NLD internet ဝက်ဘ်ဆိုက်ဒ် စတင်ဖွင့်လှစ်

nld+internet

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 30 ဇန်နဝါရီ 2011
ဓာတ်ပုံ nldburma.org
ထပ်ဆင့် ဖြန့်ဝေရန်

ပြည်တွင်း ပြည်ပ ပြည်သူ့ကွန်ယက် ဖွဲ့ရာမှာ ဆက်သွယ်ရေး လမ်းကြောင်း ကောင်းမွန် ကျယ်ပြန့်တာက အဓိက ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ စတင်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အင်တာနက် စာမျက်နှာမှာ ပြောဆိုလိုက်ပါတယ်။

NLD ဝက်ဘ်ဆိုက်ဒ်ကို ပေးပို့တဲ့ နှုတ်ခွန်းစကားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောထားတာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ လှုပ်ရှားမှုတွေကို ဒီအင်တာနက် စာမျက်နှာကနေ ကမ္ဘာတဝန်း သိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။ ဒါပေမဲ့ ဒီ အင်တာနက် စာမျက်နှာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ကိုင်တာတော့ မဟုတ်ဘူးလို့လည်း သူက ဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ အင်တာနက် စာမျက်နှာက ဆက်သွယ်ကြခြင်းအားဖြင့် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပိုပြီး မြန်မြန် ပေါ်ထွန်းလာလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း နှုတ်ခွန်းဆက် စကားထဲမှာ ပြောကြားသွားခဲ့တာပါ။

အင်တာနက် စာမျက်နှာ လိပ်စာကတော့ www.nldburma.org ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ တင်ထားတာကို တွေ့ရပါတယ်။

7 comments

  • zaw min

    January 31, 2011 at 3:49 am

    မင်္ဂလာပါ ကိုကြောင်ကြီး၊ဒါဟာ သတင်းကောင်းတစ်ခုပါပဲ၊ကျွန်တော်တို့ သိချင်တာတွေနဲ့ အသိ၊အမြင်၊အကြားတွေကို တိုက်ရိုက် မေးမြန်းစုံစမ်းလို့ ရတာပေါ့။
    မင်္ဂလာရှိသော သတင်းပါပဲ။

    Reply

    • bigcat

      January 31, 2011 at 4:22 am

      အခုချိန်ထိတော့ စီဘောက်လည်းမဖွင့်သေး၊ ကွန်မန့်လည်းပေးလို့ မရသေးဘူ။ အပေါ်ကကျန်းမာရေးဆိုတဲ့ tab တခုမှာလည်း စာလုံးပေါင်းက ကျန်းမားရေးဖြစ်နေတယ်။ အသိရှိရင် လှမ်းပြောလိုက်ကြပါအုံး..

      Reply

  • koyinmaung

    January 31, 2011 at 4:23 am

    ဇော်ဂျီဖေါင်မဟုတ်ပါလါး….ayar unicode fonts ဖြစ်နေတယ်

    Reply

    • bigcat

      January 31, 2011 at 4:29 am

      ဧရာ ဖောင့်စနစ်ကို အသုံးပြုထားခြင်းဖြစ်သဖြင့် ဇော်ဂျီဖောင့်သာရှိသည့် ကွန်ပျူတာသုံးစွဲသူများ အနေဖြင့်အခန်းကဏ္ဍများကို ဖေါ်ပြထားသည့် ခေါင်းစီး၏ ညာဘက်ထောင့်ဆုံးတွင်ရှိသည့် `ဖောင့်ဒေါင်းလုပ်´ ဆိုသည်ကို ကလစ်လုပ်ပြီး အဆိုပါ ဧရာဖောင့် ဆော့ဖဝဲကို ကူးယူ ထည့်သွင်းရမည် ဖြစ်ပါတယ်။ ဧရာဖောင့် မရှိသော်လည်း ပိတောက်သို့မဟုန် မြန်မာသရီးဖောင့် ထည့်သွင်းထားသည့် ကွန်ပျူတာများတွင်မူ ထပ်မံထည့်သွင်းစရာ မလိုပဲ အဆင်ပြေစွာ ဖတ်ရှုနိုင်တယ်လိုု့ ကွန်ပျူတာ ကျွမ်းကျင်သူ တဦးကပြောပြပါတယ်။
      “ည ၉ နာရီလောက်မှ ကျွန်တော့သူငယ်ချင်းတစ်ယောက်က ဒေါ်စုဝက်ဆိုဒ်လွင့်ပြီဆိုလို့ ဝင်ကြည့်တယ်။ အရမ်းကို ကောင်းတဲ့ ဆက်သွယ်မှုကွန်ယက်တစ်ခုပါပဲ။ အမေစုရဲ့ လှုပ်ရှားမှု သတင်းနဲ့ ဓာတ်ပုံတွေတင်ထားတာတွေ့တယ် ။ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖတ်လို့ရတယ်။ ဝက်ဆိုဒ် ပုံစံကတော့ ခွပ်ဒေါင်းအလံအနီရောင် ဒီဇိုင်းနဲ့ ရှင်းရှင်းလင်းလင်းဖတ်လို့ကောင်းတယ်။ တစ်ခုရှိတာက ဇော်ဂျီဖောင့်ကိုပဲ အများဆုံးသုံးကြတာဆိုတော့ အရင်ဆုံး ဖောင့်အင်စတောလုပ်မှအဆင်ပြေမယ် ။ ကျွန်တော့်သူငယ်ချင်းကို အီးမေလ်နဲ့ ပို့ပေးဖို့စာကြောင်း ကူးထည့်လိုက်တာ ကကြိုးကကြောင် ဖြစ်ပြီး ဖောင့်မရှိတော့ မပေါ်ဘူး။ နောက်ပြီးကွန့်မန့်ရေးလို့မရဘူးဖြစ်နေတယ်။ ကွန်မန့် ဘယ်လိုရေးရမလဲ မေးချင်တာတွေ ပြောချင်တာတွေဘယ်လိုနည်းနဲ့ ဆက်သွယ် ပြောဆိုလို့ရမလဲဆိုတာရယ်၊ စီဘောက်လိုမျိုး မေးချင်တာတွေ အမေစုကို တိုက်ရိုက်မေးလို့ရအောင် လုပ်ပေးနိုင်မလား သိချင်ပါတယ်”
      ဟု ရန်ကုန်မြို့မှ ် လူငယ်တစ်ဦးမှပြောကြားသည်။
      http://moemaka.com/index.php?option=com_content&task=view&id=8117&Itemid=1

      Reply

  • zaw min

    January 31, 2011 at 5:05 am

    အခု ကျွန်တော်ကြည့်နေတာတော့ အစဉ်ပြေပါတယ်။ကျွန်တော့် စက်ကလည်းဇော်ဂျီ ဘဲသုံးထားတာပါ။
    ဆိုဒ်ရဲ့ ပုံသဏ္ဍန်က ဧရာဝတီ ဆိုဒ်ရဲ့ ပုံသဏ္ဍန်နဲ့တာပါတယ်။ဓါတ်ပုံတွေ၊ဗီဒီယို ဖိုင်တွေနဲ့ ဝေဝေဆာဆာပါပဲ။
    နူတ်ခွန်းဆက်သဝဏ်လွှာကို အမေစု၊ဦတင်ဦး၊ကရေးသားထားပါတယ်။
    သတင်းတွေရဲ့ အောက်မှာ ကွန်မန်းပေးလို့ရပါတယ်။အရေးပေါ်သတင်းတွေကိုလည်း ပိုစ့်တင်ပေးလို့ရပါတယ်။

    Reply

  • R Ga

    January 31, 2011 at 8:22 am

    (စီဘောက်လိုမျိုး မေးချင်တာတွေ အမေစုကို တိုက်ရိုက်မေးလို့ရအောင် လုပ်ပေးနိုင်မလား သိချင်ပါတယ်”
    ဟု ရန်ကုန်မြို့မှ ် လူငယ်တစ်ဦးမှပြောကြားသည်။ ) C-box လုပ်ထားရင် တစ်ခုတော့ မေးချင်တာမေးလို့ ရတာမှန်ပေမဲ့ ဟို လူ့အနတ လူအယုတ်တမာ အဖွဲဝင်တွေ က အားအားယားယား လာဆဲနေရင်လည်း အလကားနေရင် း ဝင်ဖတ်တဲ့လူပါ ဒေါသထွက်နေရဦးမယ် ဗျာ.။

    Reply

  • good

    January 31, 2011 at 8:26 am

    ကြည့် ရတာ OK မှ OK ။ဘယ် နေ့ က စပြီး ဖွင့် လိုက် တာ လဲ ၊ သိတာတောင် နောက် ကျ သွား တယ်။ ဘယ် ဂျာနယ် ဘယ် မီဒီယာ ကမှ သတင်းဦး မထည့် ပေး ကြပါလား နော် ။
    မန်း ဂေ ဇက် က ကို ကြောင် ကြီး ကျေး ဇူး…..

    Reply

Leave a Reply to koyinmaung Cancel Reply

Your email address will not be published.