မီးများမီးနိုင် (သို ့) Serve yourself

nigimi77January 25, 20111min010

…..ကောင်လေး  မင်းစိတ်ကူးမလွဲနဲ ့ …အကုန်လုံးက မင်းပြောတာမှားနေတယ်တဲ့။

ခေါင်းမာ မနေစမ်းပါနဲ ့။ မင်းထင်သလို အလုံးကြီး မဟုတ်ဘူးကွ… အပြားကြီး…။

(တစ်ခဲနက်…)  ဟုတ်တယ်…။ အပြားကြီး….အပြားကြီး…အပြားကြီး…။

ဟုတ်ရပါဘူးဗျာ..။

တယ်ခက်တဲ့ကောင်ပဲ။ မင်းတော့ သူများ တံတွေးခွက်ထဲမှာ မျောတော့မယ်..

မင်းအတွက် အနာဂါတ်တော့ မကောင်းတော့ဘူး…လုပ်လိုက်စမ်းပါကွာ..အများအော်နေ သလိုပဲ …

အပြားကြီးလို ့……။

ဟုတ်ရပါဘူးဗျာ….။

မင်း ငရဲကြလိမ့်မယ်။  ဘုရားသခင် ဖန်ဆင်းထားတဲ့ဟာကို မင်းက အလုံးကြီးလို ့ ပြောနေတယ်..။

မင်းတစ်ယောက်နဲ ့ အများ ငါက အများဖက်ကိုပဲ လိုက်ရတော့မှာကွ…။  ပြောလိုက်စမ်းပါ..

မင်းပြောတာ မှားနေတယ်လို ့ ဒီတစ်ခါ နောက်ဆုံး အခွင့်အရေးပဲ…။

ဟုတ်ရပါဘူးဗျာ….    ဂစ်………….။

…………………………………………………………….

(၁) ဟေ့လူ .. ဘာလုပ်နေတာလဲ ဒီကို အမြန် ကူးလာခဲ့..။ ခင်ဗျား ခါးနားရောက်နေပြီ…။

အေးရာ အေးကြောင်းပါဗျာ။ ကျုပ် ဘုရားသခင်ကို ယုံကြည်တယ်။ သူလာကယ်ပါလိမ့်မယ်..။

မိတ်ဆွေတို ့သွားနှင့်ကြပါ….။

(၂) ဟေး……ဟို တစ်ယောက်…လာလာ လှေဆီကို အမြန်ကူးလာ…။ ခင်ဗျား ရင်ဘတ်နား ရောက်နေပြီ…။

သွားနှင့်ကြပါ…..ဘုရားသခင် ကျုပ်ကို လာကယ်ပါလိမ့်မယ်….။

(၃) ဟိုး တစ်ယောက်  ကျုပ်တို ့လှေ ခင်ဗျားနားကို လာခဲ့မယ်..လည်ပင်းနားရောက်နေပြီ..နဲနဲ အားတင်းထား။

နေပါစေဗျာ…။ ကျုပ် ကို ဘုရားသခင်က လာကယ်မှာပါ….။

…..ဘုရား သခင်က  (၃) ကြိမ် တိုင်တိုင် ကယ်ခဲ့တယ်..။ 

………………………………………………………………..

လွတ်လပ်စွာ ပြောဆိုရေးသားဆွေးနွေးခွင့်  ?????

မြန်မာပြည်မှာ လွတ်လပ်စွာ ပြောဆိုရေးသားဆွေးနွေးခွင့် ကို ပိတ်ပင်ထားတယ်တဲ့….။  မဟုတ်ဘူး…။

မြန်မာတွေက မြန်မာတွေရဲ  ့ လွတ်လပ်စွာ ပြောဆိုရေးသားဆွေးနွေးခွင့် ကို ပိတ်ထားတာ…။

ရွာသားတွေ အချို  ့ ဆွေးနွေးမှု အဆုံးမသပ်နိုင်ကြဘူး…။ အဆုံးမသပ်နိုင်တော့ ပတ်ရမ်းတယ်…။

ရှုံ  ့ချတယ်။ ဝိုင်းနှိပ်ကွပ်တယ်…..။  ၁၀ဝ က ဆဲတော့ ဒါ ရှုံ  ့ချတာ။  ၁ ယောက်က ဆဲတော့  ဒါ မိုက်ရိုင်းတာတဲ့…။  မိုက်ရိုင်းသည်ဖြစ်စေ  ယဉ်ကျေးတာတွေကို အသာထား အသိဉာဏ် အတိုင်းအတာ

တစ်ခုနဲ ့ တွေးခေါ်ယူဆချက်ကို ဖော်ပြရာမှာ  ဘက်လိုက်သင့်လား…?  အများနဲ ့ အသံတူအော်မှ ကြိုက်တာလား…?  စာဖတ် တတ်တဲ့ လူဟာ ယူတတ်ရင် ဒီ post တွေ comment တွေဟာ အကျိုးရှိတာတွေပဲ။

Lီး Lချီး ဆဲတာ တစ်ခုမှ မပါဘူး..။   မိုက်ရိုင်းတယ်လို ့ပြောနေတဲ့ စကားလုံးတွေက ပိုကြမ်းတမ်းတယ်…။

အများနဲ ့ အသံတူ မထွက်တော့ ရေးသမျှ comment အားလုံးနီးပါးကို  ရှုံ  ့ချခံရတယ်…။ စစ်သား ဆိုတဲ့ အမည်ကို တပ်တယ်….။  ဘယ် အရာက အမှန်တရားလဲ….။  ဘက်လိုက်ပြီး  အသံတူအော်မှ အပေါင်း အသင်း လုပ်မယ် ဆိုရင်တော့  တစ်ယောက်ထဲပဲ ဆားနဲ ့ပဲ စားတော့မယ်….။ 

ရေးထားတာကို  အများအတိုင်း မအော်လို ့ အဖျက်ခံရသလား  မိုက်ရိုင်းတယ်လို ့ အများက သက်မှတ်လို ့ ဖျက်ခံရလားတော့ မသိဘူး….။ သိတာ တခုတော့ ရှိတယ်… ဒီ အပြုအမူတွေဟာ… လိုချင်တာနဲ ့ မတန်သေးဘူးဗျ..။

10 comments

  • zippo

    January 25, 2011 at 4:46 pm

    အားလုံးတွေဟာ လိုချင်တာတွေနဲ့မတန်သေးဘူးဆိုတာ အနော် လက်ခံချင်သလိုလို ဖြစ်မိပါတယ်၊
    သို့သော် ဘယ်သူ့ကြောင့်လဲ….ဘယ်သူတွေလုပ်နေတာလဲ…ဒီလိုဘဝအခြေအနေမျိုးနဲ့အားလုံးရင်ဆိုင်နေကြရတာလေ..
    ခင်ဗျားကြီး အသိခေါက်ခက် အဝင်နက် လုပ်နေတာ မဟုတ်လို့လား…
    တကယ်မသိဘူးဆိုရင် ရေပေါ်ဆီအတန်းအစားထဲက ဆိုတာ သေချာပြီပေါ့…ဒါဖြစ်ရင်လဲ ဇိမ်နဲ့နေစမ်းပါ…
    လာနောက်မနေနဲ့….။။။……

    Reply

  • Hello Everyone

    January 25, 2011 at 5:16 pm

    တခါတလေတော့ မတူကွဲပြားတဲ့ အမြင၊်အတွေးတွေ ကို ကြားရ၊မြင်ရ၊ဖတ်ရချင် ပါတယ်။ ရေးပါ အမြင်မတူခဲ့ ရင်လဲ မဆဲပါဘူး။ (နဲနဲပါးပါးတော့ ဝေဖန်မှာပေါ့)

    Reply

  • etone

    January 26, 2011 at 2:57 am

    ဟုတ်ရပါဘူးဗျာ..။ ရေးထားတဲ့ အပြာရောင်လေးက ဘယ်လိုလုပ်တာလဲဟင် ။

    Reply

  • manawphyulay

    January 26, 2011 at 3:37 am

    သိတာ တခုတော့ ရှိတယ်… ဒီ အပြုအမူတွေဟာ… လိုချင်တာနဲ ့ မတန်သေးဘူးဗျ..။

    ဘယ်နေရာမဆို ဒီလိုပါပဲ ပေးတာနဲ့ ယူတာ မတန်နေရုံနဲ့ လုပ်ချင်တာ ပြောချင်တာတွေကို ပြောခွင့်မရှိတော့ဘူးလို့တော့ မထင်ပါနဲ့။ လောကမှ အပင်မြင့်လျှင် လေတိုက်လေပဲတဲ့။ ဒီတော့ ကိုယ့် လေအရမ်းတိုက်ခံလာပြီးဆိုရင် အပင်မြင့်လာနေပြီလို့ ခံယူထားလိုက်ရင် သဟဇတ နည်းနည်းတည့်လာမယ်မြင်မိပါတယ်။

    Reply

  • nigimi77

    January 26, 2011 at 3:45 am

    အလွန် အဖိုးတန်တဲ့ စကားလုံးပါ။ ကျေးဇူးတင်ပါတယ်။

    Reply

  • အာဖျံ ကွီး

    January 26, 2011 at 4:01 am

    အဟတ် .. မ မနောတော့ … ကိုယ့်ဆရာ ရှေ.မှာ ဘယ်လိုပို.စ်တွေရေးခဲ့တရ်ဆိုတာ မသိပဲနဲ. ပြောနေပြန်ပါပီ ….
    အပင်မြင့်လို.လေတိုက်တာ …. ဆိုပဲ … ကိုယ့်ဆရာတော့အကြိုက်တွေ.ပေါ့ …..
    ဘယ်ဟုတ်မလဲ … အခုက … နံနေလို. ရေနဲ.အဆေးခံရတာ ….
    အိုခေလား ….
    နှိုင်းဖို.မတန်တဲ့ ဥပမာနဲ.မနှိုင်းစမ်းပါဗျာ ….

    Reply

    • Hello Everyone

      January 26, 2011 at 5:04 am

      အရင် Post တွေရှာဖတ် ကြည့်ဦးမယ်။

      Reply

    • R Ga

      January 26, 2011 at 7:49 am

      ကွီးရေ…………ဟိုသီချင်းထဲကလိုပဲ ဖခင်ဘုရင်ကြီးမှာ….မပြောလိုပါ…မပြောလိုပါ..။ (မှတ်ချက် ဆဲခြင်းမဟုတ်ပါ.. သီချင်းဆိုခြင်းဖြစ်ပါသည်။) 🙂
      😛

      Reply

  • yuyu

    January 26, 2011 at 10:07 am

    ကိုယ့်ယုံကြည်ချက်ကို လွတ်လပ်စွာပြောဆိုပိုင့်ခွင့်ရှိပါတယ်
    သူတပါးကို မထိခိုက်မနစ်နာဘူးဆိုရင်ပေါ့
    အများမိုးခါးရေသောက်လို့သောက်ရတာမျိုးတော့ မကောင်းဘူးပေါ့
    နားလည်မှု့လွဲနေတာဆိုရင်လဲ ရွာသူရွာသားအချင်းချင်းပြန်ညှိလိုက်ရင် အဆင်ပြေသွားမှာပါ

    Reply

  • nigimi77

    January 26, 2011 at 12:00 pm

    အာဖျံကွီး မင်း ခါးက ခိုင်လှချည့်။ မင်းပြောသလိုဆို မနောက ဘာမှန်းညာမှန်း မသိ ရမ်းသမ်းပြီး မန်းတယ်ဆိုတဲ့ သဘောလား။ နံလို ့ပဲဆေးဆေး Tissue နဲ ့ပဲ သုတ်သုတ် မင်းခေါင်းပေါ်မှာ နံတာမဟုတ်တဲ့ အတွက် ကိုယ့်အလုပ်ကိုယ်လုပ် ဟုတ်ပြီလား။ အများ အတွက် အကျိုးရှိမဲ ့(ဖွန် စာ မဟုတ်တဲ့) post လေးးဘာလေး ရေးပါဦးကွ။ ဖတ်ချင်ပါတယ်။ ဦးဏှောက်ကို အလုပ်လေး ဘာလေး လုပ်ခိုင်းဦး။
    ဖွန်စာတွေပဲ ရေးနေရင် မင်း (ရော်) နေတာ လူသိတယ် ကောင်လေးရဲ ့။ ခက်တာက မင်းဖော်ပြခဲ့တဲ့ အများနာရင် ကိုယ်ပါနာ အများအော်ရင် ကိုယ်ပါအော် ဆိုတာမျိုး ကို ငါ့ အသက် ၂၂ တုန်းက ဘာလို ့ မစဉ်းစားမိပါလိမ့်။

    Reply

Leave a Reply

Your email address will not be published.