ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမ

nyimalayJanuary 28, 20111min01

 

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်၊ ၂၀၀ရ ခုနှစ်၊ ၂၀၁ဝ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ် လက်ရှိကာလအထိ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိခဲ့၍ မွေးမြူသူများအနေဖြင့် ဇီဝလုံခြုံမှု(biosecurity)ကို သတိပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၀၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ကြက်ကောင်ရေခြောက်သိန်းခွဲခန့် သုတ်သင်ဖျက်ဆီးခဲ့ရကြောင်းနှင့် ၂၀၀ရ ခုနှစ် တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ကာ ၂၀၀ရ ခုနှစ် နှောင်းပိုင်းက ကျိုင်းတုံတွင် အသက်ခုနစ်နှစ် သမီးအရွယ်ကို ကူးစက်ခဲ့သော်လည်း လူသေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

၂၀၁ဝပြည့်နှစ် ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့ နယ်တို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့ကြောင်း သိရသည်။ အလားတူ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကျေးရွာတစ်ရွာတွင် ဥစား ကြက်များ သံသယဖြစ်ဖွယ် သေဆုံးခြင်းကြောင့်စစ်ဆေးခဲ့ရာ အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့ကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေး ရောဂါ ဗိုင်းရပ်စ်ပိုးသည် ဆောင်းခိုငှက်များ၊ ငှက်ရိုင်းများမှတစ်ဆင့် သယ်ဆောင် ရောက်ရှိလာနိုင်သည့်အပြင် ကြက်ငှက်ထွက်ပစ္စည်းများဖြစ်သည့် အသား၊ ဥ အစရှိသည်များ၊ ရောဂါပိုး  နှင့်ထိတွေ့ထားသည့်ပစ္စည်းများ၊ အရည်အသွေးမပြည့်မီသည့် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ဆေးများ မှလည်း ရောက်ရှိလာနိုင်ကြောင်း သိရှိရပါသည်။

ယခင်က ကြက်ငှက်တုပ်ကွေး ဖြစ်ပွားသည်ဟု သံသယရှိပါက ထိုင်းနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့ရှိ ဓာတ်ခွဲများသို့ပို့ပြီး အတည်ပြုချက် ရယူခဲ့ရသော်လည်း ယခုအခါ အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ဓာတ်ခွဲခန်းတွင် အတည်ပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေး ရောဂါကာကွယ်ထိန်းချုပ်ရန် ကြက်၊ ဘဲ၊ ငုံး စသည့် ကြက်ငှက်မွေးမြူရေးခြံ များ၏ဇီဝလုံခြုံမှုကို ဂရုပြုဆောင် ရွက်ရန်၊ မွေးမြူထားသောကြက်၊ ဘဲ ငုံးစသည့်ကြက်ငှက်များကို စာက လေး၊ ကျီးကန်း၊ ခို၊ ဆက်ရက်အပါအဝင် ငှက်ရိုင်းများနှင့် ထိတွေ့မှု မရှိရေး စီမံဆောင်ရွက်ရန်နှင့် ကြက်ခြံအတွင်းသို့ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ် ပစ္စည်းများ စနစ်တကျ ဝတ်ဆင်ရန် စသည့်အချက်များကို လိုက်နာပူး ပေါင်းဆောင်ရွက်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက နှိုးဆော်ထားကြောင်း သိရသည်။

One comment

  • moethidasoe

    January 28, 2011 at 6:05 am

    ဘယ်လုပ်ငန်းမဆို လုပ်ကို လုပ်ရမယ် .. မလုပ်ရင် ချွတ်ယွင်းချက်တွေကြောင့် ဆုံးရှုံးမှုတွေ ဖြစ်လာမယ် ဆိုတဲ့ စည်းမျဉ်းတွေ ရှိပြီးသား ..
    လိုက်မလုပ်ကြလို့သာ လုပ်ငန်းခွင် ပြဿနာတွေ ဖြစ် .. အဲဒီဟာတွေက တခြားလူတွေကိုပါ ထိခိုက်တာ ဖြစ်လာတာ ..
    ဘက်ထရီလုပ်ငန်းမှာ ခဲဆိပ် သင့်တတ်တယ် .. ဒီလို လုပ်ကြပါ .. ယက်ကန်းလုပ်ငန်းမှာ ဒီလို ကာကွယ်ပါ စသဖြင့် ရှိပြီးသား ..
    ကျန်းမာရေးလုပ်ငန်းမှာလဲ နဂိုကတည်းက ရှိပြီးသားတွေ လိုက်နာခဲ့ရင် ကူးစက်တတ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး ..
    ကြက်ငှက်တုပ်ကွေး ဆိုတာလဲ အလားတူပါပဲ
    မဖြစ်တာ ကြာရင် လူတွေ ပေါ့လျော့တတ်တာ သဘာဝပါ .. ပြဿနာကတော့ ဆီလို အပေါက်ရှာနေတာပဲလေ

    Reply

Leave a Reply to moethidasoe Cancel Reply

Your email address will not be published.