Pandora recorvery ဆော့ဝဲလ်လေးပါ

manawphyulayJanuary 26, 20111min02

မနော ကင်မရာထဲက ကတ်ထဲက ဓာတ်ပုံတွေကို မှားပြီး ဖျက်မိပါတယ်။ လူက ပြာသွားပါရော။ သူများ မွေးနေ့အမှတ်တရ ရိုက်ထားတာတွေ အကုန်ကုန်ပြီဆိုပြီးတော့ ဘယ်လိုပြန်လုပ်ရမလဲ စဉ်းစားတယ်။ စက်ပေါ်တင်လိုက်တာကိုလည်း စက်က ပြန်ရမ်းလိုက်တော့ အကုန်ပြောင်သွားတယ်။ အင်တာနက်ဆိုင်က ကောင်လေးတွေက အမ စက်ပေါ်က ဒေတာတွေက ပြန်မရတော့ဘူးတဲ့ မနောကို ပြောတော့ မဖြစ်နိုင်ဘူးပေါ့။ ဘာလို့ ပြန်မရတော့မှာလဲဆိုတော့ ကျွန်တော်တို့ စက်ကို အသစ်ဖြစ်အောင် ဆော့ဝဲလ်ရှင်းတဲ့ဟာ ထည့်ထားတာပါတဲ့ ကဲ ဒါဆို အရင်ဒေတာတွေ အကုန်ပြန်ပေါ်ရင် ကော်ဖီတိုက်မလားလို့ မေးပြီး မနောပဲ ဘယ်ရမလဲ ဆော့ဝဲလ်တွေရှာပြီး လုပ်တော့ ဒေတာတွေအကုန်ပြန်ပေါ်တယ် ဆိုင်ကလဲ အံ့ဩနေတယ်။ ကျွန်တော်တို့လုပ်ကြည့်ဖူးတယ် မရဘူးတဲ့။ ဘာဆော့ဝဲလ်သုံးလည်းပေါ့ မေးတော့ ပေါ်တာပဲရှိတယ်လို့ ခုသုံးတဲ့ဆော့ဝဲလ်က အန်ခရစ်တွေ ဒီခရစ်ပြန်လုပ်မှ ရမှာလေ ဘယ်လိုပဲဖွင့်ဖွင့် ဒေတာထွန်စဖာ ပြန်လုပ်ရမှာဆိုတော့ သိပ်အဆင်မပြေဘူး။ ဒါနဲ့ ဆိုင်မှာ တော်တော်သုံးတာ ပိုက်ပိုက်က ကုန်ခံနီးတော့ နောက်ဆုံးတစ်ခု ပန်ဒါကို ဒေါင်းလိုက်ပြီး အိမ်မှာစမ်းမယ်ဆိုပြီး ယူသွားလိုက်တယ်။ အိမ်ရောက်တော့ ကဒ်ထဲက ဒေတာပြန်ရှာချင်တော့ ကဒ်ကို ကင်မရာထဲကနေ တပ်ပြီး လုပ်ကြည့်တော့ အလားလား အတော်အဆင်ပြေတယ် မြန်လည်း မြန်တယ်. သုံးရတာလည်း လွယ်တယ်။ ချက်ချင်း သိပ်မကြာဘူး ကဒ်ထဲမှာ ဖျက်ထားတဲ့ပုံတွေ အကုန်ပြန်ပေါ်လာတယ်။ ရက်ကြာတဲ့ပုံတွေတော့ မရတော့ဘူးပေါ့။ ဒီဆော့ဝဲလ်က ရက်သိပ်မကြာရင် လိုချင်တာ ပြန်ရမယ့် အနေအထားဖြစ်နေတာကို တွေ့ရတဲ့အတွက် မနော စမ်းသပ်ပြီး ပြန်လည် မျှဝေလိုက်ပါတယ်။ အသုံးတည့်ကြမယ်လို့ ထင်ပါတယ်နော်။

သူငယ်ချင်းတို့ စက်ထဲက၊pen drive ထဲက floder တွေ(photo/mp3/….) ဖိုင်တွေကို မှားပြီးတော့ delate လုပ်မိတယ် format လုပ်မိလို့ ပြန်ရှာမရဘူးဆိုရင် ဒီကောင်လေးက ကူညီပြီးရှာပေးနိုင်တယ်နော် free လေးပဲ သုံးလို့လဲ လွယ်ကူပြီး အဆင်ပြေတယ် လိုအပ်ရင် တော့ ဒီမှာယူလိုက်နော်
ဒါရိုက် down ချင်ရင်တော့ ဒီနေရာလေးမှာ ယူလို့ရတယ်

2 comments

Leave a Reply

Your email address will not be published.