ဂျပန် တစ်ဦး နေပြည်တော်လမ်းမှာ ကားမှောက်လို့သေပြန်ပြီ

လင်းဝေJanuary 24, 20111min011

ကျိုဒိုသတင်းဌာနက အတည်ပြုထုတ်ပြန်တဲ့ သတင်းကို ကိုးကားချက်အရ မနေ့က နေပြည်တော် ရန်ကုန် အမြန်လမ်းမှာ ကားမှောက်ပြီး သေဆုံးသွားပါတယ်။

ဒီကားလမ်းဟာ ကွန်ကရစ်လမ်းဖြစ်နေတာရယ် မျက်နှာပြင် ညီညာမှုမရှိတာရယ် အဓိက အချက်တွေကြောင့် ကားမတော်တဆ တိမ်းမှောက်မှုတွေများနေပါတယ်။ အဲဒီအပြင် ကားလမ်းပေါ်မှာ စည်းကမ်းမဲ့ ပြောင်းပြန်မောင်းလာတတ်တဲ့ ဆိုင်ကယ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ စက်တွေ၊ လုပ်လက်စ အလုပ်တန်းလန်းကို အမှတ်အသားမပြပဲထား ထားတာတွေ စတဲ့ အခြားသော အချက်များကြောင့် လည်း ယာဉ်တွေအမြန်မောင်းတဲ့အခါ မတော်တဆမှုတွေ ဖြစ်ပွားမှု များနေပါတယ်။ ဒါ့အပြင် မြန်မာပြည်က ကားအများစု ဟာလည်း ဟောင်းနွမ်းနေတာကလည်း အချက်တစ်ချက်ဖြစ်ပါတယ်။ အမြန်မောင်းဖို့ရာ မသင့်တော်တော့ သော သက်တမ်းလွန်နေတဲ့ ကားများကို သာ အသုံးပြုနေရတဲ့အတွက်လည်း အန္တရယ်အချိန်မရွေးပေါ်ပေါက်လာနိုင်ပါတယ်။

အခုဖြစ်ရပ်မှာ ဂျပန်လူမျိုး ဟိဒဲကိ ဟဆဲဂါ့ဝ(Hideki Hasegawa) အသက် ၄၅ ပတ်ဝန်းကျင် သွားဆရာဝန်သေးဆုံးခဲ့ပါတယ်။ ရန်ကုန် နဲ့ ၁၇ဝ ကီလိုမီတာ အကွာမှာပါတဲ့။(၁၂၁မိုင်)။ ကားပေါ်မှာ သူနဲ့အတူတူ အစိုးရဝန်ထမ်းသုံးဦးပါလာရာမှာ အစိုးရဝန်ထမ်းတစ်ဦးလည်း သေဆုံးသွားပါတယ်။

11 comments

  • rocky

    January 24, 2011 at 6:21 am

    အစိုးရဝန်ထမ်းတွေက ဘာလာလုပ်တာလဲဟင်။

    Reply

  • လင်းဝေကျော်

    January 24, 2011 at 6:32 am

    မရှင်းမရှင်းပြောမိတယ်။
    သူနဲ့အတူတူကားပေါ်မှာ ပါလာတဲ့ မြန်မာ အစိုးရဝန်ထမ်း သုံးဦး ဖြစ်ပါတယ်။

    Reply

  • zippo

    January 24, 2011 at 7:36 am

    ကားဆွေးကားစုတ်တွေကို မောင်းနှင်ခွင့်စဉ်းစားပေးဘို့ အမှန်တကယ်လိုအပ်နေပါတယ် ၊
    ခေတ်မီတိုးတက်သောနိူင်ငံတော်ကြီးဖြစ်လာစေရန် အလို့ငှါ ၎င်းအချက်လည်းလိုအပ်မယ်ထင်ပါတယ် ၊
    ို..ဆွေးမြေ့စုပ်ပြတ်သတ်နေတဲ့ကားဟောင်းတွေအသုံးပြုကြမည်ဆိုပါကခုလို အန ္တရယ်မျိုး ရင်ဆိုင်ကြ
    ရမယ်ဖြစ်ပါတယ်…မော်ဒယ်မြင့် ကားတွေလဲဝင်လာမစဲတသဲသဲ…ဘယ်လိုလုပ်ရင်ကောင်းမလဲ….

    Reply

  • etone

    January 24, 2011 at 8:18 am

    အဲ့ဒီလမ်းကြီးမှာ သေတာ များနေပြီနော် ။

    Reply

  • kai

    January 24, 2011 at 9:16 am

    ဂျပန်တွေများ .. မြန်မာပြည်နဲ့..တော်တော်ရေစက်ဆုံပုံရတယ်..။
    ပြန်လာလာသေတတ်ကြတာပဲ..။ ဟိုးးးးအရင်ခေတ်တွေက လေယဉ်ပျက်ပြီးလဲ သေဖူးတယ်.။
    သေနတ်နဲ့အပစ်ခံရပြီးလည်း သေဖူးတယ်.။အခုလည်း သေပြန်ပြီ..

    အင်္ဂလိပ်တွေများ.. ပြန်လာကို မသေကြတော့ ဘူး..။
    ထူးဆန်းတယ်..။
    ==========
    တရုပ်ပြည်တက်ခါစ လွန်ခဲ့တဲ့ အနှစ်၂ဝလောက်က .. ဖရီးဝေးလမ်းမကြီးတွေမှာ အက်စီးဒန့်ခဏခဏဖြစ်တယ်ကြားဖူးတယ်..။
    လူတွေက ..ညည လေညင်းခံတက်တက်အိပ်တာ..။ အကောင်ဘလောင်တွေ ..ဖြတ်ပြေးတာ..။
    တချို ့ဆို .. ဂျုံတွေ၊ ပြောင်းတွေကို .. အိပ်လုံလုံတွေနဲ့ထည့်ပြီး ..ကားကြိတ်ခံရင်း.. အမှုန့်လုပ်တာတဲ့..။
    ကားနဲ့ဖရီးဝေးယဉ်ကျေးမှုမထွန်းကားခင်ဖြစ်တတ်တာပါ..။

    မောင်းသူတွေက .. ထိုင်ခုံခါးပါတ်တွေ ပါတ်ရမယ်။
    အချက်ပြ ဆိုင်းတွေ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံတပ်ရမယ်.။
    အကွေ ့၊အဖြတ်တွေကို ..ကျွမ်းကျင်တဲ့လမ်းအင်ဂျင်နီယာတွေလုပ်ရမယ်..။

    Reply

  • လင်းငယ်

    January 24, 2011 at 4:35 pm

    အမြဲတမ်း အဲဒီလို လမ်းမကောင်းလို့ မှောက်တာတွေက တော်တော်လေး များနေပြီထင်တယ်နော်

    Reply

  • ကြေးမုံ

    January 24, 2011 at 5:34 pm

    ကားကောင်းတွေမှာသာ ဖြစ်တတ်တဲ့ ပြဿနာပါ /အမြန်မောင်းတာလေ/
    ကား မကောင်းဘူး ဆိုရင် အမြန်မောင်းလို့ မရဘူးလေ/လမ်းကြောင့် တာယာကွဲတာလဲပါတယ်/
    အထူးသဖြင့် ဂျစ်ကားဆိုရင် ကီလို ၆ဝ ကျော်ဆိုရင် တော် တော်လေး
    ခုန်ဆွ ခုန်ဆွ ဖြစ်နေပြီ မြင်းစီး ရသလိုပါဘဲ /
    တခါတလေ ဒီကိုတင်သွင်းတဲ့ တာယာ အရည်အသွေး မပြည့်တာ လဲ ဖြစ်နိုင်တယ်/

    နောက်တစ်ချက် အမြန်လမ်းမ ပေါ်မှာ စီးနင်းနေတဲ့ ဆိုင်ကယ် ( ဝန် အပြည့်နဲ့ ပါ )
    နောက်မှာ ဈေးကုန် ပစ္စည်းတွေ တင်ပြီး စီးတာ တွေ ့ဖူးတယ်
    နောက်တစ်ချက် က ဒေသခံ တွေ ရဲ ့ ပညာ အရည်အချင်း နိမ့်ပါးမှု လဲ ပါတယ်/
    အမြန်လမ်းမှ ပေါ်မှာ တခါတလေ ကားပျက်တာကို လမ်းဘေး ချ ရပ်ပြီး
    မပြင်ဘဲ လမ်းပေါ်မှာ ဘဲ ပြင်ကြတယ်လေ
    အထူးသဖြင့် စီမံကိန်းက ကားစုတ်တွေ ပေါ့လေ
    ပြင်ဆင်ပြီး လို့ ပြီးသွားရင် တိုလီမိုလီ နတ်စ် တွေ အလွယ်တကူ စွန့်ပစ်ကြတယ်လေ

    ဒါ့ကြောင် ့ ကားအရှိန်ပြင်းမောင်းတဲ့အချိန် တာယာ က
    အဲဒီ စွန့်ပစ် ပစ္စည်း တစ်ခု ခု ကို အရှိန်ပြင်းစွာ ကျိတ်မိပြီး ပွင့်ထွက်သွားတာပါ

    ဒါကတော့ ကားတာယာ ဘယ်လောက်ကောင်းကောင်း
    တိုက်တိုက်ဆိုင်ဆိုင် သံတို သံစ နတ်စ် မူလီ တို့ နင်းမိတာတို့ ဖြစ်ရင်
    ဘယ်ကုမ္ပဏီ က ထုတ်ထုတ် တာယာတိုင်း ပွင့်ထွက် ကုန်ကြတာဘဲ
    ဒီလို သံတိုသံစ ကလဲ အမြန်လမ်းမ ပေါ်မှာ
    ရေဖြန်းနေတဲ့ စီမံကိန်းကား
    ဥပမာ ပန်းပင်တွေကို ရေလိုက်လောင်းနေတဲ့ စည်ပင်က ကားတွေမှာ
    အဲဒီလို သံတိုသံစ မူလီ အစုတ်ပလုတ် အကုန်ရှိတတ်တယ်
    ကားမောင်းရင်/ကားပြင်ရင် အမှတ်မထင် ကျသွားတာ ကို သူတို့က အလေးမထားကြဘူးလေ
    အဲဒီတော့ ဒီအမြန်လမ်းကို အသုံးပြုသူ အတွက် အန္တရယ် ပိုရှိတာပေါ့။

    Reply

  • char too lan

    January 25, 2011 at 4:49 am

    သူတိုပီးနောက်နေ့အဲ့ဒီနေရာနားမှာ Caltina တစ်စီးထပ်မှောက်သေးတယ် တော်သေးတာကလူတွေတော့ဘာမှမဖြစ်ဘူး ကားကတော့ပက်လက်ကိုလန်ရောပဲ ကြီးကြီးမာစတွတ်မိသားစုတစ်ခုပါ

    Reply

  • intro

    January 25, 2011 at 12:17 pm

    စိတ်ပျက်စရာပဲဗျာ… ဒီလမ်းကို သုံးနေရာတာ အခုအချိန်ထိ ဘာမှ မဖြစ်သေးတာကိုပဲ ကျေးဇူးတင်ရမယ်..

    Reply

  • kopauk mandalay

    January 26, 2011 at 2:27 am

    ကျွန်တော့်မိတ်ဆွေလင်မယားလည်း ဒီလမ်းပေါ်မှာ ကားမှောက်လို့ ကွယ်လွန်ဘူးပါတယ်။
    ခရီးဝေးသွားတာကို ကားတာယာ ကောင်းမကောင်းမစစ်ဆေးမိတာရယ်။
    လမ်းကောင်းတယ်ဆိုပြီး အရမ်းမောင်း၊
    ကား ကို အဲကွန်းပေးထားပြီးအ လုံပိတ်မောင်း၊
    နောက်ဗြုန်းဆိုပြီး အထိတ်တလန့်မြင်ချိန်မှာရုတ်တရက်ဘရိတ်ဆောင့်နင်းမိ
    တဲ့အခါမှာ အရှိန်များတော့ ကားက လမ်းပေါ်မှာ လေးငါးဆယ်ပါတ်လောက်လိမ့်သွား
    သူက ကားမှန်ကိုဖောက်လို့ အပြင်ကိုရောက်သွား
    တယ်လို့ ပါလာသူက ပြောပြတာကို ဝမ်းနည်းစရာကြားသိခဲ့ရပါတယ်။
    အမှန်က တော့ သတိမမူမိလို့ ဖြစ်ကုန်တယ်လို့ ယူဆပါတယ်။

    Reply

Leave a Reply to intro Cancel Reply

Your email address will not be published.