ရွှေပြည်သာစက်မှုဇုံ (၁)က စက်ရုံ ၂ ရုံ ဆန္ဒပြ

နွယ်ပင်February 7, 20111min05

ရွှေပြည်သာ စက်မှုဇုန် (၁)၊ စက်မှု (၆) လမ်းရှိ အော်စကာအထည်ချုပ်စက်ရုံတွင် ဖေဖော်ဝါရီ ၅ ရက် စနေနေ့ည ရ နာရီ အချိန်မှာ အလုပ်သမားတွေ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။

အလုပ်သမားအင်အား ၅၀ဝ ခန့်ရှိပြီး လစာဖြတ်တောက်တဲ့ကိစ္စအပေါ် ကျေနပ်မှုမရှိရာက ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစက်ရုံအား ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်ခေါ်တုန်းက
(က) အုပ်စု၊ (ခ) အုပ်စုနှင့် (ဂ) အုပ်စုခွဲကာ

(က) အုပ်စုအား အခြေခံလစာ ၇၅ ဝ၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊

(ခ)အုပ်စုအား အခြေခံလစာ ၇ဝ ဝ၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊

(ဂ)အုပ်စုအား အခြေခံလစာ ၆၅ ဝ၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊ ပေးမယ်ဆိုပြီး အလုပ်ခေါ်ယူခဲ့တာလို့ သိရပါတယ်။

ယခုလစာထုတ်တဲ့အခါ အချိန်ပိုကြေးနှင့် ဘောနပ်စ်ကြေး မပေးတဲ့အပြင် မူရင်းလစာကိုပင် အကြောင်းပြချက် မ ပေးဘဲ ဖြတ်တောက်ခဲ့ရာ

(က) အုပ်စုမှာ အလုပ်သမားအားလုံးမှာ လစာထဲမှအကြောင်းမဲ့ ငွေ ၆၄၀ဝ ခန့် ဖြတ်တောက် ခံခဲ့ရပါတယ်။ စက်ရုံဝန်ထမ်းအားလုံးမှာ ၉၀ဝ ခန့်ရှိပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က အလုပ်သမား ၅၀ဝ ခန့် ဆန္ဒပြမှုဖြစ်ရာနေရာကို ရွှေပြည်သာမြို့နယ် အလုပ်သမား ညွှန်ကြား မှုဦးစီးဋ္ဌာန ဦးစီးမှူးဦးသိန်းလွင်၊ ရွှေပြည်သာရဲစခန်းမှ တာဝန်ရှိသူများ၊ မယက နှင့် အခြားအာဏာပိုင်အဖွဲ့တွေ ရောက်ရှိ လာပြီး အလုပ်သမားများနှင့်ညှိနှိုင်းရာ ရ ရက်နေ့ တနင်းလာနေ့ နေ့လည် ၁၂ နာရီတွင် ထပ်မံညှိနှိုင်းရန် အာဏာပိုင်တွေ က ပြောတဲ့အတွက် ၆ ရက်နေ့ နံနက် ၂ နာရီ ခန့်မှာ အလုပ်သမားများ ပြန်သွားကြပါသည်။

ရ ရက်နေ့ တနင်းလာနေ့ နံနက်ပိုင်းမှစကာ အလုပ်သမားအားလုံးပါဝင်ပြီး ထပ်မံဆန္ဒပြတောင်းဆိုဦးမယ်လို့ သိရှိရပါ တယ်။
အလားတူပဲ ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွှေပြည်သာမြို့နယ် ကနောင်မင်းသားကြီးလမ်းပေါ်ရှိ super one အထည်ချုပ် စက်ရုံမှာလည်း လုပ်ခလစာငွေနည်းခြင်း၊ စက်ရုံတွင်း သုံစွဲနေရတဲ့ အိမ်သာမလုံလောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက် မှု မလုံလောက်ခြင်း စတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ ဆူပါဝမ်း စက်ရုံမှာတော့ စက်ရုံပိုင်ရှင်အမည် ခံ ကိုဇော်မင်းဦးမှ ကိုရီးယားနိုင်ငံမှ ပိုင်ရှင်နဲ့ဆက်သွယ်ညှိနှိုင်ပေးခဲ့တဲ့အတွက် အလုပ်သမားတွေအတွက် လုပ်ခငွေလစာ ငွေ ၈၀၀ဝ နဲ့ အလုပ်သမားများဘက်က သဘောတူခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

ဆိုပါစက်ရုံမှာ နိုင်ငံသားပိုင်အဖြစ်နဲ့ အမည်ခံထားပြီး အခွန်တိမ်းရှောင်နေသော နိုင်ငံခြားသားပိုင် စက်ရုံဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရပေမယ့် အာဏာပိုင်တွေအနေနဲ့ တစုံတရာအရေးယူဆောင်ရွက်မှု မရှိတာကို တွေ့ရှိရပါတယခ ။

naytthit.net မှဖော်ပြပါသည် ။

5 comments

  • phantom

    February 7, 2011 at 6:33 am

    မြန်မာပြည်မှာတော့ အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေအများကြီးပါ ဒါကြောင့်လဲ နိုင်ငံခြားမှာ အလုပ်ရမယ်ဆိုရင် ဘယ်သူမဆို အရင်ဆုံးတွေးမိတာက ဘာအလုပ်ဖြစ်ဖြစ် မြန်မာနိုင်ငံထက် လစာအဆအများကြီးပိုကောင်းတယ် ဆိုတဲ့ အကြောင်းပါပဲ မြန်မာပြည်က အလုပ်ရှင်တွေက ဘဘကြီးတို့ကိုယ်တိုင် ဝန်ထမ်းလစာကို အခြေခံ ၃ သောင်း ၃ သောင်းခွဲလောက်ပဲ သတ်မှတ်ခဲ့လို့ ရုံးတွေမှာလုပ်တဲ့ ဝန်ထမ်းတွေက လစာမမက်ပဲ ကြားပေါက် လုပ်စားနေကြတယ် အပြင်လခစားတွေကတော့ မလုံလောက်တဲ့ လစာတွေပေးပြီး မတန်တဆ ခိုင်းနေတဲ့အလုပ်ရှင်တွေနဲ့ အလုပ်ရှားပြီး လုပ်မယ့်သူများနေတဲ့ ပြသနာကို ရင်ဆိုင်နေရတယ် ကောင်းတော့ပါဘူူး

    Reply

  • thuyamon

    February 7, 2011 at 1:22 pm

    ြ်မန်မာအလုပ်သမားတွေ နိုုင်ငံခြားမှာ အနှိမ်ခံနေရတာတော့ထားပါတော့… ကိုယ့်နိုင်ငံမှာဖွင့်ထားတဲ့စက်ရုံတွေက နိုင်ငံသား အလုပ်သမားတွေကိုတော့ အခွင့်အရေးပေးသင့်ပါတယ်…ဒီလိုဖြစ်စဉ်ဖြစ်တာနဲ့ဦးစီးဦးဆောင်တာဝန်ယူဖြေရှင်းပေးမဲ့ အလုပ်သမားအတွက်သီးသန့်တာဝန်ယူပေးမဲ့အမှန်အကန်အဖွဲ့အစည်းတွေဖွဲ့စည်း သင့်နေပြီ…. နောက်ဆုံးတော့ အရှင်းရှိမှအသက်ရှင်ရတဲ့ အရင်းရှင် စနစ်ကို ရောက်သွားသလိုပဲလား…ခက်ပြီ

    Reply

  • juttue.gyi

    February 7, 2011 at 1:24 pm

    အဲဗျာ… တော်တော်ဆိုးတဲ့ ကောင်တွေဘဲ

    Reply

  • manawphyulay

    February 7, 2011 at 1:28 pm

    ဝန်ထမ်းတွေ အာစီယံလစာသာ ပေးလို့ကတော့ နောက်ပိုင်း ပိုဆိုးလာမယ်ထင်မိတာပဲ ဘဝက ဆိုးလိုက်တာ။

    Reply

  • khinmintatthu

    February 7, 2011 at 6:14 pm

    ဝန်ထမ်းတွေကို အဲဒီလိုမတော်မတရားလုပ်တာတော့ မခံနိုင်ဘူးဗျာ… အလုပ်ရှင်တွေအနေနဲ့လည်း ယခုလိုမျိုးမလုပ်သင့်ပါဘူး… အလုပ်ရှင်တွေက ဝန်ထမ်းများအပေါ် မတော်မတရားပြုမှုများ ကင်းရှင်းနိုင်ကြပါစေ….

    Reply

Leave a Reply to thuyamon Cancel Reply

Your email address will not be published.