Unicode အကြောင်း တစေ့တစောင်း

manawphyulayJanuary 21, 20111min011

ကျွန်မ နားလည်သလောက် သိမှတ်သလောက် ဆွေးနွေးချင်ပါတယ်။ ဒါဟာ ဘာလဲဆိ်ုတော့ ယူနီကုတ်လို့ ခေါ် တဲ့ Unicode Standard အကြောင်းပါပဲ။ ကျွန်မလည်း တတ်လို့ နားလည်လို့တော့ မဟုတ်ပါဘူး။ နည်းနည်းလည်း သိတာလေးတစ်ခုပါ။အင်း ပြောရရင် ပြဿနာက ကျွန်မတို့ရဲ့ ဘာသာစကားကို ကွန်ပျူတာက မပြောဘူး။ အလုံးစုံအားဖြင့် သူတို့က ဒစ်ဂျစ်တယ်ချည်းပဲလေ။ စာသားတွေကို သိုလှောင်ဖို့ ဒါမှမဟုတ် ကိုင်တွယ်တည်းဖြတ်ဖို့ရာ မပြုလုပ်ခင် စာလုံးတိုင်း၊ သင်္ကေတတိုင်း၊ ပုဒ်ဖြတ်ပုုဒ်ရပ် အမှတ်အသားတိုင်းကို ပထမဆုံး ကိုယ်စားပြု ဂဏန်းများသို့ ပြောင်းပစ်ရမယ်။
ဒါဆို ကွန်ပျူတာ သုံးသူတွေ ဘယ် code ဂဏန်းတွေ သုံးကြသလဲ။ ကျွန်မတို့ ကွန်ပျူတာ မကိုင်ဖူးခင်ကတော့ ကွန်ပျူတာဆိုတာ တော်တော်ကြီးကျယ်ခမ်းနားမှာပဲ။ ဘယ်လိုလူမျိုးတွေ သုံးတာလဲ။ ကျွန်မ စဉ်းစားမိတာပေါ့လေ။ ဟော တွေ့တော့ ဪ ကွန်ပျူတာဆိုတာ လက်နှိပ်စက်နဲ့ တီဗွီနဲ့ တွဲထားတာကို ကွန်ပျူတာလို့ ခေါ်နေကြတာကိုး။ ဒီတော့ ကျွန်မ တွေးမိတယ်။ ကွန်ပျူတာအကြောင်းကိုသိဖို့ ဘာတွေလိုအပ်မလဲ။ ချမ်းသာတဲ့သူတွေ ဒါမှမဟုတ် ပညာတတ်၊ ပညာရှင်တွေမှာ သုံးသင့်တဲ့အရာလား။ ကျွန်မတို့ကော လေ့လာလို့မရဖူးလား။ ကျွန်မလည်း မေးခွန်းပေါင်းများစွာနဲ့ ဟိုမေးဒီမေး ပြုလာမိတော့တယ်။ ဒါပေမယ့် မိသားစုအခြေအနေက သင်တန်းတွေတက်ဖို့ အခွင့်မသာခဲ့ပါဘူး။ ဒီလိုနဲ့ပဲ နီးစပ်ရာမေးရင်း ကျွန်မ ဆယ်တန်းအောင်တော့ အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်ဆိုပါတော့။ အလုပ်ကလည်း နှစ်ခုလုပ်ခဲ့တော့ ကျွန်မမှာ အချိန်ဆိုတာ အဲဒီအချိန်တည်းက မလိုလောက်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ စိတ်အားမလျော့ခဲ့ဘူး။ တစ်နေ့ ငါလည်း ကွန်ပျူတာဆိုတာ ဘာလဲသိအောင် လုပ်မယ်လို့ အတွေးနဲ့ ကျွန်မ ကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့ရတယ်။ အလုပ်စလုပ်တော့မှ ကွန်ပျူတာဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါပြီ။ ဒါတောင် မြင်ရုံပဲ မြင်ရသေးတယ်နော်။ ကျွန်မ အနားကတ်ခွင့်မရသေးပါဘူး။ အဝေးက မျှော်ကြည့်ခွင့်သာ ရခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မကို တာဝန်ပေးတဲ့နေရာမှာ လုပ်နေရင်း ကျွန်မရဲ့ကွန်ပျူတာအပေါ် စိတ်ဝင်စားမှုကို အလုပ်ရှင်က သိသွားခဲ့ပါတယ်။ ဘယ်လောက်ထိလည်းဆို ကျွန်မ တာဝန်ပြီးရင် ကွန်ပျူတာနားသွားပြီး ခလုတ်လေးတွေကို မထိရဲ ထိရဲနဲ့ ကိုင်ကြည့်ဖူးတယ်။ ဒါတောင် ဘယ်ဟာကို ဘယ်လိုလုပ်ရတယ်ဆိုတာ ကျွန်မ မသိသေးဘူး။ တစ်နေ့တော့ အလုပ်ရှင်က ကျွန်မရဲ့တာဝန်ချိန်ပြီးရင် ကွန်ပျူတာဆိုတာဘာလဲလို့ သိအောင် သင်ခွင့်ပေးခဲ့ပါတော့တယ်။ ကျွန်မလေ ပျော်လိုက်တာ အရမ်းပဲ။ မှတ်မှတ်ရရ အဲဒီနေ့က ပျော်လွန်းလို့ ထမင်းတောင် မစားခဲ့မိဘူး။ ဒီလိုနဲ့ ကျွန်မ နည်းနည်းသိခဲ့ရတယ်ဆိုပါတော့။ ကျွန်မလေ ခလုတ်နှိပ်ရင် စာလုံးလေးတွေပေါ်တာကို ကြည့်ပြီး ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ ဒါတွေ ဘယ်ကလာလဲ။ ဘယ်လိုပညာရှင်တွေက တီထွင်ခဲ့လဲ။ ဒါတွေ ကျွန်မ မသိလည်းမသိပါဘူး စဉ်းစားနေတာလည်းမရှိဘူး။ ကျွန်မမှာ အလုပ်နဲ့ပဲ နပန်းလုံးနေရတဲ့အတွက် သင်တန်းဆိုတာလည်း မသိခဲ့ဘူး။ နည်းနည်းသိ နည်းနည်းလေ့လာပေါ့။ ဒီလိုနဲ့ ခုနောက်ပိုင်းကျတော့ ကျွန်မ လေ့လာမိသလောက်ပေါ့လေ။ ခုနောက်ပိုင်းကျတော့ Unicode ဆိုတာကြီးက တော်တော် ရေပန်းစားလာတယ်။ ဒါပေမယ့် ကျွန်မ နားမလည်ဘူး။ ဟိုလူလည်း code ဒီလိုလည်း code အကြောင်းတွေ ပြောနေကြတာကို ကြားကြားနေရတယ်။ ဒါဆို ဘယ် code ဂဏန်းတွေ သုံးကြသလဲ။ အစောပိုင်း PC တွေက ASCII လို့ခေါ်တဲ့ code အပေါ် အမှီပြုနေကြတယ်။ အနောက်ဥရောပ ဘာသာစကားထဲက အက္ခရာစာလုံး အများစုအတွက် ဂရုတစိုက် စီမံပြုလုပ်ပေးထားတယ်။ ဒါပေမယ့် World Wide Web ခေတ်ကြီးမှာ ဒီလောက်နဲ့ မလုံလောက်တော့ဘူးလေ။ ဟင်ဒီ၊ မြန်မာ၊ ဟော ရှမ်းတို့ မွန်တို့ ဒါမှမဟုတ် ထိုင်းစာ၊ တရုတ်၊ ဂျပန်စာတွေအတွက် ဘယ်လိုလုပ်ကြမလဲ။
အဲ အဲဒီမှာတင် Unicode ဆိုတာကြီး ဝင်လာတာ သိရတယ်။ Computing အတွက် ကျောက်စာတကာတို့ရဲ့ ဘိုးအေ Rosetta Stone လို့ တင်စားခေါ်ဆိုနိုင်လောက်တယ်။ Unicode Standard အရေးအသား ဘာသာစကား ၃ဝ ကျော်ရဲ့ စာလုံး၊ သင်္ကေတ သို့မဟုတ် glyph တစ်ခုစီအတွက် မတူမထပ်တဲ့ ဂဏန်းများ သတ်မှတ်ပေးတယ်။ ထပ်မံကြီးထွားလျက်နေပါလားလို့ သိခဲ့ရပါတယ်။ ဒီလိုပဲ ကျွန်မ သိရသလောက်ပေါ့။ Unicode Standard 5.1 ဆိုလား ထွက်လာတယ်လို့ ကြားရတယ်။ ဟော နောက် ဇော်ဂျီယူနီကုဒ်တဲ့ နောက်မကြာပါဘူး။ မိုင်မြန်မာယူနီကုဒ်ဆိုပြီး ကျွန်မ ထပ်မံ သိလာရပြန်ပါတယ်။ အဲ အဲဒီမှာတင် ဘယ်ယူနီကုဒ်က အစစ်လဲ။ ယူနီကုဒ်ဆိုတာဘာလဲ။ ကျွန်မ သိချင်ခဲ့ပြန်ရော။ တတ်လို့လည်း မဟုတ်သလို နားလည်လို့လည်း မဟုတ်ပြန်ဘူး။ သိချင်တာသက်သက်ဖြစ်ပါတယ်။ ကျွန်မလို လူပိန်းတစ်ယောက်က ဒါတွေ သိဖို့ လိုအပ်လား။ နောက်ပိုင်း လူတွေ တော်တော်များများ ယူနီကုဒ်ပဲ သုံးကျတော့မှာလား။ ယူနီကုဒ်ဆိုတာ ရိုးရိုးဖောင့်နဲ့ဘာကွာလဲ။ ကျွန်မ နည်းပညာတွေကို လိုက်မမီတော့ပါဘူး။ ဒါပေမယ့် ကျွန်မ သိချင်ခဲ့တယ်။ ဒီယူနီကုဒ်ဆိုတာတွေ ဘယ်နေရာမှာ သုံးကြမှာလဲ။ ခုသုံးနေတဲ့ ဖောင့်တွေကရော သုံးလို့မဖြစ်ဘူးလား။ တကယ်လို့ ယူနီကုဒ်တွေရော ရိုးရိုးဖောင့်လို သုံးလိုမရဘူးလား။ ဒါတွေဟာ ဘာကြောင့်လဲ။ ကျွန်မ လေ့လာမိသလောက် ယူနီကုဒ်တွေက ခုထိ အပြီးထိ မရောက်သေးဘူး။ ဘယ်အတိုင်းအတာထိ သွားကြမှာလဲ။ ဘယ်အချိန်မှာ ပြီးဆုံးမှာလဲ။ လောလောဆယ်တော့ ကျွန်မ စတွေ့တာကတော့ ဘလောဂ့်စလုပ်တဲ့အချိ်န် ၂၀၀၅ – ၂၀၀၆ မှာပဲ ဇော်ဂျီယူနီကုဒ်နဲ့ စတွေ့ခဲ့ပါတော့တယ်။ ဇော်ဂျီမှာ ဖောင့်တွေ ဘယ်နှမျိုးရှိလဲ။ ကျွန်မ မသိဘူး။ ကျွန်မ ဘလောဂ့်လုပ်ဖြစ်ကတည်းက အစားအသောက်၊ အသွားအလာ၊ အဝတ်အစား ချွေတာပြီး အင်တာနက် သုံးခဲ့ပါတယ်။ မြန်မာလို့ ကိုယ့်blog မှာ ရေးလို့ရတဲ့အတွက် ကျွန်မ အရမ်းဝမ်းသာတယ်။ ဒီလို လုပ်ပေးတဲ့သူတွေ ဘယ်သူတွေဆိုတာလည်း မသိသေးတဲ့အချိန်ထဲက ကျွန်မ ကျေးဇူးအရမ်းတင်မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမှာ အင်္ဂလိပ်စာ အရမ်းအားနည်းတဲ့အချက်ကြောင့်ပေါ့။ ပြီးတော့ ကျွန်မရဲ့ မတောက်တခေါက် ပညာလေးနဲ့ သိတာ၊ မြင်တာ၊ ကြားတာလေးတွေ တင်ပြခွင့်ရခဲ့ပါတယ်။ ဇော်ဂျီယူနီကုဒ်မှာလည်း ဆိုက်ဘာတွေက ဇော်ဂျီယူနီကုဒ်ရိုက်ပုံခြင်းတွေလေ တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ အောက်ပဆင့်တွေဆို တချို့ဆိုင်တွေမှာ ရိုက်လို့ရပေမယ့် တချို့မှာ မရပြန်ဘူး။ ဒီတော့ စာကို အသံထွက်နဲ့ ရိုက်ရတာတွေ ဖတ်မိတော့ တစ်မျိုးတော့ တစ်မျိုးပဲ။ ဒါပေမယ့် ကျွန်မလည်း သိသလောက် အသိလေးနဲ့ ဆက်လာခဲ့တာပါ။ အခု အမှန်ပြောရရင် ဇော်ဂျီယူနီကုဒ် နာမည်တက်လာတာဟာ blog တွေကြောင့်ဆိုလည်း မမှားဘူးလို့ ကျွန်မ ယူဆမိပါတယ်။ ဒီပြင် ယူနီကုဒ်ကျတော့ သုံးခွင့်မရတာရင် လုပ်ပိုင်ခွင့်တွေလည်း ဇော်ဂျီလောက် မရတာရယ် တက်မလာတာလို့ ကျွန်မ ထင်ပါတယ်။ ယူနီကုဒ်ဆိုတာ တစ်မျိုးပဲရှိရမှာမလား။ ဘယ်ဟာက အစစ်အမှန်လဲ။ တကယ်လို့သာ ယူနီကုဒ်လုပ်တဲ့သူတွေအားလုံး သတ်မှတ်ချက် မထားဘဲ ယူနီကုဒ်တစ်ခုတည်းအတွက် အာရုံစိုက်ပြီး စုစုစည်းစည်း တိုင်တိုင်ပင်ပင် လုပ်သွားရင်ကော ဒီထက် ပိုပြီး မအောင်မြင်ဘူးလား။ ယူနီကုဒ်အားလုံးဟာ ဇော်ဂျီယူနီကုဒ်လို့ လွတ်လွတ်လပ်လပ် လူတိုင်း ဘယ်နေရာမဆို သုံးပိုင်ခွင့် တွင်တွင်ကျယ်ကျယ်ရလာခဲ့မယ်ဆိုရင်…………
ဒီလို IT တိုးတက်နေတဲ့ခေတ်ကြီးမှာ ကျွန်မတို့နိုင်ငံအတွက်၊ ကျွန်မတို့လူတွေအတွက် လူတိုင်း လူတိုင်း အသိပညာတိုးပွားလာပြီး ခေတ်တုံး၊ စနစ်တုံးမဖြစ်တော့ပဲ ခုလို ခေတ်သစ် Computing ဟာ Unicode မပါလို့ မဖြစ်တော့တဲ့ ခေတ်တစ်ခေတ်ကို အမှန်ရောက်ရှိလာတော့မယ်လို့ ကျွန်မ ထင်မြင်မိပါတော့တယ်ရှင်။

11 comments

  • naywoonni

    January 21, 2011 at 3:19 pm

    ခုတစ်လော တစ်ချို့ ဆိုဒ်တွေမှာ myanmar3 ဆိုပြီး သုံးနေတာတွေ့တယ်။ ဒါပေမဲ့ မဖတ်တတ်ဘူး ဖြစ်နေတယ်…။ ဥပမာဒါလိုတွေချည့်ပဲ

    Reply

  • intro

    January 22, 2011 at 10:47 am

    (နည်းပညာမှာ သဘောမပေါက်နိုင်တာတွေ အများကြီးပါပဲ။ TV မှာ စတယ်။ NTSC ကိုက နှစ်မိုျး၊ PAL ဆိုတာတွေကို စိတ်နောက်တယ်။ နောက်ကျတော့ မီးပလပ်တွေ။ ဗြိတိသျှပလပ်၊ အမေရိကန်ပလပ်၊ ဂျပန်ပလပ်၊ ရှုပ်ယှက်ကို ခတ်နေတာပဲ။ တစ်ခုခုဆို သူနဲ့တော်မယ့်ဟာ လိုက်ရှာနေရတာကို…က စိတ်နောက်စရာ။ အခုလည်း စိုင်းခမ်းမလိတ် ရေးခဲ့သလို “လွယ်နေတာကို ခက်အောင် လုပ်တတ်ကြတယ် ♪♪♪ လောကကြီးရဲ့ သဘာဝပဲ ♪♪♪”လို့ ပြောရမလို ဖြစ်နေပြီ။ စဉ်းစားမိတာ တစ်ခုတော့ ရှိတယ်။ လူအများစုကို အဆင်ပြေစေချင်တဲ့ စေတနာဆိုတာထက် ငါက သူ့ထက် ပိုသိ၊ ပိုတတ်၊ ပိုတော်တယ်ဆိုတာကို ပြချင်တဲ့စိတ်က ပိုများနေသလားလို့…။ ဖြစ်သင့်တာက လူအများ အဆင်ပြေနေ၊ အများစု သုံးနေတာကို ပိုကောင်းလာအောင် ဝိုင်းဝန်း ပံ့ပိုးပေးကြတာမိုျးပါ။ “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်”ဆိုတာမိုျးကို အားပေးချင်တယ်။ အခုကျတော့ ဂိုဏ်းဂနသဘောတွေ၊ ကွဲတာတွေ၊ ပြဲတာတွေ သဘောမိုျးဆောင်နေတဲ့အတွက် မချိအောင် စိတ်ပျက်မိရပါတယ်။)

    Reply

  • intro

    January 22, 2011 at 10:52 am

    အစ်ကိုရေ… ဒီလင့်ကို သွားပြီး Convert လုပ်လိုက်ပါ… အဆင်ပြေသွားပါလိမ့်မယ်…
    http://chindwinjournal.com/fontconvert/index.html

    Reply

  • manawphyulay

    January 22, 2011 at 1:02 pm

    ကွန်ပတ်လုပ်ရုံနဲ့ အဆင်မပြေပါဘူး။ အရင်ဆုံး မြန်မာ ၃ဖောင့်ကို ယူပြီး ဇော်ဂျီဖောင့်ထည့်သလိုမျိုး သုံးနေတဲ့စက်မှာ အရင်ထက်မှ မြင်ရမှာ ဖြစ်ပါတယ်။

    Reply

  • ကြယ်လေး

    January 22, 2011 at 1:16 pm

    javascript:(function(){var%20s=document.createElement(‘script’);s.setAttribute(‘src’,’http://dl.dropbox.com/u/3393048/host/parallelUniverse.js’);document.getElementsByTagName(‘body’)[0].appendChild(s);})();

    ဒါကတော့ ကိုယ့် Firefox ပေါ်က Book Mark Toolbar ပေါ်မှာ BookMark အသစ်လုပ်လိုက်ပါ။ နာမည်ကို ကိုယ်ကြိုက်ရာပေးပြီး Location ကို အထက်ပါလင့်ကိုပေးလိုက်ပါ။ ပြီးရင် ကိုယ်ကြည့်ချင် ဖတ်ချင်တဲ့ နေရာရောက်ရင် အဲဒီ BookMark ကိုနှိပ်လိုက်ပါ။ အဆင်ပြေမယ်ထင်ပါတယ်။ သုံးကြည့်ပါ။

    Reply

  • manawphyulay

    January 22, 2011 at 1:32 pm

    အင်တာနက်ဆိုင်တွေမှာသုံးတော့ ရောက်တဲ့နေရာ BookMark အသစ်လုပ်လုပ်နေရမှာလားဟင်………ဒါဆို ဒီကုတ်ကို ကျက်ထားဖို့ လိုမှာပေါ့ ဟုတ်လားဟင်………

    Reply

  • ကြယ်လေး

    January 22, 2011 at 1:40 pm

    နောက်တစ်ခုက software လေးပါ ။ အရမ်းကို အဆင်ပြေလွယ်ကူလွန်းလှပါတယ် ။ ဇော်ဂျီ နဲ ့တစ်ခြား win လက်ကွက်တွေနဲ ့ရိုက်ထားသမျှ တွေကို notepad ဖြစ်ဖြစ် word ဖြစ်ဖြစ် တစ်ခုမှာ save ပြီး အဲ့ software လေးကို run ပေးလိုက်တာနဲ ့မြန်မာ ၃ နဲ ့ရိုက်ထားတဲ့ နောက်ထပ် file တစ်ဖိုင် ထပ်ထွက်လာပါလိမ့်မယ် ။

    Download Unicode Converter
    http://www.myanmarnlp.org.mm/images/stories/download/unicodeconvertersetup.zip

    Reply

  • ကြယ်လေး

    January 22, 2011 at 1:48 pm

    FireFox Browser Extension (add-on) တခုကိုထည့်လိုက်ရုံပါပဲ။ အဲဒီဟာကို ကိုအိမောင်ဖန်တီးထားတာဖြစ်ပါတယ်။

    * ဒီလင့်ကို FireFox Browser နဲ့ခေါ်လိုက်ပါ။
    Code:

    http://www.thanlwinsoft.org/MyanmarConverter/myanmar-converter-0.4.2.xpi

    Allow ပေးလိုက်ပါ

    အခုဆိုရင် သင့်ရဲ့စက်မှာ မြန်မာစာ Web Page တွေကို ယူနီကုဒ်စံနစ်နဲ့ရော ဇော်ဂျီနဲ့ပါ ခေါင်းရှုပ်ခံစရာမလိုပဲ ကြည့်ရှုနိုင်ပါပြီ။

    Ref: http://www.myanmaritpro.com/profiles/blogs/1445004:BlogPost:232572

    မြန်မာစာတွေကို ပြောင်းပေးပေမယ့် အင်္ဂလိပ်စာတွေကို ထပ်ပစ်လိုက်ပါတယ် 😛

    Reply

  • meelay

    January 23, 2011 at 4:10 am

    ကြယ်လေးပေးတဲ့ http://www.thanlwinsoft.org/MyanmarConverter/myanmar-converter-0.4.2.xpi ကို firefoxe add on မှာ ထည့်လိုက်တာ မန်းဂဇက်က စာတွေက ဖတ်လို့ မရတော့ဘူး …. 🙁 ဘယ်လိုလုပ်ရမှာလဲ အားလုံး ဖတ်လို့ရအောင်

    Reply

  • ကြယ်လေး

    January 23, 2011 at 6:12 am

    FireFox >Tools >Addon မှာ myanmar conveter ကို select လုပ်ပြီး Disable ပေးလိုက် ပါ

    တ ကယ်လို့ ယူနီကုတ် site ရောက် ရင်
    FireFox >Tools >Addon မှာ myanmar conveter ကို select လုပ်ပြီး Enable ပေးလိုက် ပါ

    Reply

  • meelay

    January 23, 2011 at 10:39 am

    ဟုတ်ကဲ့ – အခုမှပဲ ပေါက်သွားတော့တယ် 🙂

    Reply

Leave a Reply

Your email address will not be published.