ကမော္ဘဒီးယား ခရီးစဉ်မှ ဓါတ်ပုံ မှတ်တမ်း

ဆူးJanuary 20, 20111min08


စားနေတဲ့ ပုံစံ ကြည့်ရတာ မုန့်ဟင်းခါးနဲ့ တူတာဘဲ.. ဟင်းရည် အိုးလေးကတော့ သေးသေးလေး ရေအိုးလောက်ဘဲ ရှိတယ်။ ကိုင်ထားတဲ့ ပန်းကန်က ကြွတ်ကြွတ်အိတ်လေး စွပ်ထားတာ ဖြစ်ပါတယ်။ စားသုံးသူ လာရင် ပန်းကန်ကို အိတ်လေးစွပ်ပြီး အဖတ်ထဲ့ အရည်ဆမ်းပြီး တူနဲ့ ချကျွှေးတယ်။ ပြီးတော့ ကြွတ်ကြွတ်အိတ်လေး လွင့်ပစ်ပြီး ပန်းကန်မှောက်ထားလိုက်တယ်။ ပန်းကန်တော့ မဆေးရတော့ဘူးပေါ့။ ဆေးတာ မသန့်မှာလည်း ပူစရာ မလိုပြန်ဘူး။ ၁ပွဲ ဘယ်လောက် ရောင်းလဲတော့ မသိဘူး။


အလွန်ပေါင်မုန့် စားတဲ့ နိုင်ငံ ပြောရမလား မသိဘူး။ အဲဒီလို ပေါင်မုန့်တွေ မနက်ခင်း သွားရာ လမ်းတောက်လျှောက်မှာ ပေါင်မုန့်တွေ အများကြိး ရောင်းတယ်။


ခေါင်းရွက်ဗြက်ထိုး ဈေးသည်တွေ အများကြီးဘဲ ပုံစံတွေကတော့ မြန်မာနိုင်ငံက ပုံစံတွေလိုဘဲ ခံစားရတယ်။


သူတို့ ဆီမှာလည်း တရုတ် လွမ်းမိုးမှု တော်တော် ရှိတယ်။ ဘုရားကျောင်းဆောင် လှလှလေးတွေ အကုန် တရုတ်စာတွေ ကြီးဘဲ။


ဖြတ်သွားရင်းနဲ့ မြင်လိုက်တဲ့ ဘုန်းကြီးကျောင်း တခုကို ဓါတ်ပုံ လှမ်းရိုက်ယူလိုက်တာ ဖြစ်ပါတယ်။ အထဲက လှပတဲ့ လှေကား လေးကို ရိုက်ယူတာ မရခဲ့ဘူး ကားမောင်းနေတဲ့ အရှိန်ရှိနေတော့.. မတတ်နိုင်ဘူး ရတာဘဲ ယူထားလိုက်တယ်။ ခြင်္သေ့ ရုပ်တွေကတော့ စပ်ဖြီးဖြီး နဲ့ တမျိုးလေးဘဲနော်။ မြန်မာ ခြင်္သေ့ကတော့ ပိုပြီး မာန်ပါလေမလားတောင် မသိဘူး။ ကိုယ်ငါးချဉ် ကိုယ်ချဉ်နေမိတယ်။


အုတ်တံတိုင်း အတွင်းဘက်က ဘုန်းကြီးကျောင်းကို ရိုက်ယူထားတာ ဖြစ်ပါတယ်။ ဗိသုကာ လက်ရာ အနေအထားကတော့ နီးစပ်ပါတယ်။ ဒါပေမဲ့.. ယိုးဒယားနဲ့ ပိုနီးစပ်တယ်လို့ ပြောရမလားဘဲနော်။


မြန်မာ ပြည်နဲ့ တူတယ် ဖုန်ထူထူလမ်းကလေး။

လမ်းတောက်လျှောက် ဖြတ်သွားရင်း ကြည့်မိတာကတော့ မြန်မာပြည်မှာလို လယ်တွေ တဲအိမ်တွေ အများကြီး မြင်မိတယ်။ တဲအိမ်တွေ ကြည့်ရင်လည်း ထမိန်တွေ လှမ်းထားတာ မြင်တော့ သူတို့လည်း ထမိန်ဝတ်တာဘဲလို့ တွေးမိတယ်။ လူတွေ ပုံစံကလည်း မြန်မာ ရုပ်မျိုးတွေဘဲ။ ကားစီးရင် ငိုက်ပြီး တရေးနိးလို့ ရုတ်တရက် ကြည့်လိုက်ရင် မြန်မာပြည် အထက်ပိုင်းကို ခရီးထွက်နေသလို ခံစားရတယ်။ လူတွေကလည်း ဆင်းရဲကြတယ်။ တောနေလူတန်းစားများတယ်။ လူဦးရေ ၉၀%က တောမှာ နေကြပြီးတော့ တောနေလူတွေ ကို လျှပ်စစ်မီး မပေးပါဘူးတဲ့။ လျှပ်စစ်မီး အရင်းအမြစ်မရှိတဲ့ အတွက် ကိုယ်ပိုင် မီးနဲ့ နေတယ်လို့ ပြောတယ်။ ညနေဝင်ပြီး အမှောင်ပျိုးတဲ့ အချိန် ကားစီးရင်း ကြည့်မိတာကတော့ တော်တော် မှောင်နေတယ် အိမ်တွေ တိုင်းမီး မလင်းဘူး။ မီးထွန်းတဲ့ အိမ်ကလည်း မီးမှိန်မှိန်ဘဲ။

8 comments

  • manawphyulay

    January 21, 2011 at 3:46 am

    ကမ္ဘောဒီးယား စကား လေ့လာမိသလောက်ကော ပြောပြပါဦး။ ကြားဖူးနားဝရှိအောင်လို့ပါ ညီမလေး………..

    Reply

  • kopauk mandalay

    January 21, 2011 at 12:23 pm

    ကျနော်ဖတ်ဘူးသလောက် ရုပ်ရှင်တွေကြည်ွှ့ဘူးသလောက် မြန်မာနိုင်ငံနဲ့ ပါတ်ဝန်းကျင်ကနိုင်ငံတွေ
    လူနေမူ့ အဆင့် အတန်းသိပ်မကွာဘူးလို့ထင်ပါတယ်။
    မရောက်ဘူးတော့ ထင်ဘဲ ထင်ပါတယ်၊

    Reply

  • manawphyulay

    January 21, 2011 at 1:10 pm

    မြန်မာ = ကမ်ဘောဒီးယား
    နေကောင်းလား =နရားဆော့စပါတီ စ်
    ကျေးဇူးတင်ပါသည် = အော့ကွန်း
    ဟဲလို =ဆွတ်စလာရီ
    မိန်းကလေး =စလရိုက်
    ယောက်ျားလေး =ပရရောင်း
    မင်းကိုချစ်တယ် = စညောခရောလှိုင်း နရ
    မင်းကိုသတိရတယ် = ခညောနပ်စ် နရ
    အရမ်းလှတဲ့မိန်းကလေး = စလရိုက် စအမ်

    မမ သိသလောက် ရေးလိုက်တယ်နော်။ ဟုတ်လား ညီမလေး မှားတဲ့စကားလုံး ထောက်ပြဦး။ နောက်ပြီး ထမင်းစားရေသောက် ပြောပြဦးနော်။

    Reply

  • ဆူး

    January 21, 2011 at 1:17 pm

    မနောရေ.. ပညာလာစမ်းတယ် ထင်ပါတယ်။ ဟီးဟီး..
    တလုံးမှကို မတတ်ဘူး။ သူတို့ စကားပြောပြီး သွားလည်တာ မဟုတ်ဘူး။ လူအ စကားပြောပြီး သွားလည်တာ နားမလည်မချင်း ခြေဟန်လက်ဟန် နဲ့ နားလည်အောင် ပြောလိုက်တယ်။ အဟီး.. ယုံလား တော့ မသိဘူး။
    အင်္ဂလိပ်လိုပြောတယ် ရှင်းပြတဲ့ ဂိုက်ကလည်း အင်္ဂလိပ်လို ပြောတာဆိုတော့ အဆင်ပြေတယ်လေ။

    Reply

  • manawphyulay

    January 21, 2011 at 1:27 pm

    နည်းနည်းပါးပါးတော့ သိလာမှာပေါ့ လျှိုနေပြန်ပြီနော် သင်ပေးရမှာစိုးလို့ထင်တယ်။

    Reply

  • ဆူး

    January 21, 2011 at 1:37 pm

    သူတို့လည်း အင်္ဂင်္လိပ် ပြောတတ်တယ် မနောရဲ့ 1$ please ဆိုပြီး လူနားကပ်ပြီး တောင်းတော့တာဘဲ။ ဈေးသည်ကလည်း 1$ အော်ပြီး အထုပ်တွေကိုင် လိုက်ရောင်းတယ်။ ၁၀ဝ တန်ဘဲ ရှိလို့ အတန်ကြီးပေးရင် မအန်းနိုင်ဘူး။ ၁ဝတန်တောင် မအန်းနိုင်ပါဘူး။
    သူတို့ ဆီက ဝယ်စားရင် Where r u? လို့မေးတယ်။
    မြန်မာလို့ ဖြေလိုက်ရင် Myanmar beautiful ဆိုပြီး ပိုက်ဆံ ပွတ်ပြီး ပြောတယ်။
    သူတို့ဆီမှာ အိမ်သာဝင်တာတောင် ပိုက်ဆံ ပေးရတယ်။
    ပိုက်ဆံ သိပ်မက်တာဘဲ။
    မြန်မာပြည် မှာ ခရီးထွက်ရင် လက်ဖက်ရည်ဆိုင်ဝင် စေချင်လို့ အိမ်သာ သွားမလား အပေါ့အပါး သွားလို့ရတယ် သန့်တယ်နော် အော်ပြီး ခေါ်နေတာ.. ဝယ်မစားလည်း ဘာမှ မပြောဘူး။ ဝယ်စားစေချင်တာ မှန်ပေမဲ့.. စိတ်ထား ဖြူတာ ရှိပါသေးတယ်ကွယ်။

    Reply

  • အာဖျံ ကွီး

    January 22, 2011 at 6:47 am

    ဘုရားကျောင်းဆောင်ရောင်းတဲ့ဆိုင်ကကောင်လေး … မဆူးဓါတ်ပုံရိုက်နေတာသိလို.ထင်တရ် …. အိုက်တင်ပေးနေတာ …. ကြည့်အုံး …. ဟီးးးး

    Reply

  • ဆူး

    January 22, 2011 at 7:05 am

    ကားပေါ်က လှမ်းရိုက်ထားတာ။ မီးပွိုင့်မိလို့ ရပ်နေတာနဲ့ ကြုံလို့ ရိုက်လို့ရတာ ဒီတိုင်း သွားရင် လှမ်းရိုက်ရင် အဆင်မပြေဘူး ကားမောင်းတာ နည်းနည်း မြန်တာနဲ့ ကင်မရာ ချိန်တာနဲ့… ကင်မရာ အစုပ်လေး ဆိုတော့ အလုပ် သိပ်မြန်မြန် မလုပ်နိင်ဘူး။

    Reply

Leave a Reply

Your email address will not be published.