အရွဲ့ တိုက်ပုံများ

ဆူးFebruary 2, 20111min010


တခါတုန်းက အီတလီနိုင်ငံသူ အသိတယောက်ဆိုပါတော့ အလုပ်နဲ့ ပတ်သတ်ပြီး သိကြပြီး သူက အလုပ်ကိစ္စနဲ့ မြန်မာ ကို ခဏခဏ ရောက်ပေမဲ့ တခါမှ မလည်ဘူးဘူး ဆိုပြီး ပိတ်ရက်အလုပ်တွေ နားတော့ သူရှိစုမဲ့စု ပိုက်ဆံလေးတွေ စုပြီး ဒီကိုလာတယ်။ အမျိုးသမီး အချင်းချင်း ဆိုတော့ ဟိုနားဒီနား လိုက်ပြတယ်။ ဘုရားတို့ ဘာတို့ နေရာစုံအောင်တော့ ပြလိုက်တာဘဲ။ သူပြောတာနားလည်ပေမဲ့ သူနဲ့ ခွန့်တုံ့ပြန်ဖို့ ပြောနိုင်ဖို့ တော်တော် ခက်နေတယ်။ အီးမေးလောက်ဘဲ အမေး အဖြေ ပြန်တာဆိုတော့ အချိန်ရတာပေါ့။ ဒီလိုနဲ့ သွားလည်ပတ်ပြီး ကျိုက်ထီးရိုးကို လိုက်ပို့တယ်။ မသွားခင် အိမ်က မှာလိုက်တယ် ကားသမား နဲ့ စကားများ ရန်ဖြစ်တာမျိုး မဖြစ်စေနဲ့ မိန်းမတွေ ကြီးဘဲ သွားတာတဲ့။ လူကြီးတွေကတော့ သတိပေးတဲ့ သဘောပေါ့။ စိတ်ထဲမှာ ငါတို့က ဘာများ ဖြစ်နေလို့လဲ တွေ့ကရာလူ ရန်ဖြစ်လို့လား ဆိုတဲ့ အတွေးနဲ့ ဒေါကန်သွားတယ်။ ဒီလောက်တောင် ဖြစ်တာ ဘာစကားမှ မပြောဘူး ဆိုပြီ အမြင်ကတ်ကတ်နဲ့ အရွဲ့ တိုက်ပြီးသွားတယ်။
ငှားတဲ့ ကားကလည်း အရမ်းမောင်းတာ ကော်ရိုလာ ဗန် အမျိုးအစား ခေါင်းလောင်းမြည်လောက်အောင်ကို မောင်းတာ..ကားက အမြန်မောင်းလွန်းလို့ တိုက်မိမလို ခဏခဏ ဖြစ်တယ်။ ကားက ဟိုတိုး ဒီတိုး ဖြစ်တော့ စိတ်ထဲမှာ နည်းနည်းတော့ လန့်သလိုတော့ ဖြစ်သား…မတိုက်မိလို့ တော်သေးတာပေါ့။ ကားအရှေ့ခန်းမှာ အီတလီမ က ထိုင်ပြီး လမ်းဘေးတွေ ကြည့်လိုက် ဓါတ်ပုံရိုက်လိုက်ပေါ့။ ကားသမားကလည်း ဘိုလို မတောက်တခေါက်နဲ့ ရွီးတယ်။ သူတို့ လေပေးဖြောင့်နေတာဘဲ။ စိတ်ထဲမှာ ကသိကအောက်နဲ့ ဆိုတော့ ဘာမှ ပြောချင်စိတ်မရှိဘဲ မပြောဘဲ နေတာ ကားသမား မောင်းချင်သလို မောင်း မျက်စိမှိတ်ပြီး ဘုရားစာရွတ်သွားတာ.. ရန်ကုန် ရောက်တော့ အီတလီမ က ပြန်တိုင်တယ်။ သူတို့က အိပ်နေကြပြီး ကားသမား ခေါင်းလောင်းမြည်အောင် မောင်းတာ တခွန်းမှ မပြောဘူးတဲ့။ လူကြီးတွေက ဟုတ်လား လာမေးတော့ ဟုတ်တယ် ဒါပေမဲ့ အိပ်လိုက်ကြတာတော့ မဟုတ်ဘူး အကုန်သိတယ်။ ကားသမားနဲ့ စကားမများနဲ့ ဆိုပြီး မှာ လိုက်လို့ မပြောဘူး ဆိုပြီး တခွန်းမှ မပြေဘဲ ကိုနေလိုက်တာဘဲ လို့ ပြောလိုက်တယ်။

10 comments

  • Oo Oo

    February 2, 2011 at 3:10 pm

    ဟား..ဟား..ဆူးမတို့များအသက်နဲ့ရင်းပီးတော့ကိုအရွဲ့တိုက်တတ်တယ်နော်…မှတ်သားလောက်ပါပေ့

    Reply

  • ဆူး

    February 2, 2011 at 3:19 pm

    အဲဒီက တင်ထားတဲ့ မျောက်ပုံက တခြားမဟုတ်ဘူး အီတလီမ အကြောက်ပိုနေတဲ့ ပုံကို နမူနာ မြင်သာအောင် ပြထားတာ။

    Reply

  • naywoonni

    February 2, 2011 at 3:40 pm

    သူများကိုများ အဲဒိလိုလုပ်ရသလား မျျောက်နဲ့များနှိုင်းရတယ်လို့

    Reply

  • ဆူး

    February 2, 2011 at 3:48 pm

    နည်းနည်း အမြင်ကတ်နေလို့ပါ.. ကျိုက်ထီးရိုးရောက်တော့ ဟိုတယ်ထဲ ဝင်ပြီး ပြန်ထွက်လာတာ့ နှလုံးပြူးနဲ့ ထွက်လာလို့.. အမလေး မလုပ်နဲ့ ဆိုပြိး ဘလာစီယာ ဝတ်ခိုင်းရတယ်။

    Reply

    • etone

      February 3, 2011 at 3:52 am

      နှလုံးပြူးနဲ့ ထွက်လာပြ ီး ဘယ်သူ့ကို အရင် ချိန်လိုက်လဲ 😛
      အမြန်မောင်းတဲ့ ကားသမားကိုလား ။ ဘာမှမပြောပဲ အိပ်နေတယ်ဆိုတဲ့ ဆူးကိုလား 😀

      Reply

  • eros

    February 3, 2011 at 3:50 am

    တွေ့ဖူးသမျှထဲမှာ အီတလီမတွေက တော်တော်လေး လက်လန်တယ်။

    Reply

  • naywoonni

    February 3, 2011 at 5:12 am

    လက်လန်ရုံပဲလား ဒို့တော့ အပြင်မှာမတွေ့ဖူးပါဘူး ။ ရုပ်ရှင်တွေ vdo တွေထဲမှာပဲတွေ့ဖူးတယ်။

    Reply

  • nigimi77

    February 3, 2011 at 10:08 am

    ကောင်းဘွိုင်ကားတွေမှာ နှစ်လုံးပြူးနဲ ့ချိန်ရင် ကိုယ်လဲ ခြောက်လုံးပြူးနဲ ့ပြန်ချိန်တာပဲ။

    Reply

    • etone

      February 3, 2011 at 10:21 am

      ဆူးရေ ..သူ့ရှိသမျှ ထုတ်ကြွားနေပါလား…. ။

      Reply

  • ဆူး

    February 3, 2011 at 1:09 pm

    နှလုံးပြူး နဲ့ ဆိုပေမဲ့ နားလည်အောင် ခြိမ်းခြောက်လိုက်တယ်။ အဲဒီတုန်းက စကားက ရေရေလည်လည် သိပ်ပြောတတ်တာ မဟုတ်တော့ အဆင်ပြေသလို နားလည်အောင် ပြောလိုက်တာ။ သဘောပေါက်ပေါ့။
    ကျိုက်ထီးရီုး အတက် အဆင်း ကားနဲ့ တက်လို့ရတဲ့ အချိန်ပေါ့။ ခေါင်းခန်းက ပိုက်ဆံ ပိုပေးပြီး ထိုင်ကြတယ်။ ချောင်ချောင် ချိချိ ပေါ့။ ကားသမားက လေတွေ ပေါလိုက်တာ ဘာတွေ ပြောမှန်း တောင် မသိဘူး။ အစ မရှိ အဆုံး မရှိ လာပြောနေတာ အားနာတာနဲ့ အင်း အင်း လုပ်နေတာ.. ရုတ်တရက် အီတလီမ က ထပြီး မေးတယ် သူဘာပြောလဲတဲ့။ ဘာမှ မဟုတ်ပါဘူး ဖြေလိုက်တော့ ဒေါပွတဲ့ ပုံစံနဲ့ သူဒီလောက် စကားတွေ အများကြီး ပြောနေတာ ဘာလို့ မပြောရတာလဲ။ ဒီတော့ စိတ်ပေါက်ပေါက်နဲ့ ဖြေလိုက်တယ်။ he said so many words, but i don’t know what he say. I say just only yes. အဲဒီလို ဖြေလိုက်ပြိး နောက် ကားသမားလည်း တခွန်းမှ စကားမပြောတော့ဘူး။ ကားသမားတော့ နားလည်မယ်တော့ မထင်ပါဘူး။ နှစ်ယောက်သား ဒေါပွပြီး ပြောလို့ ငြိမ်သွားတာလား မသိပါဘူး။

    Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.