့ပါဘူး၊ အကုသိုလ်များလို့

    Reply

  • ဆူး

    February 9, 2011 at 2:35 pm

    ၃သိန်းဖုန်း ပေါ်လာနိုင်မယ်ဆို.. ကဲ သိတဲ့သူတွေ ပြောပါအုန်း.. ဒါဆို ပိုက်ဆံ စုတဲ့ လူတွေ ပိုက်ဆံ ခဏလေး ပြည့်မှာပေါ့

    Reply

Leave a Reply to phantom Cancel Reply

Your email address will not be published.