Accident at Shwegondine Traffic Light

nyimalayJanuary 26, 20111min03

If there are images in this attachment, they will not be displayed.  Download the original attachment

24.1.2011ယနေ့နံနက် ၈ နာရီ ၃ဝ မိနစ်ခန့် အချိန်က ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံတွင်

ကားဘရိတ်ပေါက် အရှိန်လွန်ပြီး ယာဉ်တိုက်မှုများ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွါးခဲ့ရာ ခရီးသည် တစ်ဦး ပွဲချင်းပြီး

သေဆုံးသွားပြီး လူဆယ်ဦးခန့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေဂုံတိုင်လမ်းဆုံမှာ တောင်ဆင်းနေရာ ဖြစ်နေသဖြင့် မကြာခဏ ဘရိတ်ပေါက်ပြီး ယာဉ်တိုင်မှုများ

ဖြစ်ပွါးလေ့ ရှိသည့်နေရာဖြစ်ပြီး ပြည်တွင်းရှိ ယာဉ်များမှာလည်း သက်တမ်းလွန်ပြီး အိုးမင်း စုတ်ပြတ် နေသည့်

ယာဉ်များဖြစ်သဖြင့် ယခုကဲ့သို့ အပြစ်မဲ့ အများပြည်သူများ သေဆုံး ဒဏ်ရာရ နေရခြင်းလည်း ဖြစ်သည်။

ဖြစ်စဉ်မှာ BM သ-၉၀၆၆ ကားမှာ ကမ္ဘာအေးဘုရားလမ်းမှ မြို့တွင်းသို့ ဝင်ရန်အတွက် မောင်းနှင်လာစဉ်

ဘရိတ်ပေါက်ပြီး အရှိန်ထိန်းမရ ဖြစ်ကာ ယာဉ်နောက်မှ တွဲခို စီးလာသည့် ခရီးသည်များ ပါဝင်သည့် ၁၀၇

ဟိုင်းလတ် လိုင်းကားကို ဆက်တိုက်ခဲ့ပြီး စူပါဆလွန်းကား တစ်စီး နှစ် တက္ကစီ တစ်စီးကိုပါဆက်လက်

တိုက်ခဲ့သည်။ ၁၈ လက်မခန့် မြင့်သော လမ်းဘေး ပလက်ဖေါင်းကို ထပ်မံကျော်တက်ပြီး လမ်း လက်ဝဲဖက်ရှိ

စူပါပါဝါ လျပ်စစ်ပစ္စည်း ဆိုင်အတွင်း ခေါင်းစိုက်ကာ အရှိန်သေသွားခဲ့သည်။

လမ်းပေါ်တွင် သွားလာနေသော ခရီးသည်အချို့ နှင့် ၁၀ရ လိုင်းကားပေါ်မှ ခရီးသည် ဆယ်ဦးခန့်မှာ

ယာဉ်တိုင်မှုကြောင့် မြင်မကောင်းလောက်အောင် သွေးများ အူများ ထွက်လျက် ပြင်းထန်စွာ ထိခိုက်

ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ လူနာများကို လမ်းဘေးတွင် စုထားပြီးနောက် ကားတစ်စီးလျင် လူနာ ၂ ဦးသာ

သယ်ဆောင်နိုင်သော လူနာတင်ယာဉ်ဖြင့် အားလုံးကို စုပုံကာ ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း မျက်မြင်

တွေ့ရှိသူများက ပြောသည်။

 

ကျွန်တော်က အခုဝင်တိုက်သွားတဲ့ စူပါပါဝါ လျပ်စစ်ပစ္စည်း အရောင်းဆိုင်ရှေ့ ပလက်ဖေါင်းပေါ်မှာ ဂျာနယ်လ်

ရွေးနေတာ၊ BM ကားက တောင်ပေါ်ကနေ လူဆယ်ယောက်လောက် တွဲခို စီးလာတဲ့ ၁၀ရ လိုင်းကား နဲ့

ကားလေး ၂ စီးကို တစ်စီးပြီး တစ်စီး ဆက်တိုက်လာတာ မြင်တော့ ဒီရှေ့က ဂျာနယ်

အရောင်းကိုယ်စားလှယ်တွေ ဝယ်နေတဲ့သူတွေ အားလုုံး ထွက်ပြေးရတာပါဘဲ။ ကျွန်တော်ကံကောင်းလို့

နည်းနည်းလေးဘဲ လွတ်သွားတာ၊ ဂျာနယ်လ်တွေ အားလုံးတော့ ဆုံးသွားတယ်။

လူဆယ်ယောက်လောက်တော့ မလှုတ်တော့ဘဲ လမ်းဘေးမှာ စုပုံထားတယ်၊ လူနာတင်ယာဉ် ၂ စီးနဲ့ စုပြုံပြီး

ခွေးတင် ဝက်တင် တင်သွားတာပါ။ လူနာတွေရဲ့ အိမ်က လူတွေကတော့ သိကြမှာ မဟုတ်သေးဘူး။” ဟု

ကံကောင်း၍ အသက်ပါမသွားဘဲ လွတ်သွားခဲ့သူ ဂျာနယ်လ်ရောင်းသမားလေးက MMDailynews.com မှ သတင်းသွားယူနေစဉ် လူနာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ကြောင်း BM ကား၏

ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း၊ ယာဉ်ကြော မပိတ်ဆို့စေရေးအတွက်

ရှင်းလင်းဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိတစ်ဦး၏ ဌါနသို့ သတင်းပို့ချက်ကိုလည်း

ကြားသိခဲ့ရသည်။

3 comments

  • Hello Everyone

    January 27, 2011 at 3:40 am

    ကားတွေ ကလဲမကောင်း လမ်းစနစ် ကလဲ စုတ် ၊ ဒီရွှေဂုံတိုင် ပွိုင့် မှာ ဒီလိုဖြစ်နေတာ ကြာပြီပဲ၊ တခုခု တို့မလုပ် ဘူး။ အယူသီး ပြီးလူစားတယ် ဆိုပြီးမယောင်ရာ ဆီလူး တာတွေပဲလုပ်နေကြတယ်။ သေသွား ၊ဒဏ်ရာရသွား တဲ့သူ တွေ သူတို့ ကိုမှီခို နေရတဲ့ မိသားစု တွေတို့ ဒုက်ခပါပဲ။

    Reply

  • char too lan

    January 27, 2011 at 8:42 am

    ဟုတ်တယ် ကားတွေကတအားမောင်းတာ BM ကားတွေက တာမွေအဝိုင်းကနေဆူးလေ ကို ၅ မိနစ်ပဲမောင်းတယ်ဆိုပဲဗျာ ရွှေဂုံတိုင်ကလဲယဉ်ကြောကခပ်ရှုပ်ရှုပ်ရယ် နေ့တိုင်းသွားနေလာနေရတဲ့လူတွေတော့ အိမ်ကထွက်တာနဲ့ ကိုယ့်ကိုကိုယ် သရဏဂုံတင်ထားသင့်တယ်။ ကွေးကွေးရေ…..ကျေးဇူးပဲ

    Reply

  • kai

    January 27, 2011 at 9:30 am

    ကျုပ်အိမ်နားက … မီးပွိုင့်တခုက ..ခဏခဏ .. အက်စ်စိဒန့်ဖြစ်ခဲ့ဖူးတယ်..။
    ကားတာယာသံရှည်ကြီးကြားရတာလည်း မကြာခဏပေါ့..။
    လွန်ခဲ့တဲ့ ၁နှစ်လောက်က ..ရပ်ကွက်နောက်ဖက်မှာ .. အိမ်ယာစီမံကိန်းတခုလုပ်လိုက်တာ .. အခန်းပေါင်း ..ထောင်ချီတိုးသွားတာမို ့.. အဲဒီမီးပွိုင့်ကားစင်းရေဖြတ်တာ ..ထောင်ချီတိုးသွားလို့ ..လို့ထင်မိပါတယ်..။
    အဲဒီလိုဖြစ်နေတာမို ့.. မနက်အလုပ်သွားရင်..ခလေးကျောင်းသွားချိန်ဆို .. ရပ်ကွက်ထဲက အသက်ကြီးတဲ့ စီနီယာကြီးတွေ… အလံကလေးကိုင်ပြီး ..ကလေးတွေကို မီးပွိုင့်အကူး လမ်းပြပေးနေတာပေါ့..။
    ဗော်လံတီယာလုပ်ပေးကြတာပါ..။ အိမ်မှာထိုင်..ပုတီးစိတ်ပြီး ..ကားမတိုက်ကြပါစေနဲ့..မေတ္တာတွေ..သစ္စာတွေ ပို ့ပေးမနေကြပါဘူး..။ အနုုမြူရောင်လက်လက်အကျီဝတ်.. လမ်းပေါ်ဆင်းပြီး .. လမ်းပြပေးနေတာပါပဲ..။
    ဆိုတော့ ..ကလေးတွေ ..ကျောင်းသွားပြန်.. အန္တရာယ်ကင်းတာတော့ သေချာသွားပါတယ်..။

    တလောကတော့ .. ညကြီးမင်းကြီး ..မီးပွိုင့်ဧရိယာနားမှာ … ယာဉ်မရပ်ရဆိုင်းတွေလာတပ်ထားတယ်..။
    တညတော ့… ညကြီးမင်းကြီး ..မနက်၁နာရီလောက် ..ညအိပ်ရပ်ထားတဲ့ကား တွေကို ..ကားတင်ပြေးပါလေရော..။ ဆူညံသွားတာပဲ..။
    တိုးဆွဲ( ကရိန်းကားနဲ့ချိပ်ပြီးဆွဲ) သွားတာပါ..။
    နောက်.. အဲဒီ မီးပွိုင့်ဧရိယာနား … ပလက်ဖောင်ဘောင်ကို အနီမျဉ်းတွေဆွဲနေကြတာတွေ့ရတယ်..။(ကားပေးမရပ်တော့ဘူးပေါ့..)
    မီးပွိုင့်မျဉ်းတွေအကုန်ပြန်ဆွဲ.. မီးပွိုင့်ရဲ့ ၂လမ်းမောင်းလမ်းကျဉ်းလေးကို ..နည်းနည်းချဲ ့ပြီး ၃လမ်းမောင်းလုပ်..လိုက်ကြတယ်..။

    အခုထိတော့ .. တလလောက်ရှိပြီ..ဘာအက်စိဒန် ့.. ဘာဘရိတ်ဆွဲသံမှ မထွက်လာတော့ဘူး..။ မနက်-ညနေမှာတော့ .. စီနီယာစစ်ဒဇင်..ဗော်လန်တီယာတွေ ရှိနေတုံးပဲ..။

    Reply

Leave a Reply

Your email address will not be published.