ခွေးကလေး ဂွတိုနဲ့ တခဏတာ :D

etoneJanuary 28, 20111min017

ကျမဆယ်တန်းအောင်ပြီးခါစက တက္ကသိုလ်မတတ်ရခင်စပ်ကြား အားနေတာနဲ့ ဘာသင်တန်းမှလည်းမတတ်ပဲ အလှပြင်လိုက် ၊ အင်္ကျ ီအသစ်တွေချုပ်လိုက်နဲ့ အချိန်ကုန်နေခဲ့တာပေါ့… ။ သူများတွေ ဘာစပီကင် ၊ ညာစပီကင် တတ်နေချိန် ၊ကွန်ပျူတာတို့ … စာရင်းကိုင်တို့ ..၊  ဘာသာစကားတို့တတ်နေချိန် ကျမ ကတော့ ကလေးလိုလို ၊ ဘာလိုလိုနဲ့ စားမယ်၊ သောက်မယ် ၊ ပျော်မယ် ပါးမယ်ပေါ့ … ။ ကျမမှာ ဝါသနာပါတာ တစ်ခုရှိတယ် ….အောင်မြင်တဲ့ သရုပ်ဆောင် ၊ မော်ဒယ် ၊ တေးသံရှင်ဖြစ်ချင်တာပေါ့.. (ဟိဟိ.. လောဘများကြီးသွားသလား မသိဘူးနော် ..ဖြစ်ချင်တာကိုပြောပြတာပါ .. ငယ်ငယ်က အိပ်မက်ပါ 😀 ) ဒါနဲ့ပဲ ကျမ ရှိုးပွဲတွေဝင်ပြိုင်တယ်ပေါ့ .. ပရိုမိုးရှင်းပွဲတွေ လည်း လုပ်ပေးတယ်ပေါ့ … ။ ဆုရတဲ့ပိုက်ဆံကလည်း သိပ်ပြီး အသုံးမခံပါဘူး စားလိုက်သောက်လိုက် ပြန်ဝယ်လိုက်နဲ့ ကုန်ကုန်ခဲ့တာပေါ့…။ ကျမ အေဂျင်စီတွေနဲ့ ချိတ်ဆတ်ပြီး ဒီအလုပ်တွေကို လုပ်ခဲ့တာပါ..  တစ်ချို့ ပွဲတွေဆို ပိုက်ဆံမရပဲ လုပ်ပေးလိုက်ရတာရှိတယ်… ဘာဖြစ်ဖြစ် ကျမပျော်တယ်လေ … ။ အဲ့ဒီအချိန်တုန်းက အေးမြတ်သူတို့ ၊ မယ်လိုဒီတို့နာမည်မကြီးသေးပါဘူး … ။ ကျမ အေဂျင်စီ နှစ်ခုနဲ့ ချိတ်ခဲ့တာပါ .. ပထမတစ်ခုက Plan B နှင့် နောက်တစ်ခုက Star Model Agency ပါ … ပလမ်ဘီကတော့ ဘရိုင်ရယ်ဆိုတဲ့ နိုင်ငံခြားသား ဦးစီးပါတယ်.. စတားကတော့ ဂျွန်လွင်ပေါ့…။ အဲ့ဒီမှာ ကြုံတွေ့ခဲ့ရတဲ့ အူတူတူ အဖြစ်ပျက်တွေကိုလည်း နောက်များကြုံမှ ဖွပါဦးမယ် ။ အခုအချိန်မှာ အဲ့ဒါတွေ ပြန်လုပ်ဦးမလားမေးလျှင် ကျမ မဆိုင်းမတွငြင်းမိမှာပါ … ဘဝပေးအတွေ့ကြုံကြောင့် ဘဝကိုဘယ်လိုဖြတ်သန်းရမလဲ တစ်စိတ်တပိုင်းနားလည်နေပြီ မို့လို့ပါ ။

အကျဉ်းချုပ်ဆိုရလျှင် ထို အကြောင်းပြချက်ဖြင့် ကျမ အင်္ကျ ီတွေ ခဏခဏသွားချုပ်တယ်ပေါ့… ။ ကျမအင်္ကျ ီချုပ်တဲ့ ဆိုင်ကလည်း အိမ်နဲ့နည်းနည်းလှမ်းပါတယ် ..  ကားမှတ်တိုင် သုံးခုလောက်လှမ်းတယ်ပေါ့ … အဲ့ဒီအိမ်မှာ ကြောင်တွေ အကောင် သုံးဆယ်ကျော် မွေးထားပါတယ်… (အဲ့ဒီအကြောင်းလည်း နောက်ကြုံရင် ဖွမယ်) ။ လက်ရာဒီလောက်မသေသပ်ပေမဲ့ … ပုံစံလေးဆန်းတာရယ် ၊ စိတ်ရှည်တာရယ် ၊ အမြန်ရတာရယ်ကြောင့် ကျမအဲ့ဒီမှာသွားချုပ်ဖြစ်ပါတယ်…..။

အဲ့ဒီဆိုင်ကို သိတာက ဆယ်တန်းကျူရှင်အတူတက်တဲ့သူငယ်ချင်း မိတ်ဆက်ပေးလို့ပါ… ။ သူတို့လမ်းထိပ်က ရှစ်ထပ်တိုက်အပေါ်မှာ အပ်ချုပ်ဆိုင်ဖွင့်ထားတာပါ … ။ ကျမအဲ့ဒီဆိုင်မှာ အဆင်ပြေတာကြောင့် သွားချုပ်ဖြစ်တယ်ပေါ့ ….။ သူငယ်ချင်းတို့လမ်းထိပ်မှာ လ္ဘက်ရည်ဆိုင်လေးရှိပါတယ်… အချိန်ပြည့် လူစည်နေတတ်ပါတယ်… အများစုက ပုရိသတွေများတယ်ပေါ့ …။ ကျမကလည်း အခုမှ ဆယ်တန်းအောင်ခါစ အပြင်ထွက်တတ်ခါစဆိုတော့ ဆိုင်ရှေ့ဖြတ်လျှောက်ရမှာ တော်တော် ရှက်ပါတယ်… ။ (အခုတော့ ဘယ်ရှေ့လျှောက်လျှောက် ဂရုကို မစိုက်ဘူး 😀 )  ။ လ္ဘက်ရည်ဆိုင်နဲ့ တစ်အိမ်ကျော်မှာ အမွေးပွခွေးဖြူလေးရှိပါတယ်… လည်ဆံမွှေးတရမ်းရမ်း နဲ့ ပြေးရင်ဖြင့် အလွန်ချစ်ဖို့ကောင်းပါတယ်… ။ သူနာမည်က ဂွတိုလို့ ခေါ်ပါတယ် ။ ကျမသူငယ်ချင်းပြောပြလို့ပါ .. ။ ဂွတိုက လှသာလှတာ အလွန်ဆိုးတဲ့ခွေးလေးပါ .. အိမ်ရှေ့ကဖြတ်တိုင်း နောက်ကလိုက်လိုက်ဆွဲတတ်ပါတယ် .. ကိုက်တော့မကိုက်ပါဘူး … သွားလေးနဲ့ လာငုံယုံလေးပါ … ။ ကျမလည်း ကြောင်တွေ ၊ ခွေးတွေ ချစ်တတ်ပေမဲ့ …. တကယ်အဲ့ဒီလို လာခဲမယ်ဆိုရင် တော့ ကြောက်ပါတယ်…။ အစသန်တဲ့ ခွေးဆိုးလေး ဂွတိုတို့အိမ်ရှေ့ကို ကြောက်ကြောက်နဲ့ ဖြတ်ရတာပေါ့… ။ ဒါပေမဲ့ .. ဒီခွေးက ငပါးလေး …. သူနောက်ကလိုက်လို့သူ့နာမည်ခေါ်လျှင် မလိုက်တော့ဘဲရပ်ပြီး အမြီးလေးနန့်နေတတ်တယ်ပေါ့ … ။

တနေ့ကျမ အပ်ချုပ်ဆိုင်က အပြန် ဂွတိုနဲ့တိုးပါရော… ဂွတိုက လမ်းမှာ ဘောလုံးလေးလှိမ့်ပြီး လိုက်ဖမ်းနေတယ်… သူ့သခင်တွေကလည်း မရှိဘူး ခွေးအပြင်ထွက်တာ မသိဘူးထင်ပါ့… ကျမလည်း ငယ်ငယ်က လုပ်ခဲ့တဲ့ အတိုင်း လက်မကို ဖွက်ပြီး လမ်းလျှောက်တယ်ပေါ့… တစ်လှမ်း … နှစ်လမ်း… ဂွတိုနဲ့ပိုနီးလာပါပြီ… ။ သူကတော့ အေးဆေးပါပဲ ဘောလုံးလေးကို ဖမ်းပြိး အငမ်းမရကိုက်နေတယ်… ဒီအချိန်ဖြတ်သွားလျှင် ကျမနောက်လိုက်မှာ မဟုတ်ပါဘူး ထင်ပြီး .. ခြေသံဖွဖွ နင်းကာ လက်မကိုလက်သီးဆုပ်ထဲဖွက်ပြီး ခပ်သွက်သွက် ဖြတ်လျှောက်တာပေါ့… သုံးလေးလှမ်းလည်းရောက်ရော နောက်လှည့်ကြည့်တော့ … ခွေးမသားလေးက နောက်ကပါလာပါတယ်… လျှာလေးထွက်လို့ ကျမကို ပြောင်နေသလိုပါပဲ …  ကျမတော်တော်စိတ်ညစ်သွားတယ်… ရှက်ကလည်းရှက် ဘာလုပ်ရမှန်းမသိပါဘူး…။ ဒါနဲ့ လမ်းလည်ကောင်မှာ ငူတူတူကြီးရပ်နေမိပါတယ်… ။ ခွေးကလည်း စလိုးမိုးရှင်းနဲ့ လျှာထွက်လျှက်သား ခဲဖို့လာနေတာ နီးနေပါပြီ …။ စက္ကန့်ပိုင်းလေးအတွင်း ကျမခြေထောက်ကို ငုံခဲတော့မှာပါ… ကြံရာမရ ရပ်နေတုန်း ခေါင်းထဲပေါ်လာတာက သူ့နာမည်ခေါ်လျှင် ဆက်မလိုက်တော့ဘူး ကြားဖူးတာပင်…။ ဒါကြောင့် ကျမ သူ့နာမည်ကို အကျယ်ကြီး အော်ခေါ်ပြီး လိုက်မလာနဲ့လို့ တုန်တုန်ရင်ရင်ပြောလိုက်ပါတယ်… ။ ကျမစကားလည်းဆုံးရော.. လ္ဘက်ရည်ဆိုင်ထဲမှာ ထိုင်နေတဲ့ လူတွေ … ဝါးလုံးကွဲရယ်လိုက်ကြပါတော့တယ်… ခွေးလည်း ဆက်မလိုက်လာတော့ပါဘူး…။ ကျမလည်း အဲ့ဒီနေရာကနေ အူလည်လည်နဲ့ ထွက်လာခဲ့ပါတယ်… နောက်မှ စဉ်းစားရင်းနားလည်လိုက်တာက …ကျမအော်ပြောလိုက်တုန်းက ခွေးနာမည် မှားသွားခဲ့တာပါ …။

” ဟဲ့…ေ-ွးတို မလိုက်လာနဲ့ သွားသွား…. ေ-ွးတို မလိုက်လာနဲနော် … ရှူး ရှူး… ” အိမ်ပြန်ရောက်တော့ အူတွေလှိမ့်နေအောင် ရယ်ခဲ့ရပါတယ်… ။ အပ်ချုပ်ဆိုင်လမ်းက နှစ်ဘက်ပွင့်လမ်းပါ ။ ကျမအခု လ္ဘက်ရည်ဆိုင်ဘက်အခြမ်းက မဝင်တော့ဘဲ လူပြတ်တဲ့ တကူးတက လမ်းတစ်ဖက်ကပဲ သွားပါတော့တယ်… အပ်ချုပ်ဆိုင်မရောက်တာလည်း အတော်ကြာခဲ့ပါပြီ ။ ။

17 comments

  • koyinmaung

    January 28, 2011 at 10:21 am

    အိတုံနဲ့ေ-းွတို အဲမှားလို့ခွေးတို ဟုတ်သေးပါဘူးဂွတို ဘယ်သူကပိုလှသလဲလို့ ဦးတို့လဲပြောပါအုံး..ဟဲဟဲနောက်တာနော်

    Reply

  • ကြယ်လေး

    January 28, 2011 at 11:12 am

    ခိ ခိ
    တော် သေး တယ် အဆိုတော် မဖြစ်လို့

    တော်ကြာ စင်ပေါ်တက် မဟုတ် က ဟုတ်ကတွေ ဆို မိရင် ဒွတ်ခ

    Reply

  • zippo

    January 28, 2011 at 11:49 am

    မီလုပ်လဲ့လော် နိ ဆိုလာ ဝ မီကြားရဲဘူးနော်. ဝကြောက်လယ်..

    Reply

  • laaminnthar

    January 28, 2011 at 11:51 am

    ကျေးဇူးတင်ပါတယ် ဆောင်ပါးလေးဖတ်ပြီး တစ်ကယ်ပဲရယ်ခဲ့ရပါတယ်
    စာအရေးအသားကောင်းတယ်

    Reply

  • zaw min

    January 28, 2011 at 12:23 pm

    ေဩာ်….အဲဒီတုံးက ေ-ွးတိုလေးရေလို့ အော်တာ အီးတုံးလား။လ္ဘက်ရည်ဆိုင်ထဲမှာ ဦးတို့ ရှိတယ်လေ….ဦးနီ၊ဦးပု၊ဦးကြောင်ကြီးတို့က သဂျီးတိုက်တဲ့ လ္ဘက်ရည်ကိုဝိုင်းသောက်နေကြတာလေ။

    Reply

  • bigcat

    January 29, 2011 at 2:23 am

    ဟုတ်ပါ့ ဆရာဇော်။ သူလေးကိုတွေ့ရမလားလို့ လဘက်ရည်ဆိုင်နေ့တိုင်းသွားတာ လဘက်ရည်ဖိုးတင် စူပါစလွန်းကားတစီးဖိုး၊ လဘက်ရည်တွေက မီးသတ်ကားရေတိုင်ကီ အပြည့်ဖြည့်လို့ရတယ်။ အခုတော့ဖူးစာမှန်လို့ ပြန်ဆုံရတယ်။ ဥနီ၊ ဥပူ၊ ဥဇော နဲ့ဥခိုင်တို့ကတော့ အိမ်ထောင်ရက်သား ကြကုန်ပြီဆိုတော့ ဇွဲကောင်းသူ တကိုယ်တည်းကြောင်ကြီး ကံပေါ့လေ။

    Reply

    • ဆူး

      January 29, 2011 at 1:07 pm

      ဦးကြောင်ကြိး ပြောတော့ ကလေး ၄ယောက် ရနေပြီ ဆို အခုမှ ဘယ်လို ဇြစ်ပြိး တကိုယ်တည်း ကြောင်ကြီး ဖြစ်ရတာလဲ အရင် မိန်းမတွေ နဲ့ ကွဲပြီး ကလေးတွေ ပြန်ထည့်ပေးလိုက်တာလား

      Reply

  • နွယ်ပင်

    January 29, 2011 at 4:15 am

    etone ရေ အားပေးသွားပါတယ် စာအရေးအသားလဲကောင်းသလို အကြောင်းအရာလေးလဲကောင်းပါတယ် ပို့စ်အောက်ပိုင်းရောက်တော့ ဟက်ဟက်ပက်ပက်ကို ရီမီတာပါပဲ နောက်လဲ ဆက်ရေးပါဦး …

    Reply

  • ကြယ်လေး

    January 29, 2011 at 7:39 am

    ဦးကြောင် ကြီး က e tone ကိုရှာနေတာကိုး

    Reply

  • nyimalay

    January 29, 2011 at 11:13 am

    ယောကျာင်္းပဉ္ဖင်း မိန်းမ ပုခက်တွင်းလို့တော့ကြားဖူးတာပဲဦးကြောင်ကြီးရေ……. 🙂

    Reply

  • naywoonni

    January 29, 2011 at 12:04 pm

    e-tone ဆိုလို့ မန္တလေးမှာကျောင်းတက်နေတုန်းက အဆောင်ရှေ့က ရေဆိးမြောင်ထဲ မျောပါလာတာကို သတိရတယ် ကိုကြောင်ကြီးရေ ခင်ဗျားရှာနေတာ အဲဒိ e-tone ဆိုရင်တော့ ကိုပေါက်နဲ့အမြန်ဆုံးဆက်သွယ်လိုက်ပါ

    Reply

  • nyimalay

    January 29, 2011 at 12:51 pm

    ဦးနီသဝန်တိုနေပါသည်။ ဦးကြောင်ကြီးသတိထားပါတော့။
    ပိစိကွေးရဲ့ Post မှာလည်း (တော်ပါသေးရဲ့ ကွာသုံးကွာမှာ အသက်ကွာတာမပါလို့) ဟု ဦးနီမန့်ထားပါသည်။ အချက်အလက်နှင့် ဦးနေသဝန်တိုနေသည်ဟု ပြောလိုက်ပါကြောင်း………….

    *ပိစိကွေးရန်တိုက်ပေးနေသည်။ 😛

    Reply

  • ဆူး

    January 29, 2011 at 1:22 pm

    အဘနီက အသက် ၄၁ ဘဝ စတာ ၁နှစ်ပေါ့ကွယ် ၁နှစ်သားလေး အဘနီ စိတ်ကလေးတော့ နည်းနည်း ရှိမပေါ့ (လူငယ်စိတ်) ပြောပါတယ်။

    Reply

  • naywoonni

    January 29, 2011 at 3:52 pm

    အဲဒါပေါ့ ပိစိလေးရယ် သဝန်တိုတယ် ဆိုဘာတာဘာကြောင့်ဆိုတာ သိရဲ့သားနဲ့

    Reply

  • zaw min

    January 30, 2011 at 8:40 am

    ဇွဲလည်းမလျှော့ကြပါနဲ့ရန်လည်းမဖြစ်ကြပါနဲ့ ကိုနီ နဲ့ကိုကြောင်ရယ်။ပလေးဘွိုင်း ဘိုးဘိုး တောင် ၈၄ နဲ့ ၂၄ ဆိုတော့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။
    ကျွန်တော် ဒီရွာထဲကို မဝင်ခင်က ရွာပြင်ကနေ စောင့်ကြည့်နေတာပါ။ဒီရွာထဲမှာလည်း မစ်(စ်) ဗီနီဇွဲလား တို့တောင် ရူံးနိုင်တဲ့ မယ်တော်တွေ(မှားသွားလို့)မော်ဒယ်လေး တွေရှိနေတာတွေ့လို့ ဝင်လာလိုက်တာ။သူတို့လေးတွေ စိတ်ဓါတ်ကျပြီး အပျိုုကြီး ဂိုဏ်းမထောင်ခင် ကြီုးစားလိုက်ကြပါဆရာတို့…..
    နည်းပညာများအတွက် သဂျီးနှင့် ဆရာပုတို့ ထံတွင်တောင်းယူနိုင်ပါသည်။

    Reply

  • ဆူး

    January 30, 2011 at 12:37 pm

    သဂျီးသား ဖိုးစည် အဲ.. ဘဘ ဇော် ဖိုဝင်မစားဘဲ နည်းပညာ ရောင်းစားမလို့လား။

    Reply

  • zaw min

    January 30, 2011 at 5:21 pm

    ဘဘတို့က နည်းပညာရောင်းမစားပါဘူး၊ အွန်လိုင်းကနေ အခမဲ့ပဲ ဖြန့်ဝေမှာပါ။
    ဟုတ်တယ်မှလား..ကိုခိုင်…

    Reply

Leave a Reply to laaminnthar Cancel Reply

Your email address will not be published.