ကျနော်နှင့် အကြားအမြင် ရ အနာဂါတ်ဟောသူများ

fattyFebruary 3, 20111min05

ကျနော် ဗေဒင်ကိုတော်တော်လေး လေးစားပါတယ်။ လောကမှာ အောင်မြင်နေသူတွေ အများစုဟာ ဗေဒင်မမေးဖြစ်ကြပါဘူး။ ကျဆုံးပြီ ဆိုတော့မှ ဗေဒင်ဆရာဆီကိုအပြေးလေးပြေးကြတာပါ။ ကျနော်ကတော့ ဝါသနာကိုကပါတော့လေ့လာပါတယ်။ လေ့လာတာက ပညာကိုလေ့လာတာမဟုတ်ပါဘူး ဗေဒင်ဆရာတွေဆီခဏခဏရောက်တာပါ။

အရင်က ကျနော့ပိုစ်တခုမှာ ရေးပြီးသားလို့ထင်ပါတယ် ဒါကြောင့် အတိုဘဲချုံးပါမယ် ..။ ကျနော့ကို ပါဒကြီးဘုရားထဲက ဆရာတယောက်က ခင်ဗျားကားတိုက်လိမ့်မယ်တဲ့ သတိကြီးကြီးထားပါတဲ့ ဟောလိုက်သဗျ။ ရန်ကုန်က ဆရာ၂ ဦးလောက်ကလဲ ဟောတယ်ဗျ ဒါနဲ့ နောက်ဆုံးတော့ ကိုယ်တိုင် မမောင်းရဘဲ သူများမောင်းတဲ့ကား စီးရင်းတိုက်ပါလေရော ကံကောင်းလို့မသေတာပေါ့ ကျနော့ခါးနောက်က ၂ လက်မလောက်အကွာမှာ တဘက်ကားက သံချွန်

5 comments

  • moethidasoe

    February 4, 2011 at 3:42 am

    ကိုဖက်တီး .. လှိုင်သာယာဖက်မှာ အမေဂျမ်း ဝင်ပူးဟောတဲ့ မိန်းမကြီးရှိသေးတယ်လို့ သွားမေးဖူးသူတွေ ပြောတယ် ..

    Reply

    • etone

      February 4, 2011 at 4:48 am

      ဟုတ်လား အစ်မရေ .. ။ ဘယ်နားမှာလဲ ။ လှိုင်သာယာဆိုလို့ မေးကြည့်တာ etone တို့ အလုပ်လုပ်တဲ့ စက်ရုံကလည်း အဲ့ဒီမှာ ဆိုတော့ …။

      Reply

  • bigcat

    February 4, 2011 at 5:57 am

    အီးတုံးလေး.. စိတ်ဝင်စားရင် ကိုကြောင်ဆီကို ရှေ့နောက်ဝဲယာထိုင်ထလဲလျောက် တကိုယ်လုံး ကာလာပုံ ရှစ်ပုံပို့ပေးလိုက်။ သေသေချာချကြည့်ပေးမယ်။

    Reply

  • ဆူး

    February 4, 2011 at 3:16 pm

    အနာဂါတ် ဟောတာတွေ သိချင်တယ်လား အီးတုံးလေး.. ဘာသိချင်လဲပြော.. အတတ်ဟောလိုက်မယ်။ အီးတုံး ဆိုတာ မိန်းခလေး ဟုတ်ရဲ့လား.. မှန်မှ မှန်တယ် ပြောနော်။ မဟုတ်ရင် လုံးဝ ဝန်မခံနဲ့.. ကြားလား အီးတုံး.. 😉

    Reply

  • kai

    February 4, 2011 at 6:12 pm

    ကဲ..ယတြာအကြောင်းပြောပြမယ်..။
    ဒီမှာ ..ဒီစာဖတ်တဲ့သူတိုင်းလုပ်ရမဲ့ယတြာ…။ အောင်မြင်တိုးတက်ချင်ရင်လုပ်ရမှာ…။တိတိကျကျပြောရရင်တော့ ..နိုင်ငံခြားသွားအလုပ်လုပ်ဖြစ်စေတဲ့..ယတြာပါ..။ကျုပ်ကိုယ်တိုင် လုပ်ခဲ့တာ..။လွယ်တယ်ထင်ရသလောက် အရမ်းစွမ်းတယ်..။

    ဒီလို..
    အိမ်ရှေ ့မှာ .. ပေ၂ဝရှည်တဲ့.. တနင်္ဂနွေနံအပင်ရှိတယ်မဟုတ်လား..
    မရှိရင်.. စိုက်ရမယ်..။စစိုက်တဲ့နေ့မှာရွေတိဂုံစေတီရဲ့ ကိုယ်မွေးနေ့နံရဲ့ဂြိုလ်တိုင်သွားပြီး သစ်သီး ၂လုံး ပန်း၆ပွင့်ကို .. ကပ်ရမယ်..။ ဘုရားဂုဏ်တော်အာရုံပြုရင်းနဲ့.. အရဟံ။အရ,ဟံ၊ အ, ရဟံ ၈၉ခေါက်စီရွတ်ရမယ်။ နေမွန်းမလွဲခင် အပြီးရွတ်ရမယ်..။

    ( နိုင်ငံခြားသွားရမှာဆိုတော့ ..မြန်မာပြည်အပြင်ရောက်နေသူတွေ မလုပ်သင့်ပါ။ တခြားနိုင်ငံပြောင်းရမှာမို ့ဖြစ်ပါတယ်..)
    (မရှင်းရင် မေးပါ..)

    Reply

Leave a Reply

Your email address will not be published.