တပ်ပြေးအဖြစ်ဖမ်းခံရတဲ့ကလေး ပျောက်ဆုံးနေ

ဂ်စ္စူJanuary 25, 20111min05

တပ်ပြေးအဖြစ်ဖမ်းခံရတဲ့ကလေး ပျောက်ဆုံးနေ

အမရပူမြို့နယ် ဆင်ရွာမြင်းမူးက ဦးကျော်တင့် ဒေါ်ခင်လေးမာတို့ရဲ့ အသက် ၁၅ နှစ်အရွယ် မောင်ကျော်ရဲအောင်ဟာ ၂၀၀ရ ခုနှစ်က ၉တန်းစာမေးပွဲကျလို့ စိတ်ညစ်ပြီး သူတို့ရွာက တပ်သားတချို့ရှိတဲ့ မန္တလေးတံခွန်တိုင်ရပ်က လေ့ကျင့်ပညာသင်ကျောင်း ထောက်ပို့တပ် (ပလခ ၂) ကိုသွားနေခဲ့ပါတယ်။ အဲဒီတပ်မှာ အသက်မပြည့်သေးလို့ သူ့ကိုထိမ်းသိမ်းလေ့ကျင့်ပေးနေတုန်း ၆လရှိလာတော့ မပျော်လို့ဆိုပြီး ကသာမြို့နယ်က စစ်တကောင်းအရပ်ကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ တနှစ်ပြည့်တော့ အိမ်ကပြန်ခေါ်ပြီး မြို့နယ်မီးရထားရုံးမှာ အလုပ်သွင်းပေးထားလို့ တနှစ်ကျော်ကာမှ ကျောက်ဆည်အခြေစိုက် ခလရ ၁၄ တပ်ရင်းက တပ်ကြပ် အောင်ကျော်ဇံ နဲ့အပေါင်းပါ ၄ယောက်ကနေ မောင်ကျော်ရဲအောင်ကို တပ်ပြေးဆိုပြီး ဖမ်းခေါ်သွားတယ်လို့သိရပါတယ်။ မောင်ကျော်ရဲအောင် အိမ်ပြန်လာတဲ့အခြေအနေနဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ပြန်လည်ဖမ်းဆီးသွားတဲ့ အခြေအနေကို အဘိုးဖြစ်တဲ့ ဦးသိန်းအောင်က ခုလိုပြောပြပါတယ်။

နှစ်မပြည့်တဲ့ စစ်သားတွေကို တပ်ကနေ အိမ်ပြန်ပြီးတော့ ပို့ပေးတယ် ဆိုတော့ ကျနော်တို့ကလည်း ဘာမှ မဖြစ်လောက်ဘူးထင်ပြီးတော့ အိမ်ကို ပြန်ခေါ်ထားလိုက်တယ်ခင်မျ။ မီးရထားစက်ရုံမှာ အလုပ်သွင်းပေးထားတယ်ခင်မျ။ မြို့နယ်မီးရထားစက်ရုံကနေပြီးတော့မှ စစ်ပြေးဆိုပြီးတော့မှ လာပြီးတော့ ခေါ်သွားတာလို့ လုံခြုံရေးမှုးက ပြောပါတယ်ခင်မျ။

မောင်ကျော်ရဲအောင်ဟာ ပလခ ၂ မှာလည်း အသက်မပြည့်သေးလို့ စစ်သားစာရင်းမသွင်းရသေးဘူးလို့ဆိုပါတယ်။ ခုဖမ်းခေါ်သွားတဲ့ ခလရ ၁၄ ကျောက်ဆည်တပ်ရင်းမှာလည်း မောင်ကျော်ရဲအောင် မရှိဘူးပြောတဲ့အတွက် ကလေးပျောက်နေလို့ မိသားစုက စိတ်ပူနေရတဲ့အကြောင်း ဦးသိန်းအောင် ဆက်ပြောတာကတော့

ပလခ ၂ကလည်း သူ့ကို အသက်မပြည့်လို့ လွှတ်ထားတဲ့အကြောင်း။ စစ်ပြေးလည်း မကြေငြာတဲ့အကြောင်း၊ အဲ့တာတွေပဲ ကျနော်တို့ ပြောလိုက်တယ်။ ပလခ ကို ကလေးတွေ သွားစုံစမ်းတော့ တပ်ရင်းဗိုလ်ကြီးက သူလည်း ကလေးကို ဖမ်းဖို့ဆီးဖို့ မလွှတ်ဘူးတဲ့ တပ်ရင်း ၁၄ မှာလည်း ရောက်မလာဘူးဆိုတာကို ကျနော်တို့ အကြောင်းပြန်လိုက်တယ်။ တကယ်လို့ သူ့မှာ ပြစ်မှုကျူးလွန်တယ်ဆိုလို့ရှိရင်လည်း ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးလိုက်ပါ။ နော်။ အခု ကိစ္စက ခေါ်သွားတယ်။ ဘယ်ရောက်လို့ ရောက်နေမှန်းမသိဘူး။ မခေါ်သလို ဘာလိုလို။ ကြားထဲမှာက ပျောက်ဆုံးနေတယ်ဆိုတော့ ကျနော်တို့ မိဘတွေအနေနဲ့ကလည်း စိတ်ပူတာပေါ့ခင်မျ။

တပ်ပြေးအဖြစ် ဖမ်းဆီးခေါ်သွားတာခံရသူ မောင်ကျော်ရဲအောင်ရဲ့ အဘိုး ဦးသိန်းအောင် ပြောပြသွားတာပါ။ ဒီကလေးရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့အတူ သက်ဆိုင်ရာနဲ့ ကလေးစစ်သားအရေးကို အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ကူညီပေးနေသူတွေကတဆင့် အိုင်အယ်လ်အိုကို ဆက်လက်တိုင်ကြားမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့လကလည်း ပဲခူးတိုင်း ဝေါမြို့နယ် တောစွန်းရွာမှာ တပ်ကပြေးလာတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဇင်အောင်ကို မိဘနဲ့နေတာကြာကာမှ ဖမ်းသွားပြီး ထောင် ၃ နှစ်ခွဲပြစ်ဒဏ်ပေးခဲ့ပါသေးတယ်ခင်များ။

Credit to:အညာနွေတမာမြေ

5 comments

  • cobra

    January 25, 2011 at 5:30 am

    စိတ်ဓာတ်တွေကိုကအောက်တန်းကျကြတာ…
    သူတို့တွေပြန်ခေါ်ထားတာဖြစ်ဖို ့များပါတယ်.။

    Reply

  • yuyu

    January 25, 2011 at 7:57 am

    ခေါ်ထားရင်လဲ ခေါ်ထားတယ်ပြောပေါ့နော်
    အခုတော့လူကြီးတွေကဘယ်ရှာလို့ရှာရမှန်းမသိနဲ့ အရူးမီးဝိုင်းဖြစ်နေတာပေါ့

    Reply

  • narziparty2009

    January 25, 2011 at 5:42 pm

    တော်တော်ကိုအောက်တန်းကျတဲ.ကောင်တွေ
    သူတို.မခေါ်လို.ဘယ်သူကခေါ်မှာလည်း
    ခေါ်ထားရင်လည်းပြောပေါ.
    မိဘတွေကအရမ်းစိတ်ပူနေမှာမသိဘူးလား
    လူလိုမသိတဲ.ကောင်တွေ
    ကျွန်တော်.သူငယ်ချင်းတစ်ယောက်လဲအဲလိုပဲစစ်ထဲဝင်တာသွားတွေ.တော.မရှိဘူးမသိဘူးပြောတယ်လက်ခံတော.သူတို.ပဲခံပြီး

    Reply

  • chitsayar

    January 26, 2011 at 2:29 am

    အရမ်းအရမ်းကို ရက်စက်ကြတာဘဲနော်….

    Reply

  • etone

    January 26, 2011 at 6:30 am

    ဒါမြန်မာပြည်လေ … တရားတာ မတရားတာ မသိဘူး ။ သူတို့ လုပ်ချင်ရင် လုပ်မှာပါပဲ …။ စိတ်ကိုက မျောက်စိတ်ပေါက်နေတဲ့အကောင်တွေဆိုတော့ ……………. မပြောတော့ပါဘူး ။ တော်ကြာ သူမွေးထားတဲ့ဟာတွေ မြင်သွားရင် အချောင် ဟောင်ခံနေရဦးမယ် ။ ဟောင်ရုံဆိုတော်သေးတယ် … လိုက်ကိုက်မှဖြင့် တို့ရွာဆေးရုံမှာ ခွေးရူးပြန်ကာကွယ်ဆေးကလည်း မရှိ ၊ ရွာထဲက ဒေါက်ဒေါက်တွေကလည်းမရှိတော့ ( နိုင်ငံခြား လစ်ကုန်ပြီလား) ဆေးဈေးကလည်း သောင်းဂဏန်းအစွန်းကိုရောက်နေပြီ … စီးပွားရေးကျလို့ ပိုက်ပိုက်ကလည်း မရှိဆိုတော့ … သေရကိန်းဆိုက်မှာမို့ … ဝေါင်ဝေါင်ရှေးရပါတယ် ။

    Reply

Leave a Reply to narziparty2009 Cancel Reply

Your email address will not be published.