မိကျောင်းက မြစ်ကို ဖြတ်ကူးရန် ရေမြင်း၏ ကျောပေါ်မှ နေ၍ လမ်းကြုံလိုက်စီး

nyimalayFebruary 1, 20111min02

အဲဒီလိုခေါင်းစဉ်ကို ဖတ်လိုက်မိတဲ့အခါ ပြက်လုံးထုတ်တယ်လို့ ထင်မှာပဲ။ တန်ဇန်းနီးယားနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဖော်ပြပါဓာတ်ပုံတွေကိုကြည့်လိုက်ပါ။

ဒါဟာ တကယ်ဖြစ်ခဲ့တယ်။ မိကျောင်းတစ်ကောင်ဟာ အဲဒီလိုမျိုးအပျင်းထူတဲ့အလုပ်ကို လုပ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ သူကလည်းအပျင်းထူတာမဟုတ်ပါဘူး။

ရေမြင်းတွေ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေတဲ့အကြားမှာ သူ့ခမျာ ညပ်သွားရှာရတာပါ။ ဒါပေမဲ့ သူက ““လူပါး”” (အဲလေ၊ မိကျောင်းပါး)ပဲ။

ဘယ်ရမလဲ သူက ခွန်အားအကြီးဆုံးပါး”ရေမြင်းရဲ့ ကျောပေါ်ခုန်တက်ပြီး မြစ်တစ်ဖက်ကမ်းကို လိုက်ပါသွားတော့တာပေါ့ ။

အဲဒီ ကြံကြံဖန်ဖန်ဓာတ်ပုံတွေကို ဗြိတိသျှလူမျိုး တောလမ်းညွှန်မက်ဂျွန်ဆင်ဆိုသူက လူကုလာဒေသအနီး လူဝီဂိုမြစ်အတွင်းမှာ ရိုက်ကူးထားတာပါ။

*** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။

2 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 1, 2011 at 11:14 am

    မယုံနိုင်စရာဆိုလို ့ပြောရဦးမယ်
    အောင်ပုငယ်ငယ်တုန်းက
    လေးတန်းအောင်ပြီး လေယာဉ်ပျံမောင်းသင်တုန်းက
    အောင်ပုတို ့ရွာမှာက လေးတန်းအောင်ရင် လေယာဉ်ပျံမောင်းမဖြစ်မနေသင်ရတယ်
    မသင်ချင်သင်ချင်နဲ ့ပေါ့
    F16 နဲ ့
    ပေရှစ်သောင်းကျော်ကျော်လောက်အရောက်မှာ
    အမှတ်မထင် နောက်ကို လှည့်ကြည့်လိုက်တော့
    သကြားမင်း အဖိုးကြီးတစ်ယောက်
    လမ်းကြုံလို ့လိုက်မယ်နော်တဲ့
    နတ်အိုကြီးဆိုတော့ ဘာမှမပြောတော့ပါဘူး

    Reply

  • juttue.gyi

    February 1, 2011 at 4:18 pm

    ကြံကြံဖန်ဖန်နော် ရိုက်တဲ့ သူကလည်း ရိုက်တတ်ပါပေတယ်။

    Reply

Leave a Reply to juttue.gyi Cancel Reply

Your email address will not be published.