တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး….

introApril 19, 20101min04

အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများလေးစားကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့ တောလိုက်ထွက်ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးကသေနတ်နဲ့ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေးသွားခဲ့တယ်။
အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင် အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။

သခင်ရဲ့ အပြစ်စကားကို ကြားတော့ ခွေးက တတ်နိုင်သလောက်ကြိုးစားခဲ့တာတောင် အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။

သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တဩ ဝိုင်းမေးကြတယ်။

“ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?”

“ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့ ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး”

ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible ကျမ်းစာထဲက အခန်း ၅ မှ ရ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။

Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ရထိက စာလုံးပေါင်းသောင်းဂဏန်းထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့
ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးကဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိအလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို
ကလေးငယ်တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့ဩခဲ့မိတယ်။ လူငယ်ရဲ့မှတ်ဉာဏ်ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာတအံ့တဩမေးခဲ့တယ်။

“ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?”

“ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်”လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။

နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမာ္ဘကျော် Softwareကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။

လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို သိပ္ပံပညာရှင်တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက်တတ်နိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က အိပ်မောကျနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊ ထီထွင်ချင်တယ်ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။
အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။

မူရင်း — 尽力而为还不够

Web page တစ်ခုပေါ်ကဖတ်မိသမျှလေးကိုပြန်ဝေမျှတာပါ။

4 comments

  • kochit

    April 19, 2010 at 1:20 pm

    think u for i can read

    Reply

  • nyi

    April 19, 2010 at 3:08 pm

    တတ်နိုင်တာ နဲ အစွမ်းကုန်ဘာကွာနေလဲ ပြော်ပေးပါဦး…။
    ဒီလောက်ပဲတတ်နိုင်တဲ လူက ဒီလောက်ပဲစွမ်းရေရှိလို…
    အစွမ်းကုန်သုံးတဲ လူကလဲ ဒီလောက်ပဲတတ်နိုင်တယ်..မပာုတ်ဘူးလား။။။
    ဘယ်လိုတွေကွာ ခြားနေလဲ ပြော်ကြပါဦး။။။။။

    Reply

  • susunosuki

    April 20, 2010 at 2:43 pm

    သိပ်ကောင်းတဲ့ ပိုစ် ပါ
    ကျွန်တော်ကြိုက်တယ်
    “ဒီလိုအားပေးတဲ့ ပိုစ် ဆိုရင်ဘယ်လောက်ဖတ်ဖတ်အားရတယ်ကိုမရှိဘူး
    အားပေးကြိုဆိုပါတယ်
    စိတ်ခွန်အားတွေလည်းဖြစ်ထွန်းရတယ်

    Reply

  • thethtet87

    September 25, 2010 at 1:27 pm

    စာလေးကိုတော့သိပ်သဘောကျပါတယ်။ဒါပေမဲ့အပြည့်အဝတော့မဟုတ်ဘူးနော်။ဘာလု့ိလဲဆိုတော့အလုပ်ဆိုတာအစွမ်းကုန်လုပ်သင့်သလားဆိုတာနည်းနည်းပြန်စဉ်းစာရမဲ့အကြောင်းလေးတွေရှိနေလို့ပါဘဲ။ဘာကိုလဲဆိုတော့ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အခွင့်အာဏာ၊ရာထူး၊ကိုယ်ဦးဆောင်နေရတဲ့အဖွဲ့အစည်း၊ကိုယ်ရဲ့ခဲနိုင်ရည်စွမ်းအားတွေကိုယ်လည်းပြန်လည်သုံးသပ်သင့်တယ်လေ။အဓိကတော့ရည်မှန်းချက်ပန်းတိုင်ထင်တယ်။ရူပဗေဒသဘော တရားနဲ့ပြောရင်တော့ w= fd လေ မဟုတ်ဘူးလား။အားအင်စိုက်လောက်အရွေ့ကောရှိရဲ့လား။

    Reply

Leave a Reply

Your email address will not be published.