ကမော္ဘဒီးယား အကျဉ်းစခန်း (၁၉၇၅-၁၉၇၉)

ဆူးJanuary 25, 20113min021

အစွန်းရောက် ကွန်မြူနစ် ဝါဒီတွေ ထွန်းကားတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒ သိသလောက်ကတော့ ဆင်းရဲသားတွေ ရှေ့တန်းတင် ပညာမတတ်သူတွေ ရှေ့တန်းက တင်တဲ့ ဝါဒ လို့ ပြောရမလားမသိဘူး။ ပညာတတ်တွေ ချမ်းသာသူတွေ ကြီးစိုးနေလို့ သူတို့ နိမ့်ကျနေတာ ဖြစ်ပြီး ဆင်းရဲတဲ့ လူလည်း ရာထူး အာဏာ ရသင့်တယ် ဆိုတဲ့ ဝါဒမျိုးဖြစ်ပါတယ်။ အတိအကျ အကိုးအကားနဲက မပြောနိုင်ပေမဲ့ သေချာတာတခုကတော့ ထိုအချိန်က လူ၈သန်း ရှိပါတယ် လူပေါင်း ၃.၅သန်း လောက်သေသွားတယ်လို့ ယူဆပါတယ်။ ကွန်မြူနစ် ခေါင်းဆောင် ပိုပေါ့ အာဏာ ကြီးထွားတဲ့ အချိန် ၁၉၇၅ မှ ၁၉၇၉ အထိ ခမာနီတွေ လူသတ်မှုတွေ အကြီး အကျယ် ပြုလုပ်ခဲ့ပါတယ်။ မြို့မှာ နေတဲ့ လူတွေ ပညာတတ်တွေ အကုန် ညှင်းဆဲ သတ်ဖြတ်ခဲ့ပါတယ်။ အကျဉ်းစခန်းတွေမှာ ၂ပတ် တိတိ ညှင်းဆဲ သတ်ဖြတ်ပါတယ်။ ၂ပတ် ကျော်လို့ မသေခဲ့ရင်တော့ လူသတ်ကွင်းကို ပို့ပြီး အပြတ်ရှင်းပါတယ်။ ကျား မ ကလေး လူကြီး ခွဲခြားမှု မရှိပါဘူး။ အကုန်လုံးကို တန်းတူ နိပ်စက်ပါတယ်။
မြေပုံကတော့ နိုင်ငံ အဝှမ်းမှာ ရှိတဲ့ အကျဉ်းစခန်းနဲ့ လူသတ်ကွင်းတွေ ဖြစ်ပါတယ်။

စာသင်ကျောင်းအားလုံးကို အကျဉ်းစခန်း ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေ မရှိရ ဆိုပြီး စာသင်ကျောင်းတွေကို အနိထ္ထာရုံတွေ ဖုံးလွမ်းနေတဲ့ ငရဲခန်းကို ဖန်တီး လိုက်တာ ဖြစ်ပါတယ်။ ထို အကျဉ်းစခန်းတွေမှာ သေသွားတဲ့ လူတွေကိုတော့ ထို အဆောက်အဦး နောက်မှာတင် ကျင်း အကြီးကြီး တူးထားပြီးသား ရှိပါတယ် ထို အထဲကို လွယ်လွယ် ကူကူ ပြစ်လိုက်ပါတယ်။
ဖမ်းဆီး ရမိတဲ့ လူတွေကို စစ်မေးပါတယ်။ ပညာတတ်လား ဘာလုပ်လဲ စသဖြင့်ပေါ့လေ။ မိသားစု ဘယ်နှစ်ယောက် ရှိလဲ အကုန်မေးပါတယ်။ ဖြေရင်တော့ နိပ်စက်ပေမဲ့ အစားအစာ ကျွှေးပါတယ်။ မဖြေရင်တော့ အစားအစာ မကျွှေးပါဘူး မသေမချင်း နိပ်စက်ပါတယ်။ မြင်ခဲ့တာက အကျဉ်းစခန်းတခုကို ပြတိုက်လုပ်ထားတာ ဖြစ်တဲ့ အတွက် ဓါတ်ပုံမှတ်တမ်း အနေနဲ့တော့ မြင်ခဲ့တာကို တော်တော် စိတ်မကောင်းစရာ ဖြစ်နေပါတယ်။

ပြတိုက် အတွင်း မဝင်ခင်မှာ တွေ့တဲ့ စဉ်းအိုးကြီး တခု ရှိပါတယ်။ အဲဒီ အနားမှာ ထောင်ပြထားတဲ့ ပန်းချီကားချပ် ဖြစ်ပါတယ်။ ကျောင်းသားတွေ ရေသုံးတဲ့ ရေအိုးကို နိပ်စက်တဲ့ ပစ္စည်း အဖြစ် ပြောင်းလဲ ခဲ့ပါတယ်။


ပုံမှာ မြင်ရတဲ့ အတန်းတွေက သံတန်းတွေမှာ ကွင်းတွေ တပ်ထားတာ ဖြစ်ပါတယ် အကျဉ်းသားတွေ တန်းစီပြိး ချုပ်ထားတာပါ။ လုံးဝ လှုပ်လို့ မရပါဘူး သံကြိုးနဲ့ မှ လှုပ်လို့ရပါတယ်။ ကွင်းကလေးတွေက တော်တော် သေးပါတယ်။ ခြေထောက် ချိသွားနိုင်ပါတယ်။


အခန်းထဲမှာ ကုတင်တခု ထားပြထားတာပါ။ တကယ် ချုပ်ထားတာ ဒီလို မျိုး မဟုတ်ပါဘူး နမူနာ အနေနဲ့ ပြထားတာ ဖြစ်ပါတယ်။


သေသွားသူတွေရဲ့ အရိုးတွေကတော့ အများကြီးပါဘဲ။


အခန်းထဲမှာ အုတ်ရိုးလေးတွေ တက်ပြီးတော့ အခန်း တခန်းစီမှာ အကျဉ်းသား တယောက်စီ ထည့်ထားပါတယ်။ အသံလုံးဝ မထွက်ရပါဘူး။ တယောက်စီမှာ ရေဗူး တဗူး သံဗုံးတခု ခွက်တလုံးစီ ပေးထားပါတယ်။
ရေဗူးကတော့ သောက်ရေ အတွက် ဖြစ်ပြီး
သံဗုံးကတော့ ချီးပါ သေးပေါက် အတွက် ဖြစ်ပါတယ်။
ခွက်ကတော့ စားစရာ လာထည့်ပေးတဲ့ ခွက်ဖြစ်ပါတယ်။
အုတ်ရိုး အတွင်းမှာ နေရပြီးတော့ တယောက်နဲ့ တယောက် မမြင်ရပါဘူး အသံထွက်ရင် လျှပ်စစ်နဲ့ တို့ပြီး ဆုံးမပါတယ်။ ထောင်စောင့်ကတော့ ၁၀၀ဝ လောက်ရှိတယ်လို့ ပြောပါတယ်။ နိပ်စက်ခန်းကနေ နိပ်စက်ပြီး ထွက်လာတော့ အုတ်ရိုးကာတဲ့ အထဲမှာ ညအိပ်ရပေမဲ့ ဒဏ်ရာတွေနဲ့ ဘယ်လောက်များ နာကျင်နေမလဲ မသိဘူးနော်။
သွားရင်းနဲ့ ထိုလူတွေ ဘယ်လောက်များ နာကျင်ခံစားနေရမလဲ တွေးမိပြီး တော်တော် စိတ်မကောင်း ဖြစ်မိတယ်။


ပုံကတော့ လက်သည်း ဖြုတ်တာ ဖြစ်ပါတယ်။





နှစ်တွေ အများကြီး ကြာတာတောင် အနံ အသက်တွေ က သိပ်မကောင်းသလို စိတ်ထဲမှာ ခံစားရတယ်။
နောက်ပြီး ပုံတွေထဲမှာ မပါတဲ့ ခေါင်းကို လွန်နဲ့ ဖောက်တဲ့ပုံတွေ နောက်ပြီး လူတွေကို ရိုက်နှက်ညှင်းဆဲ နေတဲ့ ပုံတွေ နို့သီးခေါင်းကို ပလာယာနဲ့ ဖြတ်နေတဲ့ပုံတွေ အများကြီးပါဘဲ စဉ်းတောင် မစဉ်းစားမိတဲ့ နိပ်စက်နည်းမျိုးစုံနဲ့ လုပ်သွားတာဖြစ်ပါတယ်။ ကလေးသေးသေးလေးတွေ ရင်ခွင်ပိုက်ကလေးငယ်လေးတွေ ဆိုရင်လည်း တယောက်က လေထဲ ပစ်ပြီး မြှောက်တင် နောက်တယောက်က လှံစွပ်နဲ့ ထိုးခံပြီး သတ်တာမျိုးတွေ စုံအောင် ကို ပြထားပါတယ်။ တချို့ဆို ကြည့်ရင်းနဲ့ စိတ်မကောင်းလို့ မကြည့်ချင်တော့လို့ ဆိုပြီး နောက်ကြောင်း ပြန်လှည့်ပြီး မကြည့်တော့ပါဘူး။ တကယ့်ကို လူ့ပြည်မှာ လာဖွင့်တဲ့ ငရဲခန်းကြိးလား ထင်ရပါတယ်။

ထိုလူသတ်မှုတွေကို ပြုလုပ်စေခိုင်းခဲ့တဲ့ လူကတော့ ပိုပေါ့ ဖြစ်ပါတယ်။


ခမာနီတွေကို ဗီယမ်နာမ်က စစ်တပ်တွေနဲ့ ပေါင်းပြီး တိုက်ပြီး အနိင်ရတဲ့ အချိန်မှာတော့ ပိုပေါ့တို့ ထွက်ပြေးခဲ့ပါတယ်။ သူကို လိုက်ရှာပေမဲ့ မတွေ့ခဲ့ပါဘူး ၁၉၉၈ ဧပရယ် ၁၅ ရက်နေ့မှာတော့ သူရဲ့ ရုပ်အလောင်းကို တောတွင်း တနေရာမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

21 comments

  • shweminthar

    January 25, 2011 at 3:21 pm

    တော်တော် ဆိုးတဲ့ လူဘဲ

    Reply

  • ဆူး

    January 25, 2011 at 3:26 pm

    အခု ရေးထားတာတွေက မြင်ခဲ့တဲ့ မှတ်တမ်းကို အကျဉ်းရေးထားတာ ဖြစ်ပါတယ်။ ဖတ်ရတဲ့ လူတွေ စိတ်မချမ်းမသာ မဖြစ်ရလေအောင် လျော့ရေးထားတာပါ။

    Reply

  • ဆူးရေ၊ ကျေးဇူးတင်လိုက်တာ။ ဓာတ်ပုံတွေ အင်မတန်တာသွားတယ်ဗျာ။ စိတ်ထဲမကောင်းလိုက်တာ။ ဒီပုံရိပ်တွေ ကျွန်တော် တစ်သက်လုံးစွဲထင်နေ တော့မှာ။

    Reply

  • ဆူး

    January 25, 2011 at 3:52 pm

    the killer Field ဆိုတဲ့ နာမည်လား မသိဘူး အဲဒီ ရုပ်ရှင် ကို အင်တာနက်မှာ ဒေါင်းပြီး ရှာကြည့်လိုက်ပါ။ ဆူးတော့ မကြည့်ရသေးဘူး ကြည့်ဘူးတဲ့ လူပြောတာကတော့ အမေရိကန် သတင်းထောက် တယောက် ရဲ့ ဘဝ မှတ်တမ်း ဆိုလား ကိုယ်တွေ့ ဆိုလား အဲဒါကို အခြေခံ ရိုက်ထားတာ လို့ ပြောတယ်။ သိချင်ရင် လက်လှမ်းမှီမယ် ဆိုရင် ရှာကြည့်လိုက်ပါ။ ဒီမှာတော့ ဒါမျိုးကြည့်ဖို့ မလွယ်ဘူး။

    Reply

  • kai

    January 26, 2011 at 12:02 am

    The Killing Fields (1984)
    A photographer is trapped in Cambodia during tyrant Pol Pot’s bloody “Year Zero” cleansing campaign, which claimed the lives of two million “undesirable” civilians.
    Director: Roland Joffé
    Writer: Bruce Robinson (screenplay)
    Stars: Sam Waterston, Haing S. Ngor and John Malkovich

    Reply

  • bigcat

    January 26, 2011 at 12:17 am

    သိမိသလောက်တော့ ပိုပေါ့တို့ ခမာနီအုပ်စုက တရုတ်ကြီးကျောထောက်နောက်ခံနဲ့ တက်လာတာဗျ။ ဗီယက်နမ်က ဝင်သိမ်းလိုက်မှ ကိစ္စပြီးသွားတာ။ အခုလက်ရှိ ဝန်ကြီးချုပ်ဟွန်ဆန်က ဗီယက်နမ် တင်ပေးထားခဲ့သူပေါ့။ သူလည်းရွေးကောက်ပွဲဟန်ပြ အာဏာရှင်ပါပဲ။ ဒါပေမဲ့ ခမာနီတွေထက်တော့ အပုံကြီးသာပုံ ရပါတယ်။ ခေတ်ပြောင်းသွားလို့ ခမာနီခေါင်းဆောင်တွေကို နိုင်ငံတာကာခုံရုံး တင်မယ်လုပ်တော့ တရုတ်ကြီးက လက်မခံဘူး။ သူ့တာဝန်မကင်းခဲ့ဘူးလေ။ ကိုယ်တိုင်လည်း ယဉ်ကျေးမှု တော်လှန်ရေး ကာလတုန်းက သူ့ပြည်သူတွေကို ဒီလိုလုပ်ခဲ့တာမဟုတ်လား။ တိုင်းပြည်ကကြီး လူဦးရေများလွန်းတော့ မသိသာဘူးပေါ့။ ဒါပေမဲ့ မှတ်တမ်းမှတ်ရာတွေရှိပါတယ်။

    Reply

    • ဆူး

      January 26, 2011 at 2:14 pm

      ဟွမ်စမ်ကလည်း ပိုပေါ့ တပည့်ဘဲလို့ ပြောတယ်။ လူတွေ သတ်တော့ စိတ်ပျက်လာတာနဲ့ ထွက်ပြေးပြီး ဗီယမ်နာမ်ကို အကူအညီ သွားတောင်းတော့ ဗီယမ်နာမ် နဲ့ သဘောတူ စာချုပ်လုပ်ပြီး စစ်အောင်ရင် နိုင်ငံ ဖဲ့ပေးမယ် ဆိုပြီး သဘောတူလို့ စစ်ကူတိုက်ပေးတာလို့ ပြောတယ်။ ဗီယမ်နာမ်ကလည်း အမှန်တော့ သိပ်မတိုက်ချင်ဘူး အမေရိကန်နဲ့ တိုက်နေတာ ပြီးပြီးချင်း အားယူရမဲ့ အချိန် ဖြစ်နေပေမဲ့ နယ်မြေ ပေးမယ် လူတွေ သတ်နေတယ် ဆိုတာနဲ့ ကူတိုက်ပေးတာလို့ ပြောတယ်။ အခု အချိန်မှာ Kingdom of Cambodia ဆိုပြီး သုံးနှုန်းတယ်။ ဘုရင် သီဟာနုက ထွက်ပြေးပြီး အခု မှ ပြန်လာပြီး ယူအန်တို့ အနီး အနားတွေ ကို တည့်အောင် ပေါင်းပြီး အကူ အညီ တောင်းလို့.. လမ်းတွေ ဘာတွေက ယူအန်က ခင်းပေးတယ်။ အကူအညီတွေ အများကြိး ပေးတယ်။ ၁၉၇၉ အထိ တိုင်းပြည်မှ အမှိုက်ပုံလို ဖြစ်နေတာ အဲဒီ နောက်ပိုင်း ပြန်ထူထောင် ဖို့ တော်တော် အားယူရမယ် ဆိုပေမဲ့ အကူအညီ တွေ အများကြီး ရတော့ အဆင်ပြေနေတယ်။ လူတွေကတော့ ဆင်းရဲတဲ့ လူတွေ များတော့ များတုန်းဘဲ။ စိတ်ဓါတ်တွေလည်း သိပ်မကောင်းသေးဘူး။ လစ်ရင် ယူမယ် ရရင် တွယ်မယ် ဆိုတဲ့ စိတ်များတယ်။

      Reply

  • chitsayar

    January 26, 2011 at 2:28 am

    ခုလို တင်ပေးတဲ့
    သူငယ်ချင်း ဆူးကို အရမ်းကျေးဇူးတင်ပါတယ်
    သူငယ်ချင်းတို ့လို ဗဟုသုတတွေစုဆောင်းတင်ပြတတ်တဲ့သူတွေရှိလို ့
    ကိုယ်တို ့တွေ လေ့လာစရာတွေ ရကြတာပါ
    နောင်လည်းတင်ပြပါဦးနော်
    ဟင်းချက်နည်းတို ့ဘာတို ့လည်း တင်ပါဦး

    Reply

  • manawphyulay

    January 26, 2011 at 3:30 am

    ဆူးတို့ကတော့ ခဏပဲ သွားတာတောင် အကျဉ်းစခန်းကိုပါ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လေ့လာခဲ့တာပဲ။ တော်တော်ဗဟုသုတ စုံလင်လှပါတယ်။ မနောတောင် အားကျမခံ အင်းစိန်ထောင်အကြောင်း ရေးရင် ကောင်းမလားမသိဘူးနော်……

    Reply

    • ဆူး

      January 26, 2011 at 2:16 pm

      မနော သွားလေ့လာပြီး လည်း တင်ပေးပေါ့။ မျှဝေတဲ့ ဗဟုသုတ ကို မှတ်သားပြီး ခံယူဖို့ အဆင်သင့်ပါဘဲ။

      Reply

  • လင်းဝေကျော်

    January 26, 2011 at 5:31 am

    ဗမာပြည်လည်း ကွန်မြူနစ်တွေ တိုင်းပြည်မသိမ်းနိုင်ခဲ့တာ ကံကောင်းတာပဲ။
    ဒါတောင် သူ့ကိုအကြောင်းပြပြီး တစ်ဘက်က ပိုစွာလာနိုင်ခဲ့တယ်။

    Reply

  • cobra

    January 26, 2011 at 8:49 am

    အမလေး….
    တော်တော်ကြောက်ဖို့ကောင်းတာပဲနော်..
    ဖတ်ရင်နဲ့ရူးရူးတောင်ပေါက်ချင်လာတယ်…..
    ကြောက်လွန်းလို့….
    မကြီးဆူးကတော်တော်လေံလာထားတာပဲနော်…

    Reply

    • ဆူး

      January 26, 2011 at 2:19 pm

      ဟိုချီမင်း မြို့တော်မှာ ရှိပါတယ် မသစ္စာ။
      ဘယ်နေရာလဲတော့ အတိအကျ မပြောတတ်ပါဘူး။ ခရီးသွား တိုး လက်မှတ်နဲ့ သွားတာ ဆိုတော့ အစီ အစဉ်ထဲ ပါတာ အကုန် ရောက်တယ်။
      အကျဉ်းစခန်း အဖြစ် အသုံးပြုခဲ့တဲ့ စာသင်ကျောင်း ကို ယခု ပြတိုက် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ တခြား အကျဉ်း စခန်းများကိုတော့ စာသင်ကျောင်း အဖြစ် ပြန်လည် ပြုလုပ်ထားပါတယ်။ ပြတိုက်က ညနေ ၅နာရီ ပိတ်ပါတယ်။

      Reply

  • နွယ်ပင်

    January 26, 2011 at 9:14 am

    ဆူးရေ အခုလို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ ် ။ ဒီပိုစ့်ကို ဖတ်ရင်းနဲ့ တော်တော်လဲ စိတ်မကောင်းဖြစ်မိပါတယ် ။

    Reply

  • ဆူး

    January 26, 2011 at 2:27 pm

    မနွယ်ပင် ရေ တကယ်တမ်း အဲဒီ ထဲ ကို သွားတဲ့ အချိန်မှာ ဝင်သွားကြည့်တုန်းကတော့ လူတွေက အများကြီးဘဲ အားတက်သရော ကြည့်တယ် ပထမ အခန်း အဆောင် ကနေလည်း ထွက်ပြီး ဒုတိယ အဆောင် အဝင်ကျတော့ စိတ်မခိုင်လို့ လူတွေ ကျန်ခဲ့ကြတယ် အမျိုးသမီး တော်တော် များများနဲ့ အမျိုးသား တွေလည်း နေခဲ့တယ်။ အဲဒီ ထဲမှာ ဆုံးအောင် သေချာ ကြည့်တာ ဆိုလို့ အဖွဲ့ထဲက လူ ၃ယောက်လောက်နဲ့ အမျိုးသမီး ၂ယောက် တယောက်တော့ ဆူးပေါ့။
    ကြည့်နေတဲ့ အချိန်မှာ စိတ်ထဲမှာ တော်တော် အော်ကလီ ဆန်အောင်ကို ဖြစ်မိတယ်။ သနားစရာ ကောင်းသလို သူတို့ နိပ်စက်တာ ကြည့်ပြီး စိတ်ထဲမှာ တုန်လှုပ်မိတယ်။ ဒီမှာ တင်ပြထားတဲ့ ပုံတွေက သဘောလောက်ဘဲ ပြထားတာ သတ္တိနည်းသူတွေ ကြည့်မိရင် စိတ်ပျက်ကုန်မှာ စိုးလို့။ လူတွေ အဖြစ်က တော်တော် သနားစရာ ကောင်းတယ်။ တိရိစာ္ဆန်ကို သတ်ရင်တောင် ဘယ်သူမှ အဲဒီလောက် မညှင်းပန်းဘူး သတ်ပြီး စားကြတာဘဲ။ အဲဒီက လူတွေက အကျဉ်းစခန်းမှာ ရှိနေတဲ့ ကာလပတ်လုံး ကြောက်ရွံ့မှုတွေ နာကျင်မှုတွေ ခါးသီးအောင် ခံပြီးမှ သူတို့ သေဆုံးကြတာ မသေမရှင်ဆိုလည်း ဘယ်လောက် နာကျင်နေမလဲ။ ဘာသာရေး အမြင်နဲ့ ပြန်ကြည့်ရင်လည်း အဲဒီက ညှင်းပန်း နိပ်စက်လို့ သေတဲ့ လူတွေ ကျွှတ်နိုင်ပါ့မလား နေ့စံ ညခံ များ ဖြစ်မလား ညစံ နေ့ခံ များ ဖြစ်နေမလား။ လူတွေက သာ မသိတာ သူတို့ ရဲ့ စိတ်တွေ အဲဒီမှာ နာကျင်မှုနဲ့ တွယ်ကပ်နေလို့ မကျွတ်မလွတ်ဖြစ်ပြီး သူတို့ နာကျင် အော်မြည်နေမှာဘဲ။ ဒီတိုင်းနဲ့ ရောဂါဖြစ်ပြီး သေရင်တောင် စိတ်မထားတတ်ရင် ပြိတ္တာဖြစ်တတ်သေးတာဘဲ။ နာကျင်ခံစားပြီး ဒုက္ခဝေဒနာ အပြင်းအထန်ခံစားခဲ့ရတဲ့ လူတွေ အဖို့တော့ ဆိုဖွယ်ရာ မရှိ။

    Reply

  • weiwei

    January 27, 2011 at 1:55 pm

    မဝေကတော့ ရုပ်ရှင်ကြည့်ဖူးတယ် … ရုပ်ရှင်ထဲမှာ စာသင်ကျောင်းကို အကျဉ်းစခန်းလုပ်ထားတာတော့ မပါဘူး … ရက်စက်တာတွေထက် ဇာတ်လမ်းကို အသားပေးထားလို့ ကြည့်ရတာတော့ တော်တော်ရင်နင့်ရတယ် ..
    မကြည့်ရသေးတဲ့သူတွေ ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ..

    Reply

  • ဆူး

    January 27, 2011 at 2:02 pm

    စာသင်ကျောင်း အကျဉ်းစခန်း ဆိုလို့.. ဆူး တက်ခဲ့တဲ့ အထက်တန်း ကျောင်းကို အတိတ်က အင်္ဂလိပ်တွေက စခန်းလုပ်ပြီး ဂျပန်တက်တော့ သေတဲ့လူတွေ ဒီကျောင်းဝင်းထဲက မြေကြီးတွေ အောက်မှာ မြုပ်တယ်လို့ ပြောတာ ကြားဘူးတယ်။ နောက်ပြီး တခါတလေ ကြားမိတာ ရှိသေးတယ် ပါးစပ်ပြောပေါ့ သေသူရဲ့ မှတ်တိုင် ကျောက်ပြားတွေ တွေ့တာတို့ ညဘက် သရဲ ခြောက်တာတို့ ဆရာမတွေတောင် ညနေစောင်း လူမရှိဘဲ တယောက်ထဲ မနေရဲဘူး ဆိုတာမျိုးတွေ ပြောတာ ကြားတော့ ကလေးဘဝ က ထိတ်လန့်မိတယ်။ အဲဒီ တုန်းက ကြောက်မိတဲ့ ကိစ္စက ပါးစပ်ပြော အခုလို မကြာသေးခင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ မှတ်တမ်း မှတ်ရာနဲ့ ရှိနေသေးတာမျိုး ရှိတဲ့ ကျောင်းတွေမှာ စာသင်နေတဲ့ ကလေးတွေ ဘယ်လိုနေမလဲ မသိဘူး။ သူတို့လည်း တွေးပြီး ကြောက်တာမျိုး ရှိလောက်တယ်။

    Reply

  • k-kay

    January 27, 2011 at 2:23 pm

    ဒီကမ္ဘာရေ..အဲဒီပြတိုက်က တွန်းဆလိုင်းပြတိုက်။ Boeung Keng Kaung ရပ်ကွက်မှာရှိတယ်။ Cambodia ကကျဉ်းကျဉ်းလေးပါ။ Phnom Penh လဲအတူ တူပါဘဲ။ Killer Field ကတော့မြို့ပြင်မှာရှိတာတဲ့။ ဒီနိူင်ငံရောက်တာ ကြာနေပေမဲ့
    သွားမကြည့်ဘူးသေးဘူး…အနံတွေက ခုချိန်ထိကျန်သေးလို့။

    Reply

  • ဆူး

    January 27, 2011 at 2:44 pm

    ကမော္ဘဒီးယား ကို ကားနဲ့ သွားတာ ဘော်ဒါ နယ်နမိတ် ကို စပြီး ဖြတ်ကူးဖို့ ကားပေါ်က ဆင်းတာနဲ့ အနံ တခုရတယ် ငပိနံလိုမျိုး သိပ်နံတာဘဲ။ တော်တော် ထူးဆန်းတယ် ဘာငါးခြောက်မှ လှမ်းထားတာ မရှိဘူး။ နောက်တော့ သူတို့ လူမျိုး အနံဖြစ်မယ်လို့ သတိထားမိတယ်။ အဲဒါကတော့ တပိုင်းပေါ့.. အကျဉ်းစခန်းမှာ အနံ မကောင်းဘူး နှစ်တွေ ကြာပေမဲ့ အနံတွေ နံတယ် တံခါးတွေလည်း ဖွင့်ထားတာ လေဝင်လေထွက်ရှိတယ်။ အဲဒီ အနံတွေကောပုံတွေရဲ့ အမြင်တွေပါ ပေါင်းစပ်တော့ တော်တော် အော်ကလီဆန်စေတယ်။

    Reply

  • k-kay

    January 28, 2011 at 3:24 pm

    ငါတော့ အဲဒီနံမရဘူးလို့ထင်တာဘဲ။ ဒီနိူင်ငံမှာတော့ ခဲသတ္ထုသိုက်ကြီးကြီးတော့ ရှိတယ်။ နေရာတော်တော်များများက သတ္ထုကြောနဲမလွတ်တော့ ရေကို ပိုးသတ်ဆေး အရမ်းထည့်တာ။ ကလိုရင်းတွေ။ ရေသန့်တောင်ကျိူသောက်တာ ငါတို့က။ အဲဒီအနံဖြစ်နေဦးမယ်။ Cambodia, Thailand, Myanmar ကအရင်ကလူမျိူးတူတယ်နော်။ ငါတို့နိူင်ငံရဲ့ပွဲတော်ရက်တွေ သူတို့နဲ့တူတယ်။ ငါ အဲဒီတွန်းဆလိုင်းကို သွားကြည့်ဖို့ တစ်ခါမှ မကြိုးစားဘူး ဘူး။

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.