Clean Windows automatically

ကွန်ပျူတာ တစ်လုံးကို စပြီး သုံးနေတယ် ဆိုရင် လုံခြုံရေးဆိုတာက အရေးကြီးတဲ့ စဉ်းစားစရာ တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အွန်လိုင်း သူခိုးများက အွန်လိုင်းပေါ်မှာ သိမ်းထားတဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို အသုံးပြုနိုင်ပါတယ်။ ဥပမာ ပြောရရင် သင့် နာမည်၊ လိပ်စာ၊ စသဖြင့်ပေါ့။ လက်တော့စ်များနဲ့ နက်တ်ဘုခ်များက မကြာခဏဆိုသလိုပဲ သူခိုးများရဲ့ ပစ်မှတ်များ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အများစုက တစ်ခါတစ်လေ USB Drive များကို ကျပျောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဲဒီထဲမှာ  သိမ်းထားတဲ့ အချက်အလက်များက လုံခြုံမူ ရှိစေအောင် လုပ်ထားတာက ပိုပြီး ကောင်းပါတယ်။ အဆိုးရွားဆုံး ဖြစ်လာခဲ့မယ်ဆိုရင်တောင် ပေါ့။

သင့် ဝင်းဒိုးစ်ကို သန့်စင်နေစေဖို့အတွက် အကူအညီပေးမယ့် ကိရိယာများ အများအပြားရှိပါတယ်။ အဲဒါတွေက သင့် ကိုယ်ရေးကိုယ်တာ လုံခြုံမူကို အန္တာရယ် ဖြစ်စေမူကို လျော့ချ ပေးပါလိမ့်မယ်။ ဝင်းဒိုးစ်ရဲ့ မကြာမီက အသုံးပြုထားတဲ့ ဖိုင်များကို ဖျက်တာတွေ၊ အမိူက်ပုံးကို ရှင်းလင်းတာတွေ စတဲ့ လုပ်ငန်းများကို သန့်စင်ခြင်း၊ ဝင်းဒိုးစ်ရဲ့ ယာယီဖိုင်များကို သန့်စင်ခြင်း၊ Clipboard ကို သန့်စင်ခြင်းနဲ့ သင့် အင်တာနက် အသုံးပြုမူ မှတ်တမ်းများကို သန့်စင်ခြင်းများကို အလိုအလျောက် လုပ်ဆောင်နိုင်ပါတယ်။

အဲဒီလို ကိရိယာများကတော့ Free Internet Window Washer ( http://bit.ly/exptip1254 ), FCleaner ( www.fcleaner.com ), Acleaner and Free Privacy Eraser ( www.cleanersoft.com ) စသဖြင့် ရှိပါတယ်။ အဲဒီ ကိရိယာများကို သန့်စင်ခြင်းအတွက် သုံးနိုင်ပါတယ်။ ပြီးတော့ သင့် ကွန်ပျူတာပေါ်မှာ အနည်းဆုံး အဲဒီလို ကိရိယာ တစ်ခုခု ရှိနေမယ်ဆိုရင် အသုံးဝင်ပါတယ်။

Leave a Reply

Your email address will not be published.