လွတ်လပ်စွာဆွေးနွေးကြပါစို့- (၂)

ေၾကးမံုJanuary 24, 20111min06

*(၂) တန်းစီစနစ် ( လူအများသူငှာ တန်းစီနေတဲ့ အချိန်မှာ ကြားဖြတ်ဝင်တာမျိုး။
လုပ်သင့် သလား။မလုပ်သင့်ဘူးလား ။ )*

ကြားဖြတ်ဝင်တာ ပိုကောင်းတာပေါ့။မြန်ဆန်တာပေါ့။လုပ်သင့် ပါတယ်။ဘာဖြစ်လဲ။

ဒီလိုဘဲလွယ်လွယ်တွေးမှာလား။

ဒါကိုများ ရေကြီးခွင်ကျယ်လုပ်ပြီးပြောနေရသေးတယ်။

အပိုတွေပါလို့ သုံးသပ်လို့ ရပါတယ်။

ဒါပေမဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလာပြီ။အကြောင်းအမျိုးမျိုးကြောင့်
သူများနိုင်ငံတွေ ကို
အလည်အပတ်ဘဲဖြစ်ဖြစ်။အလုပ်ဘဲသွားလုပ်လုပ်။ ပညာဘဲသွားသင်သင်။

( ဈေးဘဲဝယ်ဝယ်။ အိမ်သာဘဲ တက်တက်။ မြေပေါ် မြေ အောက် ရထားဘဲ စီးစီး။ကားဘဲ
စီးစီး။

ရုပ်ရှင်ရုံ။ ကလေး ကစားကွင်းပါ မကျန် ။ ဘယ်နေရာဘဲသွားသွား။ဘာဘဲလုပ်လုပ် )
တန်းမစီဘဲ
ကြားဖြတ်ချင်ရင် တော့

ဒီအမူအကျင့်တွေ မပြင်လို့ ကတော့ ရွှေမြန်မာတွေ ဘယ်လောက်ဘဲ ရွှေထွက်နေပါစေ ။

အထင်သေးခံရပြီသာမှတ်ပေတော့။

ကျမတို့ ဆီ မှာကတော့ ဒီလို ကြားဖြတ်ဝင်လိုက်ရတာကို ဂုဏ်ယူစရာလို့များ
မှတ်ယူနေမလားမပြောတတ်ပါဘူး။

တစ်ချို ့ ဆိုရင် မျက်နှာက စပ်ဖြဲဖြဲ နဲ့ ။ အနိုင်ရသွားတဲ့ ပုံစံလိုလို။

ကျမလို မိန်းမ မျိုးနဲ့ တွေ့ ရင် က တော့ ( အသက်ကြီး ၊ငယ် ။ မိန်းမ ၊
ယောက်ကျား၊ဆင်းရဲ ၊ချမ်းသာ။) မရွေး

လူရှေ ့ မရှောင် ၊ပြောင်ပြောင် တင်းတင်း ၊ ရှုံ ချ ပြောဆို ပြစ်စမြဲပါဘဲ။

အထူးသဖြင့် အဆိုးဆုံးက ဈေးဝယ် center တွေမှာ အများဆုံးတွေ့ ရ ပါတယ်။

ကျမ ရှေ ့ က လူက ပြောချင်မှ့ ပြောမယ်.ကျမ ကတော့ အမုန်းခံပြီး

( မရှက်ဘူးလား။ဒီလိုနေရာမျိုးဈေးဝယ်လာပြီး ဒီလို လုပ်တာ။
လမ်းဘေးစရိုက်ဆန်တယ်။ဝတ်စားထားတာမှ့ အားမနာဘူး။ ဒီလိုလုပ်တာ ဂုဏ်ယူစရာလား ။)
စသဖြင့် ရှက်သွား။မှတ်သွားလောက်အောင် စကားလုံး ကြမ်းကြမ်း သုံး ပြီး
မျက်နှာထားခပ်မာမာ နဲ့ ပြောပြစ်ပါတယ်။

လုံးဝနှုတ်ပိတ်ရေငုံ အားနာမနေပါ။
အခုတစ်လော ကြံ ုတွေ့ ရ တာက တော့ ကားဓာတ်ဆီ တန်းစီတဲ့ နေရာတွေမှာ
ကျမ နဲ့ မှကို တည့်တည့် တိုးတာဘဲ ။

အဲယားကွန်စက်ကုန်ဖွင့်။မှန်အလုံပိတ် နဲ့ ။ နောက်ဆုံးပေါ် နံပါတ် နဲ့ အပျံစား
ကားတစ်စီး

လူရည်သန့် တစ်ယောက် .ကျမ ကားရှေ ့ က ဖြတ်ဝင်ဖို့ လုပ်နေတုံး ။နောက်ကကားတွေ က
ဟွန်းတီးတာ ညံနေတာဘဲ။

ကျမကတော့ ဟွန်းတီးမနေတော့ဘူး။ ပတ်ဝန်းကျင်ကိုနှောက်ယှက်ရာရောက်နေမှာစိုးလို့လေ။

ကား အောက်ကို ဆင်းပြီး ။ကားဘောနက်ကိုလက်နဲ့ တဘုံးဘုံး သွားရိုက်ပြစ်ပြီး
အဆဲအဆိုမပါပေမဲ့ လည်း စကားလုံးရင့်ရင့်တော့ ပြောပြစ်ခဲ့ပါတယ်။
ကျမ ရဲ ့ အပြု ့ အမူ တွေ ရိုင်းရင်ရိုင်းနေပါလိမ့်မယ်။

ကျမ က အမျိုးသမီး ဆိုပေမဲ့ ။ စည်းကမ်း မရှိ လုပ်တဲ့ လူမျိုး ကိုတွေ့ ခဲ့ ရင်
တော့ ဘယ်တော့ မှ့ စကားချို ချို ပြောလေ့ မရှိပါဘူး။

စကားချိုချို မပြောတတ်တာ ကျမ ရ ဲ့ အားနည်းချက် တစ်ခု့ဘဲဖြစ်ပါတယ်။
ဒါကိုလဲ ကျမ ကိုယ်တိုင် လူမှုဆက်ဆံရေးမှာပြင်ရဦးမှာတော့သေချာပါတယ်။

ကျမ စကားမချိုမသာ ပြောမိတာကလဲ မြင်တွေ့လိုက်ရ တဲ့ မြင်ကွင်းတွေ အပေါ်မှာ
ရုတ်တရက် လက်မခံနိုင်တာလဲဖြစ်နိုင်ပါတယ်။
ပုံမှန်လူမှုဆက်ဆံရေးတွေ မှာတို့ ဒီလိုမျိုး စိတ်ဓာတ် မိုက်ရိုင်းလေ့မရှိသလို ။
လုပ်ရပ်လဲ မိုက်ရိုင်းလေ့ မရှိဘူးပါဘူး။

6 comments

  • kai

    January 24, 2011 at 9:44 pm

    အခုလိုတကယ်လုပ်ခဲ့တာကို လေးစားမိပါတယ်..။
    လူ့တန်ဖိုးနားလည်တဲ့ တူတိုင်းလုပ်သင့်တာပါ.။
    ==
    တကယ်တော့ ဒီဖြတ်ကျော်အကျင့်ဟာ မြန်မာတွေမှာ အရိုးထဲစွဲနေတာလို့မြင်ပါတယ်။
    အဓိက ကတော့ စံနစ်ပါပဲ။
    မဆလ ခေတ်မှာ တိုင်းပြည်အတွက် အထူးလူတန်းစားတရပ်တည်ဆောက်ရာမှာ .. တပ်မတော်သားတွေကို အရပ်ဖက်အုပ်ချုပ်ရေးအလုပ်တွေထဲ ရာထူးအဆင့်ရဲ့ လုပ်သက်နဲ့ တန်းစီမဝင်စေပဲ ဖြတ်ကျော်ဝင်စေခဲ့တာက .. အရိုးစွဲအောင်နာရင်း .အသည်းထဲကမှတ်ကုန်ကြတာလို့ တွေးမိပါတယ်..။

    အဲဒီလိုလုပ်တော့ … လုပ်သက်ရင့် မန်နေဂျာကြီးတယောက်ရဲ့ အလုပ်စဝင်တဲ့နှစ်ဟာ သူ့အပေါ်ကဖြတ်ဝင်လာတဲ့ တပ်မတော်သားတယောက်ရဲ့ မွေးနှစ်နဲ့ တူတဲ့အထိလည်း ဖြစ်ကုန်ကြတာပေါ့..။
    တကယ့်..မျက်မြင်လက်တွေ့ပါ။
    အခုထိလည်း ..ဒီစံနစ် ရှင်သန်နေတုံးပဲ..။

    နောက်တခုက .. ဘာသာရေးအယူအဆ..။
    လူတယောက်ဟာ အထက်တန်းမအောင်စေဦး.. အသက်၂ဝမှာ သင်္ကန်းသာစည်းပြီး ..ဘုန်းကြီးဝတ်လိုက်..။
    ဓမ္မကိုနားလည်သည်ဖြစ်စေမလည်သည်ဖြစ်စေ.. ။ ဗုဒ္ဓဘာသာကို သိနားလည်သဘောပေါက်သည်ဖြစ်စေ ..မသိသည်ဖြစ်စေ..။
    သင်္ကန်းကို .. ကိုယ်တိုင်မှန်ရှေ ့ရပ်ပြီး ကောက်ပတ်လိုက်သည်ဖြစ်စေ..။ စံနစ်တကျ..လုပ်ထုံးအတိုင်း ရဟန်အဖြစ်ခံလိုက်သည်ဖြစ်စေ..။
    ဒေါက်တာရိတ်အဆင့်ရှိတဲ့..ပညာတတ်လူကြီးတွေကစလို့ .. နိုဗယ်ရထားတဲ့ ပညာရှင်အဆင့်အထိ ထိုင်ကန်တော့ သင့်တယ်လို့ အခွင့်ပေးထားတဲ့ ထေရဝါဒဗုဒ္ဓဘာသာရေးအယူအဆပဲ.။
    အဲဒီကနေ .. ဘာမှနားမလည်တဲ့သူက ..ခုံပေါ်ထိုင်ပြောသမျှ ..အောက်ကလက်အုပ်ချီထိုင်နေတဲ့ ..ပညာတတ်ကြီးတွေ ..ပြန်ပြောမရ.. ဆွေးနွေးမရဖြစ်ကုန်တဲ့ ဉာဉ်ပါဝင်ကုန်တော့တာပေါ့..။
    ဒါတွေဟာ .. ပုဂ်ဂလိက တဦးချင်းစီမှာ .. ဘာအခြေခံအရည်အချင်းမှမရှိပဲ(ပြဖို့မလိုပဲ).. အလိုအလျှောက်.. ဖြတ်တက်နိုင်ဖို့ဖန်တီးထားတဲ့ .. စံနစ်နဲ့ ..ဘာသာရေးအယူ ကိုပြနေတယ်.။

    နောက်ပြီး .. အခြေခံလူ့အခွင့်အရေးကို .. မြန်မာပြည်ရဲ့ အခြေခံအခွင့်ထူးခံလူတန်းစားင်္ကြီး၂ရပ်က ချို းဖေါက်နေပြီးဖြစ်နေတယ်လေ..။

    UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.
    * All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    Reply

    • bigcat

      January 25, 2011 at 3:42 am

      လူဝတ်ကြောင်တွေက သင်္ကန်းစီးလိုက်သူကို ရှိခိုးဦးချတယ်ဆိုတာ သံဃာဂုဏ်ကို ရည်မှန်းပြီး ကန်တော့တာပါ။ ဒါပြောရိုးပြောစဉ် ဖြေရှင်းနည်းမျိုးပါ။ ကျနော်က နဲနဲချဲ့ပြောချင်ပါတယ်။ သူ့ကိုအပြင် ကာယအမူအယာနဲ့ ရှိခိုးပြီး ကိုယ့်အတွင်းစိတ်သန္တန်မှာ ဖြစ်ပေါ်လာတဲ့ သဒ္ဓါစိတ်၊ ရွှင်လန်းစိတ်၊ ငြိမ်းအေးစိတ်၊ သံဝေဂတရား စတဲ့ ကုသိုလ်စိတ်ကို ပြန်ယူတာပါ။ သာမန်နေရင် လူတိုင်းဟာ အတ္တဖြစ်လို့ မိမိကိုယ်မိမိ နှိမ့်ချစိတ်၊ ကုသိုလ်စိတ်တွေ မပေါ်ပါဘူး။ မေတ္တာပို့တာကို အာနာပါနလိုမျိုးနဲ့ တွဲလုပ်ကြည့်ပါ။ တဖက်သား ကိုယ့်မေတ္တာရ မရတော့မသိဘူး၊ ပို့သူကတော့ စူးစူးစိုက်စိုက်လုပ်နိုင်ရင် စိတ်ကလေးငြိမ်ဝပ်နေပြီး ငြိမ်းအေးပါတယ်။ ပေးဆပ်ခြင်းမှ ရယူခြင်းဆိုတဲ့ တကဲ့ခံစားမှုပါ။ သံဃာဂုဏ်ကို ရည်မှန်းကန်တော့ခြင်းဟာလည်း ထို့အတူပါပဲ။ သံဃာသည် သီလ၊ သမာဓိ၊ ပညာ ဆိုတာသိရင် ဒုလ္လဘကိုယ်တော်ကို ဦးချတောင် လူနဲ့သင်္ကန်း ခွဲမြင်တတ်လို့ မပြောရဲ မဆိုရဲ ကြောက်စိတ်မဖြစ်ပါဘူး။ လောကီစွမ်းတဲ့ ကိုယ်တော်များကို မဆန်းစစ်ပဲ ကိုယ်ကျိုးအတွက် ဘုရားတရားမေ့ ကိုးကွယ်ခြင်းမျိုးသာ စစ်ဗိုလ်များ၏ ဗိုလ်ကျအခံရခြင်းမျိုးနှင့် တူပါသည်ခင်ဗျား။

      Reply

  • လင်းဝေကျော်

    January 25, 2011 at 2:38 am

    တန်းစီစနစ်ပျောက်နေတာ မြန်မာပြည်မှာ ရုပ်အပျက်ဆုံးပါပဲ။
    ဈေးဝယ်စင်တာမှာ ကြားဖြတ်တာ ( ကိုယ့်ကိုဖြတ်တာမဟုတ် ) ကိုယ့်နောက်ကလူကိုဖြတ်တာတောင် မနေနိုင်လို့ ပြောခဲ့သေးတယ်။
    လေဆိပ်မှာ တခါတုန်းက (အထွက်ကို) လဝက တန်းစီနေတုန်း ကောင်လေးတွေ က ဘေးလိုင်းမှာ ဘာပြောသလဲဆိုတော့ တန်းစီမနေနဲ့ ဟေ့ကောင် ဒါ စလုံး မဟုတ်ဘူးတဲ့။
    နားရင်းအုပ်လိုက်ချင်တာ။ လူတွေကြည့်တော့ စုတ်ချာချာနဲ့ကို။

    Reply

  • manawphyulay

    January 25, 2011 at 3:43 am

    ဒီမှာက ကြားဖြတ်တာ အကျင့်ပါနေတာ ကြာပြီလေ။ သူများ နိုင်ငံသွားတဲ့သူတွေတော့ အတော် သတိထားမှ မြန်မာဆိုတဲ့ ဂုဏ်လေးတော့ ထိန်းသင့်တာပေါ့။

    Reply

  • char too lan

    January 25, 2011 at 10:31 am

    *ကျမတို့ ဆီ မှာကတော့ ဒီလို ကြားဖြတ်ဝင်လိုက်ရတာကို ဂုဏ်ယူစရာလို့များ
    မှတ်ယူနေမလားမပြောတတ်ပါဘူး။တစ်ချို ့ ဆိုရင် မျက်နှာက စပ်ဖြဲဖြဲ နဲ့ ။ အနိုင်ရသွားတဲ့ ပုံစံလိုလို။* အမပြောတာမှန်တယ် တန်းစီရတဲ့နေရာတွေမှာ လူဆိုးအမြဲဖြစ်ဖြစ်သွားတယ် ဖုန်းဘေဆောင်တဲ့နေရာဆို သွားကိုမသွားတော့ဘူး မြင်ရရင် ဒေါသပါလိုက်လာတယ်
    အဲ့ဒါလဲ ပြင်ဖို့တော်တော်ခက်ပါတယ် အမရယ် …………. 🙁

    Reply

  • shweminthar

    January 25, 2011 at 11:21 am

    ဟုတ်တယ် ကျနော်လဲ ကားတန်းစီတဲ့ နေရာမှာ လွန်ခဲ့ တဲ့ ၄၊၅ နှစ်လောက်က ရန်ဖြစ်ဖူးတယ်။ ဒါမျိုး ကြားဖြတ်တာ မကောင်းတာ တော့ အမှန်ဘဲ ။ ကျနော်လဲ လက်မခံ နိုင်ဘူး။

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.