ဖိုင်၊ ဖိုလ်ဒါတွေကို သော့ခတ်မယ်

manawphyulayJanuary 22, 20111min03

Folders Guard version 8.2
ကွန်ပျူတာက ဖိုလ်ဒါတွေကို သော့ခတ်သိမ်းချင်တဲ့ သူတွေ အများကြီးပါ။အခု Win-Ability Software Corp. (http://www.winability.com) က ထုတ်လုပ်တဲ့ Folder Guide ကို သုံးကြည့်ပါဦး။ ရက် ၃ဝ တော့ အခမဲ့ စမ်းသပ်နိုင်ပါတယ်။ သဘောကျရင် ၂၉.၉၅ ဒေါ်လာနဲ့ ဝယ်နိုင် ပါတယ်။
Folder Guide သည် သင့်ရဲ့ အရေးကြီးတဲ့ ကိုယ်ပိုင် ဖိုင်နဲ့ ဖိုလ်ဒါများကို password နဲ့ ကာကွယ်ပိတ်ပေးနိုင်ပါတယ်။ ဒါတင် မက အမြင်ကနေ ဖျောက်ထားနိုင်ပါတယ်။ စွမ်းရည်မြင့် ဆော့ဖ်ဝဲ ဖြစ် လို့ သတိထား လုပ်ဆောင်ဖို့တော့ လိုပါမယ်။ Folder Guide သည် CD-ROM နဲ့ removable drives များကိုပင် မဆိုင်တဲ့သူတွေ မသုံးနိုင်အောင် ပိတ်ထားနိုင်ပါတယ်။ တကယ်လို့ သင့် password ကို မေ့နေခဲ့ရင်လည်း Emergency Recovery Utility ကို သုံး ပြီး ပိတ်ထားတဲ့ ဖိုင်၊ ဖိုလ်ဒါကို ပြန်ဖွင့်နိုင်ပါတယ်။ အဆိုပါ Utility ကို Folder Guide တင်ပြီးလို့ ပထမဆုံး run တာနဲ့ တည်ဆောက် ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒီ သီးခြား ဖိုလ်ဒါကို removable drive တစ်ခုခုနဲ့ သိမ်းကာ လုံခြုံတဲ့ နေရာမှာ ထားရမှာပါ။
အခုလို password နဲ့ ပိတ်ထားတယ်ဆိုပေမယ့် လိုအပ်လို့ သုံးချင်သူတွေအတွက် Full Access မဟုတ်ဘဲ Read Only လုပ်ပေးထားနိုင်ပါတယ်။ အခြား အသေးစိတ်အချက်အလက်များ အတွက် သင်ကိုယ်တိုင် စမ်းသပ်ကြည့်တာ ပိုကောင်းမယ်လို့ ထင်ပါ တယ်။

3 comments

  • bigbird

    January 23, 2011 at 3:32 am

    မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..စိတ်သဘောဖြူသူလေးမနောရေ….

    Reply

  • လင်းငယ်

    February 8, 2011 at 5:27 pm

    သုံးကြည့်လိုက်ပါဦးမယ်…ကျေးဇူးပါပဲ။

    Reply

  • mariner

    February 8, 2011 at 7:30 pm

    Thanks for your contribution…….

    Reply

Leave a Reply

Your email address will not be published.