အရေးပေါ်မှ အရေးပေါ်ပါ

moethidasoeFebruary 6, 20111min05

အရေးပေါ် ဆိုတာ ဖုန်းမှာဆို ၁၁၉ သို့မဟုတ် ၉၁၁ ပေါ့ ..  တကယ် အရေးပေါ်တာ မဟုတ်ပဲ ခေါ်ရင် အပြစ် ရှိတယ် ..

ရထားမှာလဲ အရေးပေါ် ချိန်းကြိုး ရှိတယ် .. အရေးမပေါ်ပဲ ဆွဲရင် ထောင်ဒဏ်နှင့် ဒဏ်ငွေ ဘယ်လောက် ဆိုတာကို ရေးထားတာ ဖတ်ခဲ့ဘူးတယ် ..

အခု ရေးမယ့် အရေးပေါ်က ကာကွယ်ရေး မလုပ်ခဲ့ပဲ လွန်လွန်ကျူးကျူး  ဆက်ဆံကြလို့ ကိုယ်ဝန်ရလာမှာ စိုးတဲ့အခါ သုံးဖို့ နောက်ပိုင်း ပေါ်လာတဲ့ ဆေး ..

ဈေးကွက်ထဲမှာ ဆေးဆိုင်မှာ .. ကွမ်းယာဆိုင်မှာတောင် ရနိုင်တဲ့ ဆေးပါ .. သူ့ကိုလဲ အရေးပေါ် လို့ ရေးထားတယ်နော် .. တကယ် အမှတ်မထင် တွေ့မိလိုက်လို့ ရှိရင် သုံးဖို့ ..  ခဏခဏ  ပါရာစီတမောလို သောက်လို့ရတဲ့ ဆေး မဟုတ်ဘူး ..

ဒါပေမယ့် လူတွေ တလွဲ သုံးလာကြတယ် .. ခဏခဏ အရေးပေါ်နေကြတယ် .. တကယ်တမ်းကြတော့ ခဏခဏ လွန်ကျူးကြမယ်ဆိုရင် ရေရှည်ခံတဲ့ ထိုးဆေး သုံးပါလား .. ဒါမှမဟုတ် ဆရာဝန်ဆီမှာ ဆေးထိုးတဲ့အခါ လူသိသွားမှာကို စိုးရင်လဲ သောက်ဆေး ရှိသားပဲ ..

အခုတော့ တကယ့်အချိန်မှာမှ သုံးရမယ့် ဆေးကို ပဲကြီးလှော်လို သုံးကြတာ သိပ် မကောင်းဖူး ..

အရေးပေါ်သုံးတာမို့လို့ .. ရံဖန်ရံခါမှ သုံးရမှာမို့လို့ .. နောက်ပြီး သေချာအောင် လုပ်ရတာ မို့လို့ .. ဆေးပမာဏ တော်တော်များများ ထည့်ထားတယ် .. အဲဒါကို သာမန်ဆေးလို ထင်နေကြပြီး ခဏခဏ အရေးပေါ်နေကြရင် ဆေးရဲ့ ဆိုးကျိုးကို မကြာခင် ပြလာမှာမို့လို့

ခဏခဏ အရေးမပေါ်ကြပါနဲ့လို့ မှာလိုက်ပါရစေ ..

5 comments

  • bigcat

    February 6, 2011 at 5:16 am

    စော်ကလေးနဲ့
    ပျော်ဆေးဖေါ်
    တူနှစ်ကိုယ်
    နတ်ပြည်တက်..
    ဆောင်ထားပါ
    နေ့တိုင်းသုံး
    ကွန်ဒုံးကွဲ့
    မှတ်ထားပါ..
    မတော်တာ
    နေ့တိုင်းမေး
    အရေးပေါ်
    အလျော်ပေး..

    Reply

  • cobra

    February 6, 2011 at 8:11 am

    တကယ်သုံးသင့်တာကကိုကြောင်ကြီးပြောသလိုကွန်ဒုံးပါ
    အရေးပေါ်တားဆေးတွေဟာ ၁လကိုကြိမ်ထက်မသုံးသင့်ပါဘူး
    သားအိမ်ကိုအလွန်ထိခိုက်တတ်ပါတယ်
    အဆိုးဆုံးကတော့
    ကိုယ်ဝန်မရနိုင်တော့တာပါပဲ
    အခုခေတ်လူငယ်တွေက
    နားလည်တဲ့သူများပါတယ်
    ကိုယ့်ရည်းစားနဲ့ဆိုကွန်ဒုံးမသုံးဘူး
    ကလပ်တက်ကြလို့ဇယားကပ်ရင်ခေါ်ကြတယ်
    ကလပ်ကစော်တွေကြတော့သူတို့ကြောက်ကြတယ်လေ
    ကွန်ဒုံးသုံးကြတယ်
    သူတို့ပြောပြောနေတဲ့စကားတခွန်းရှိတယ်
    ဘာရယ်..
    တလွှာခြားရင်တကမာခြားသလိုပဲတဲ့…..
    အရသာခံတတ်နေကြတာလူငယ်တွေက…

    Reply

  • naywoonni

    February 6, 2011 at 11:24 am

    အဲဒါတော့ အမှန်ပဲဗျို့ ကိုမြွေဟောက်ရေ..။ ဇာပုဝါ တစ်လွှာ မခြားချင်ဘု ဆိုတာ အဲဒါကိုပြောတာဖြစ်မယ်ဗျ ။

    Reply

  • naywoonni

    February 6, 2011 at 11:57 am

    ကျွန်တော် တွေ့ဖူးတဲ့ အရေးပေါ် ဆေးတစ်မျိုး ရှိသေးတယ် ဗျို့ ….. ပိုးသတ်ဆေးတစ်မျိုး ရောဂါကာကွယ်ဆေးပေါ့ဗျာ ဆေးနာမယ်ပြောလိုက်ရင် လိုက်စမ်းကြည့်ကုန်မှာစိုးလို့ မပြောတော့ပါဘူး။ အဲဒိဆေးကို တစ်ကယ် ရောဂါ ဖြစ်နေတဲ့ သူကို တိုက်သလို 4 -4-2 ကို အခြားဆေးတစ် မျိုးနဲ့ တိုက်လိုက်ရင် သုံးလေးလ ရှိနေတာတောင်မှ စိတ်ချရသတဲ့။ သဘောက သာမာန် ဟိုဒင်း ဖြစ်သလိုပဲတဲ့။ ပျက်ကျ သွားတာမျိုး မဟုတ်ဖူးပေါ့။ အဲဒိထက် လရင့်ရင်တော့ ပျက်ကျသလို သိသာတယ်တဲ့။ အဲဒါကတော့ ပိုးသတ်ဆေး ပါတဲ့ အတွက် အားအလွန် ကုန်ပါသတဲ့ ကျန်တဲ့ ဆိုးကျိုးလေးတွေ ရှိရင်လည်း ပြောပြပေးပါဦး။

    Reply

  • moethidasoe

    February 6, 2011 at 3:43 pm

    ဆရာနေဝန်းနီ .. မလုပ်လိုက်ပါနဲ့ .. နဂိုကတည်းက တွေ့ကရာ စမ်းချင်ကြတာ ..
    ကေသီပန်ဆိုရင် သောက်သမားတွေ ၈ ထုပ်လောက် သောက်ကြတယ် .. မျော့နေအောင် ခံရတာ ဆေးရုံတောင် ရောက်တယ် ..

    Reply

Leave a Reply

Your email address will not be published.