ဟာသမြောက်သော အကယ်ဒမီပေးပွဲ

လင်းဝေJanuary 24, 20111min019

တစ်နှစ်ကိုတစ်ခါ မြန်မာရုပ်ရှင်၊ ဗွီဒီယိုကားတွေပါ အပါအဝင် တစ်ကားတောင် မကြည့်ဖြစ်တာများပါတယ်။ သို့သော်လည်း လူသုံးကုန်ပစ္စည်းများ ကြော်ငြာမှာ အတင်းအဖျင်းစာမျက်နှာတွေမှာ ထိုထိုသော လူများ မျက်နှာများ အကြောင်းအရာများ တွေ့နေဖြစ်တော့ စိတ်ဝင်စားစရာတစ်ခုအနေနဲ့ သူများတွေ အကယ်ဒမီပွဲ ဖွင့်ကြည့်တော့ ကိုယ်လည်းကြည့်မိပါတယ်။

ပထမဆုံး သတိထားမိတာက သီချင်းဆိုနေကြသူများ က ဝတ်ထားတာနဲ့ လှုပ်နေတာနဲ့ ဆိုတဲ့သီချင်း ဘယ်လိုမှ လိုက်ဖက်မှုမရှိပဲ ရယ်ဖွယ်ဖြစ်နေတာကိုပါ။ နောက် ရိုက်ပြနေတဲ့ ကင်မရာမြင်ကွင်းတွေကလည်း လှုပ်ပြီး အစီအစဉ်တကျမရှိပါ။ တကယ်ဆို မြင်ကွင်းတွေ၊ဝင်လမ်းထွက်လမ်း၊ ခုံတွေ စတဲ့ ကင်မရာ ရှုထောင့်တွေကို အသေအငြိမ် ချိန်ထားတဲ့ ကင်မရာလေးငါးလုံးလောက်ရယ်၊ လှုပ်ရှားပြီးလိုက်ရိုက်နေတဲ့ ကင်မရာ သုံးလုံးလောက်ရယ်ကို ချိန်ညှိပြီး လွှင့်ပေးရမှာပါ။ အခုတော့ ရိုက်ချက်တွေက အံ့မခန်းပါပဲ။

မကြာခင်မှာ လူရွှင်တော်အကြီးစား ပုတုဖောင်းတောင်းကြီးပေါ်လာပါတယ်။ ပါးစပ်ကဘာပြောပြော မဟုတ်တာပြောမယ့်ပုံနဲ့ပါ။ ပွဲထွက်သလိုစတော့ အောင်မလေး လမ်းလျှောက်ဟန်က စံတင်လောက်ပါတယ်။ ကြာကြည့်၊ကြာပြုံး များနဲ့ ကောင်မလေးတွေက ဘယ်သူ့စိတ်ကူးမှန်းမသိ တဲ့ လမ်းကို ဖြေးဖြေးလျှောက် ဖင်ကို တတ်နိုင်သမျှခါဆိုတဲ့နည်းနဲ့ ရွံစရာကောင်းအောင် လျှောက်ကြပါတယ်။ ပြီးတဲ့နောက်မှာတော့ ရုပ်ရှင်ဆုပေးပွဲအတွက် အမှာစကားပြောဖို့ လူပျက်ကြီးကို ဖိတ်တော့ ပြောတာဘာတွေမှန်းမသိပါ။ နယ်ချဲ့နဲ့ ဖက်ဆစ် ဆိုတာ သုံးလေးခါလောက်ပါ ပါတယ်။ ကိုယ့်တိုင်းပြည် ကျွန်ဖြစ်ခဲ့ကြောင်းကို မြိန်မြိန်ကြီးပြောလို့ကို မဆုံးသေးပါဘူး။ မလေးရှား၊စကာင်္ပူ၊ အင်ဒိုနီးရှား စတဲ့တိုင်းပြည်တွေမှာ ဖက်ဆစ်နဲ့ နယ်ချဲ့အကြောင်းကို မေ့သွားလို့ သူများကျွန်တွေပြန်ဖြစ်နေကြပြီဆိုတော့ ကျွန်တော်တို့က ပြောပေးမှဖြစ်မှာပေါ့လေ။ ဟုတ်ဘူးလား။ သူပြောတာရှိသေးတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပံ့ပိုးပေးမှုတွေအပြင် ပြန်ကြားရေးဝန်ကြီးဌာနကလည်း ရုပ်ရှင်ကားတွေ ရိုက်တာကို ပံ့ပိုးပေးနေပါတယ်တဲ့။ အစိုးရနဲ့ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မတူဘူးလား ကွယ်။

ဆုဗန်းကိုင်တဲ့ကောင်မလေးများကို ကြည့်ရတာလည်းတော်တော်မောပါတယ်။ လမ်းကိုလျှောက်လာတာက စိတ်မရှည်ချင်စရာ။ မြန်မာပြည်ကြီး ဘယ်လိုဖြစ်ပြီး ဒီလို အခမ်းအနားတွေကိုတောင် မတော်မတဲ့ တွေ စီစဉ်တတ်နေတာလည်းမသိတော့ပါဘူး။ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့လျှောက်ရင်ရပါပြီ။ အဓိက ကတော့ မျက်နှာထားပါ။ အခုဟာက ကြာပြုံးတွေနဲ့။ အောက်ကလိအာမတွေကို ဖြစ်လို့။ နောက်တစ်ခါ ဆုဗန်းကိုင်တာ မိုက်ကိုင်တာ စတာတွေဟာ သူတို့ အလုပ်လုပ်နေတာပါ။ အလုပ်ကို ပိုင်နိုင်စွာလုပ်ရင်း သိမ်မွေ့မှုကို ပြရမှာဖြစ်ပါတယ်။ သူတို့မိုက်ပေးရမယ့်သူကိုမကြည့်ပဲ ဘယ်ကိုကြည့်ပြီး ပြုံးနေမှန်းမသိဘူး။

စိုးပြည့်သဇင် ဘယ်လိုဖြစ်ပြီး အကယ်ဒမီရတာမှန်းမသိဘူးလို့ပြောနေကြတုန်း မှတ်ချက်ပေးတဲ့ အမျိုးသမီးတစ်ယောက်က စိုးမြတ်သူဇာ က ဒါမျိုးတွေ ပိုင်တယ်လေတဲ့။ ဘာကိုဆိုလိုတာလည်း ကွယ်။ သီချင်းတွေကလည်း သိပ်ကို လှပလွန်းလို့ ဂီတဆုပေးထိုက်ပါတယ်။ ထူးဆန်းလှပသော သံစဉ်တွေကိုး။ ကျန်တာတွေတော့ သိပ်မသိလို့ ဘာမှ မဝေဖန်လိုတော့ပါ။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီပေးပွဲကြည့်လိုက်တော့ တစ်နှစ်စာ ဘာကားတွေ ပြသလဲ မြန်မာပြည်က ရုပ်ရှင်လောကဆိုတာဘာလဲ သိရပါတယ်။ ပျက်လုံးတွေနဲ့ ရယ်ဖွယ်တွေလည်း မြင်ရတာပေါ့လေ။

19 comments

  • fatty

    January 24, 2011 at 7:41 am

    ကိုလင်းဝေကျော် .. မြင်တတ်ပါပေရဲ့ဗျာ …။ ချီးကျူးပါတယ် …။ တခုထူးခြားတာက ခါတိုင်းနှစ်တွေလို ဝန်ကြီးကို
    လက်အုပ်မချီကြတော့ပါဘူး ..။ တကောင်ကတော့လုပ်သွားသေးတယ် မနေနိုင်လို့ထင်ပါရဲ့ ..။ မှာထားလို့လား
    ကိုယ့်ခံယူချက်နဲ့ကိုယ်လားဆိုတာတော့မသိနိုင်ပေဘူး ..။

    Reply

  • Gipsy

    January 24, 2011 at 8:18 am

    အား…..ဟုတ်ကဲ့ဗျ……မှန်တယ်ခင်ဗျ…..
    ဒီလောက်ပွဲတော်ကြီးမှာမှဗျာ….သီချင်းဆိုတဲ့သူတွေက…တကယ့်ရှယ်( စုတ်ပြတ်သလားမမေးနဲ့)…..
    ဘယ်လိုလူတော်တွေစီစဉ်တာလဲ….စိတ်ဝင်စားလိုက်တာ…..
    ဟုတ်လိုက်ကြပုံကတော့….မိုက်ကိုင်ခွင့်ရတဲ့မယ်တွေလဲ..ပဲများလိုက်တာ..စိတ်ကိုပျက်ယူရတယ်……
    အစတော့ထင်မိသေးတယ်…မယ်ရွေးပွဲပါ ပါသလားလို့….
    ဘယ်လိုဟာတွေ လဲ.? .အရမ်းစိတ်ညစ်ရတဲ့ညတစ်ညပါ….

    Reply

  • zaymdy

    January 24, 2011 at 9:30 am

    မြန်မာ မြန်မာ ရုပ်ရှင်
    ရင်လေးတယ် ဘာတွေ.မှန်းကို မသိဘူး … ပေးသွားတဲ့ကားတွေ.ကလည်း အို. မကြည်.ဘူးပါဘူး ဇော်က ကနေသည်တဲ့ အဒီကားကလည်း အရင် အဖေတစ်ခု သားတစ်ခု ကားတဲ့ကလို. ဇတ်ကွက်ပါ ဒါတောင် နည်း၂ လေးကြည်.လိုက်ရလို. အကုန်သိနေပြီး မြန်မာ ကားတွေ.က ဒါပဲ ဆွဲဆောင်မူကို မရှိဘူး ဟာသကားတွေ.များလို.
    ဆုပေးတည်း လူတွေ.လည်း ဘယ်သူပေးရမှန်းမသိဘူးနဲ. တူတယ် နောက်ဆုံး မှ မဖြစ်မနေဆို.ပြီး ပေးလိုက်ရတာနဲ. တူတယ် .. ဒါတောင် ဆုရတည်း သူက နည်း၂ … အသံတည်းဖြတ် ဆန်းဝင်းက တော့ ပျော်မပျော် မသိဘူး
    သူတို.အိမ်ဘေး နေတဲ့ ကျွန်တော်ကတော့ တစ်နေ. တစ်နေ. နားငြီးလို. သေတော့မယ် ဒါပေမယ် ဆုရသွားတဲ့ အတွက် ဝမ်းသာပါတယ် အဒီဆုက သူအကြွေးတွေ. ကျေလောက်မလား … ???????

    Reply

  • Maung Dae`

    January 24, 2011 at 9:32 am

    မှန်လိုက်လေဗျာ.. ဗန်းကိုင် မိုက်ကိုင်တွေကလည်း ခြေထောက် သံကြိုးခတ်ထားသလားအောက်မေ့ရတယ်.. ပြုံးနေပုံကလဲ ကြာပြုံးပြုံးတာလိုလို ဘာလိုလိုနဲ့ သူတို့ကြည့်ပြီး ကိုယ်တွေတောင် ပါးညောင်းတယ်..

    လဒမောင်မောင်ကလဲ ဘာလဲဟ နေတိုးကို ပေါ်တင်ကြီး လက်ဆွဲ မနှုတ်ဆက်ဖူး ကျန်တဲ့သူတွေကိုကျတော့ နှုတ်ဆက်ပြီးတော့..

    ဘာပဲပြောပြော နေတိုး ရသွားတာကိုတော့ ကွန်ဂရက်ကျူလေးရှင်းပါ သူတကယ်တော်ပါတယ်..

    လဒမောင်မောင်ကတော့ ဖားနေတာပဲ

    Reply

  • naywoonni

    January 24, 2011 at 9:43 am

    ဘာပဲပြောပြော ဆရာမြင့်ဦးဦးမြင့်နဲ့ ဒါရိုက်တာမီးပွား ရသွားတာနဲ့ အားလုံးကိုချေလိုက်ရတာပဲ။ ဆရာမြင့်ဦးဦးမြင့်ဆိုတာက 1986 လောက်က ကျွန်တော်ကြိုက်ခဲ့တဲ့ ကဗျာဆရာပါ။ နောက်မှာဇာတ်ညွှန်းဖက်ရောက်သွားတာ။ ကဗျာဆရာမှန်းသိသာတယ်ဗျ ကျစ်ဆံထိုးပြီး အကယ်ဒမီပွဲလာတာ

    Reply

  • R Ga

    January 24, 2011 at 10:43 am

    တကယ် ဟာသ အကယ်ဒမီပါပဲဗျာ..။ မြန်မာကားဆိုရင် ဟာသကားပဲ အထွက်များပါတော့ တဲ့ မြန်မာ ဟာသ ရုပ်ရှင်ခေတ်ရေစီးကြီး ပါပဲ.။ ပေးစရာမရှိလို့ ရွေးပေးလိုက်ရတာ ပါ.။ အကဲဖြတ်အဖွဲတွေတောင် စိတ်ညစ်နေပါသတဲ့..။

    Reply

  • ကြေးမုံ

    January 24, 2011 at 4:44 pm

    မြန်မာ့ ရုပ်ရှင် ပြည်ပ နိုင်ငံများအထိ ဈေးကွက် ထိုးဖောက်နေရာရနေပါတယ်။

    အထင်မသေးကြစေလိုပါ။

    MR.Bean နဲ့ ဟာသကားရိုက် ရန် ရက် ချိန်းယူနေကြပါတယ်။

    မင်းသား။မင်းသမီးတွေ အသက် ( ၄ဝ ) နားတောင် မရောက။် ကြသေးဘူး။

    ဝတုပ်ပြဲနေတာမှ့။ special fat တွေပါဘဲ။

    အထူးသဖြင် ့ (လွင်မိုး။ရန်အောင်။ခန့်စည်သူ )

    (စိုးမြတ်သူဇာ။စိုးမြတ်နန္ဒာ။နန္ဒာလှိုင်။လှအဥဇလီတင့် )

    အဆိုးဆုံးပါဘဲ။

    ရုပ်ပြစားရ တဲ့ သူမျိုးတွေ ဖြစ်နေပြီး ကိုယ့်ဘာသာကို
    လှအောင်။ကြည့်ကောင်းမနေတတ်ကြတာ အံ့ပါတယ်။

    ဒီခေတ်ကြီးမှာ (GYM / dancing club ) တွေ ။body beauty တေ
    ွ ဒီလောက် ပေါ။ခေတ်စားနေတာများ။
    ကြည့်ကောင်းအောင်နေကြပါ လို့ ဘဲ ။

    Reply

  • my name is phone myat htay

    January 24, 2011 at 5:26 pm

    အကယ်ဒမီ ပေးပွဲက ဗန်းကိုင် မိုက်ကိုင်တဲ. မမတွေ ကြည်.ရတာ အသက်မပါဘူးနော် ဘာတွေလုပ်နေကြတာလဲ ။လူခေါ်နေသလိုပဲ။

    Reply

  • လင်းဝေကျော်

    January 25, 2011 at 2:30 am

    sponsor ရှာတဲ့ပွဲဖြစ်မှာပေါ့လေ။
    ပွဲပြီးအောင်မကြည့်ဖြစ်လို့ မျောက်ပုဖောင်းကို လက်အုပ်ချီသလား မချီသလားမသိလိုက်ဘူး ကိုဖက်တီးရေ။

    Reply

  • manawphyulay

    January 25, 2011 at 3:38 am

    ပိုပြီး ဟာသမြောက်တာကတော့ ဆုရမယ့်သူကို ကြေငြာမယ့်သူက စင်ပေါ်မရောက်သေးဘူး။ ဆုရမယ့်သူကို ပုံအရင်ပြတာကတော့ အတော်ရုပ်ဆိုးလွန်းပါတယ်။ ထင်စရာက အိမ်မှာများ အရင်သွားပေးထားသလား မှတ်ရတယ်။

    Reply

  • nanmyat

    January 25, 2011 at 4:48 am

    မမကော့ကော့လေးတွေကိုကြည့်ရတာတော်တော်ကောင်းပါတယ်။
    ရီချင်စရာကောင်းတယ်နော်။သူတို့ကိုသူတို့ဒုက္ခပေးနေကျတယ်။
    ပုံမှန်လေးနေရင်လည်းရတာကို။

    Reply

  • yuyu

    January 25, 2011 at 5:41 am

    အကယ်ဒမီပေးပွဲညတုန်းက မမဗန်းကိုင်များအတွက်စိတ်ပူလိုက်ရတာ ဘယ်အချိန်ခလုတ်တိုက်လဲမလဲလို့ပေါ့ ပါးစပ်တွေလဲတော်တော်ညောင်းနေကြမှာပဲ ပါးစပ်မှမပိတ်ရတာကိုး ဘယ်သူ့ Idea လဲမသိဘူးနော် အင်မတန်မှစိတ်ပျက်ဖို့ကောင်းတယ် နောက်တစ်ယောက်ရှိသေးတယ် လှအဉ္ဖလီတင့်လေ ဘယ်သူများမြှောက်ပေးလိုက်လဲမသိပါဘူး နဂိုရှိရင်းစွဲ အသေရေတောင်ပျက်တယ်

    Reply

  • phantom

    January 25, 2011 at 7:38 am

    တကယ်ပါပဲ ဗန်းကိုင်မမတွေကလည်း ရှိုးပြဖို့ပဲ အာရုံစိုက်နေကြသလို အကယ်ဒမီဆိုတဲ့ နှစ်းကားနဲ့တစ်ပိုင်းလောက်ရှိတဲံ့ ပေါ်လစီဆိုရင် ဆုပေးတဲ့ ပွဲကြီးကို စိတ်ကုန်လွန်းလို့ တစ်ခါမှမကြည့်ဘူး ဖြတ်သွားတုန်းလေး ကြားမိပါတယ် ဘာတဲ့ ဟောလိဝုဒ်ကို အမီလိုက်မယ်ဆိုလား ဘယ်သူပြောလဲ မမေးနဲ့နော် ဟုတ်ရင်ဟုတ်မှာပေါ့ ဟောလိဝုဒ်ရဲ့ လူနေမှုစနစ်နဲ့ ဇာတ်ကားတွေရဲ့ ဖေါ်ပြရဲတဲ့ သတ္တိ ပြောတော့ဘူးနော်

    Reply

  • char too lan

    January 25, 2011 at 10:05 am

    ကျနော်မကြည့်ဖြစ်ပါဘူး အဲဒီအချိန်မြေနီကုန်းရောက်တော့ လူတွေမော့နေကြတာတွေ ့တယ် ဝင်မော့လိုက်ရင်တောင်အချိန်ကုန်နေအုံးမှာ ကိုလင်းရဲ့ပိုစ့်နဲ့ မန်းထားတာတွေကြည့်ပီး မျက်စေ့ထဲ ကွက်ကွက်ကွင်းကွင်းကြီး
    မြင်လာပါပီ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ………………. 🙂

    Reply

  • juttue.gyi

    January 25, 2011 at 11:22 am

    ဟုတ် ကျတော်ကတော့ မကြည့်ဖြစ်ဘူးဗျာ
    အားလုံးကိုကျေးဇူးတင်ပါတယ်……………..(ဒီလို သိခွင့်ရလု့ိ။)

    Reply

  • naywoonni

    January 25, 2011 at 11:34 am

    ကြော်ညာ အကယ်ဒမီပွဲပါဗျာ ကျွန်တော်တော့ ” ဘာပဲပြောပြော စိတ်ချရအောင် ရဲမျက်မှန်တွင်လုပ်သည်။” ဆိုတာပဲ မှတ်မိတယ်။ ဒါပဲနားထဲစွကြျန်နေခဲ့တယ်။ အဲ …. ပြိးတော့ ပန်ပန် ကြော်ငြာ ရယ်။ တားတား မကြည့်ဘူးနော် အိမ်နားလေးမှာ သုံးလေးအိမ်က အသံကုန်ဖွင်ိ့ထားလို့ အိပ်ယာထဲက ကြားနေရတာ။ ဇာတ်ညွှန်းဆု နဲ့ ဒါရိုက်တာဆု ကြေညာမှ ထကြည့်ဖြစ်တာ။

    Reply

  • intro

    January 25, 2011 at 12:14 pm

    အပေါ်က မှတ်ချက်တွေ ကြည့်ပြီး ကိုယ်ပြောစရာတောင် မကျန်တော့ ဘူး တော်တော်လေး ကို ပြည့်စုံပါတယ်… 🙂 သေချာတာက တိုးတက်လာတာပေါ့ဗျာ… (ဘာလဲတော့ မသိဘူး)

    Reply

  • ပေစုတ်စုတ်

    August 10, 2011 at 1:08 pm

    အားလုံးက မကောင်းတာတွေကြီးပဲပြောနေကြတော့.. ကျွန်တော်သူတို ့ကိုတော်တော်သနားသွားတယ်ဗျာ .. ကောင်းတာလေးတွေပဲရှာပြောကြည့်ပါမယ်….

    ခက်တယ်ဗျ.. ကောင်းတာဘာမှရှာမတွေ ့ဘူး….မပြောတော့တာပဲကောင်းပါတယ်…

    Reply

  • windtalker

    August 10, 2011 at 1:23 pm

    “ ကြာကြည့်၊ကြာပြုံး များနဲ့ ကောင်မလေးတွေက ဘယ်သူ့စိတ်ကူးမှန်းမသိ တဲ့ လမ်းကို ဖြေးဖြေးလျှောက် ဖင်ကို တတ်နိုင်သမျှခါဆိုတဲ့နည်းနဲ့ ရွံစရာကောင်းအောင် လျှောက်ကြပါတယ်။ ” တဲ့
    အချို ့သော မိန်းမ များဟာ လမ်းလျှောက် ရင် သူ တို ့ဖင် ကို ဘာလို ့လှုပ်အောင် ဇွတ်လုပ်လျှောက်နေကြပါသနည်း ။
    သိချင်စမ်းပါဘိ နော် ။

    Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.