မြေမြှုပ် သင်္ဂြိုဟ်ခါနီးဆဲဆဲကျမှ အခေါင်းထဲကထလာ

nyimalayFebruary 1, 20111min04

ဘရာဇီးနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ဆေးရုံသို့ရောက်ရှိလာချိန်၌ သေဆုံးသွားပြီဟု သတ်မှတ်ခံရသည်။ ဆရာဝန်များက

မာရီယာဒါဒိုးကွန်ဆေးကော်(၈၈နှစ်)ကို သေဆုံးပြီဖြစ်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်း၌

သွေးပေါင်တက်ကာ သွေးကြောပိတ်ခြင်းဖြစ်ကြောင်း ရေးသားကာ သချုႋင်းရှိအဆောင်သို့ပို့ခဲ့သည်။ အခေါင်းထဲသို့ထည့်ကာ

အလောင်းအားပြင်ဆင်နေစဉ် သချုႋင်းမှ အလုပ်သမားတစ်ဦးက အမျိုးသမီး၏ လှုပ်ရှားမှုနှင့် အသက်ရှူမှုကို တွေ့လိုက်ရသည်။

ထို့ကြောင့် ဆရာဝန်များရောက်လာကာ သူ့အား အခေါင်းထဲ၌ပင် အရေးပေါ်ကုသချက်များပေးပြီးနောက် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ခဲ့ရသည်။

ထို့ကြောင့် သူသည် ဒေသစံတော်ချိန် ညနေ၅ နာရီတွင် အရှင်လတ်လတ် မြေမြှုပ်ခံရမည့်ဘေးမှ လွတ်ခဲ့သည်။

*** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။

4 comments

  • Yin Nyine Nway

    February 1, 2011 at 8:10 am

    ကံကောင်းလို့ပေါ့

    Reply

  • photwenty

    February 1, 2011 at 9:09 am

    မြန်မာပြည်မှာဆိုရင်တော.သူ ရွာထဲပြန်အဝင်ခံရမှာမဟုတ်လောက်ဘူးနော်

    Reply

  • ဆူး

    February 1, 2011 at 5:37 pm

    ဒါလေး ဖတ်တော့ အရင်က ဆူး ရေးတဲ့ အဖိုးတို့ အချစ်က ဒီလို ဆိုတဲ့ ပိုစ်လေးကို သတိရမိတယ်။

    Reply

  • Yin Nyine Nway

    February 2, 2011 at 6:58 am

    နာဆိုရင်တော့ သူရဲလို့ အော်မိမှာ

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.