ထားစရာမရှိတဲ့သူနဲ့ .. စားစရာမရှိတဲ့သူ

fattyJanuary 20, 20111min010

ကျနော်မောင်ဖက်တီး မန်းလေးဂေဇက်မှာ စာမရေးဖြစ်တာအတော်ကြာသွားပါပြီ။
အကြောင်းကတော့ .. သူများတွေထားစရာမရှိ တဲ့အချိန်မှာ .. စားစရာရှာနေရလို့ပါဘဲ။
ဒီကြားထဲ မေးလ်များနဲ့ ပို့ပြီး ဦးဖက်တီး ဟိုအကြောင်းလေး ရေးပါအုံး .. ဒီအကြောင်းလေးရေးပါအုံးဆိုပြီး
အားပေးကြတဲ့ သူတွေလဲရှိလို့ အားလဲနာမိပါရဲ့ …။

စာလေးဘာလေးရေးဖို့ကုန်ကြမ်းလေးလဲရှာရင်း … စားစရာလဲရှာရင်း ရွာရိုးကိုးပေါက်ပတ်လိုက်တာ
ခရီးစားရိတ်သာ ၁ဝ သိန်းလောက်ပြုတ်သွားတယ် ဘာအကြံဉာဏ်မှမရခဲ့ပါဘူး …။
သွားတာကလည်းကြည့်အုံးလေ .. တပါတ်လောက် ကာရာအိုကေနဲ့ အနှိပ်ခန်း မှာဘဲအချိန်ကုန်ပြစ်လိုက်တယ်။
ကာရာအိုအေခန်းက တစ် Section ၅၀၀ဝ ကျပ်ကနေ ၉၀၀ဝ ကျပ်ထိယူသဗျ။ ဘီယာက ၅ ပုလင်းလောက်ကုန်တယ်။
ကိုသောက်ရတာကနဲနဲ ကောင်မလေးတွေ သောက်သွားတာကများနေတယ် ..။ ပြီးရင်သူတို့အတွက် ကြက်သားလုံးကြော်
ကြက်သားသုတ်တဲ့ မှာသေးသဗျာ အဲလိုမှာမှ သူတို့က ကော်မရှင်ရသတဲ့။ ပြီးတော့အချိုရည် .. အချိုရည်မှာရတာက
ထုံးစံတဲ့။

ကျနော်ကောင်မလေးတွေနားအသာကပ်ပြီး မေးကြည့်တယ်။ ဒီလိုပေါပေါလောလော သုံးနိုင်တဲ့ ငပေါ အီဖေကိုယ်တယောက်
ဘဲရှိတာမို့လားဆိုတော့ … ဟက်ဟက်ပက်ပက်ရယ်ကြသဗျ။ တညကိုလာသမျှလူတွေ ၃ သိန်းကနေ ၅သိန်းကြားသုံးကြတယ်တဲ့
ကျနော်တယောက်သာ တသိန်းလောက်ကို ဘိုင်ပွတ်ပွတ်ပြီး သုံးနေတာတဲ့ …။

အဲဒီလူတွေကဘယ်လိုလူမျိုးတွေလဲဟ ဆိုတော့ .. လူကြီးတယောက်ပါလာတယ်တဲ့ အဲဒီလူကြီးက ဘောပင်လေးထုတ်ပြီး
စာရွက်ပေါ် လက်မှတ်လေးထိုးပေးလိုက်တာနဲ့ ပါလာတဲ့သူ့အဖေါ်တွေက ကျသလောက်ရှင်းပေးတဲ့အပြင် အထုတ်ကြီးတထုတ်
လက်ဆောင်ပေးပါသတဲ့ .. သူတို့အထင် သိန်းရာချီရှိမယ်ထင်တယ်တဲ့ ..။ ဟိုက်ရှားလပါး .. ဒီလိုကိုး ..။

အဲဒီလူလာရင်မသိမသာပြစမ်းပါဆိုပြီး လာဒ်ငွေလေးထိုးလိုက်ရသေးတယ် ..။ မနက်ဖန်လာခဲ့လေတဲ့ .. အင်း .. ကုန်အုံးမယ်။
နောက်နေ့တော့ ဖက်တီး စောစောသွားပြီးစောင့်နေလိုက်တယ် ..။ မကြာပါဘူး လင်ခယူဆာကြီးနဲ့ဝင်လာပါတော့တယ်။
လူသုံးလေးယောက်လောက် ဆင်းလာတယ် ..။ တယောက်သောသူ ဘယ်သူများမှတ်တယ် .. အင်း .. ခင်ဗျားတို့ကိုတော့
ပြောလို့ဖြစ်ပါဘူးလေ ..။ နာမည်တော့ပြောလို့ မဖြစ်ဘူးလေ .. ဒါပေမဲ့ သူက နေပြည်တော်မှာရှိတဲ့ ပရောဂျက်တွေ အကုန်ကိုင်ထားတဲ့သူပေါ့။
အတူပါလာသူတွေကတော့ ဒီကနေ့နာမည်ကြီး ကံထရိုက်တယောက်ပါဘဲ .. ။

ကျုပ်စိတ်ထဲမှာလဲ စိတ်ရိုင်းတွေဝင်လာမိတယ် ..။ ငါလဲဒီကောင့်ဆီသွားပြီး ပရောဂျက်လေးတခုလောက်တောင်း .. ကိုယ်လုပ်စရာမလို
သူများလက်လွှဲရောင်းလိုက်ရုံပေါ့ ..။ ဒါပေတဲ့ ကိုယ်က ဆင်းရဲဇာတာပါလာသလားဘဲ အဲလိုကိုမလုပ်ချင်ဘူး ..။
အိမ်ကိုပြန်တော့ည ၂ ချက်တီးနေပြီ ..။ မိန်မက မအိပ်သေးဘဲစောင့်နေတယ် ..။ ရှင်က ဖြုံးကောင်းနေတယ်ပေါ့ ကြက်သွန်ဈေးက
တပိဿာ ၂၀၀ဝ ဖြစ်နေပြီ ရှင်သိရဲ့လားတဲ့ …။ သိပ်သိတာပေါ့ ဒါကြောင့်လဲ မကြံကောင်း မစီကောင်း လုပ်မိတော့မလို့ …။
ဒါပေမဲ့ ကိုရီးယားတွေ ငတ်နေတုန်းက ဆုံးမစကားလေးသူတို့ရိုးရာမှာရှိတယ် .. စားစရာမရှိဘူလားမိတ်ဆွေ ခါးပတ်ကိုတင်းတင်းဆွဲစိထားလိုက်ပါတဲ့ ..။

ကဲကိုယ့်လူ မြန်မာတို့ ကျုပ်တို့ရော ပုဆိုးကို တင်းသထက်တင်းအောင် ဆွဲပတ်ပြီးဝတ်နိုင်ကြပါ့မလားလို့ ..။

10 comments

  • bigcat

    January 20, 2011 at 4:49 am

    ဘာပဲပြောပြော ၈ဝကျပ်တော့ ပြန်ရသွားပြီပဲ။ ကျေနပ်ပါတော့နော်။ ပုဆိုးကိုလည်း ရှစ်ဆယ်ဖိုးလောက် လျော့ဆွဲပေါ့။
    နေ့လည်ကကျနော်တောင် ဦးဖက်ရိပ်သာဝင်တုန်း တင်လိုက်တဲ့လူပျောက်ကြော်ငြာကို နေ့စွဲပြင်ပြီး ရွာထဲမှာလိုက်ကပ်မလို့ စဉ်းစားမိသေးတယ်။ ဦးဖက်ဂတိပေးထားတဲ့ ဂန္ဓာရီဝိဇ္ဖာ အကြောင်းတွေ လုပ်ပါအုံး။ သဂျီးကို စည်းရုံးနေတာ သူတောင်တော်တော်ပျော့လာပြီ။ အရင်ကလို လေသံမမာတော့ဘူး။

    Reply

  • etone

    January 20, 2011 at 5:30 am

    အိမ်ရှင်မက ပြန်လာတာ စောင့်မနေပဲ တံခါးပိတ်ထားရမှာ …။ 😀

    Reply

  • အာဖျံ ကွီး

    January 20, 2011 at 6:03 am

    စားစရာဆိုတာဘာလဲ … အင်း … နည်းနည်းတော့ဇဝေဇဝါဖြစ်နေတရ် …. သူတော်ကောင်းကိုပြစ်မှားမိရင်လဲအခက် …. ဟီးးးး

    Reply

  • zippo

    January 20, 2011 at 7:31 am

    ငွေများများအရင်းအနှီးလုပ်..။။.. သတင်းကောင်းတစ်ပုဒ် နဲ့ ငွေ၈ဝ ရှာပီးပြန်လာခဲ့တဲ့ အကိုလေးအတွက်..။။..
    ဂုဏ်ယူစွာမှတ်တမ်းတင်ပေးပါမယ်..။။..။။..

    Reply

  • zawana

    January 20, 2011 at 9:43 am

    ဦးဖက်တီးကလည်း ဟိုတစ်ခါ မြောင်းထဲမှာ အမှိုက်ကောက်တဲ့ ကလေးတွေတုန်းကလို ဓါတ်ပုံလေး ဘာလေးရအောင် “စပိုင်ကမ်နဲ့ အပိုင်နှံ” ခဲ့ရမှာ ……..

    Reply

  • cobra

    January 20, 2011 at 10:05 am

    ဟုတ်ယ်..ကျွန်တော်လည်း၁၀ဝင်ယူသွားပီ….။

    Reply

  • naywoonni

    January 20, 2011 at 10:12 am

    အဲဒိလိုကြေးလား ကိုဖက် ခင်ဗျားကတော့ သွားချင်ရာသွား ကျုပ်ကျတော့ထားထားခဲ့တယ် လက်မတို့ဘူး…။ ကျုပ်လည်း တစ်သိန်းပြည့်ရင် ခင်ဗျားကို ခေါ်ဝူး ဒါပဲ

    Reply

  • fatty

    January 20, 2011 at 3:46 pm

    စာမရေးတာလဲကြာပြီ .. တပုဒ်လောက်တင်အုံးမှဆိုပြီးတင်လိုက်တယ် ….
    ကွန်မင်းတွေက အတော်ကောင်းနေတာတွေ့ရတယ် .. ဇဝနဉာဏ်ရွှင်ကြတယ် ..။
    ပိုစ်တွေကိုတော့ ကျနော့သဘောအရဆို သိပ်မကြိုက်လှသေးဘူး ..။ ၈ဝ ဆိုတော့လဲ ၈ဝ ဖိုးတော့မလုပ်ကြပါနဲ့ဗျာ
    သူကြီးနဲ့ညှိကြပါအုံး …။ ခင်ဗျားတို့အဆင့်တွေက လက်သင် လက်သွေး အဆင့်မဟုတ်တော့တာတော့
    သေချာတယ်။ လုပ်ကြပါအုံး ကိုယ်ပိုင် tune လေးတွေ …။ တခါတလေ ကောင်းကောင်းလေးတွေဖတ်ချင်ပါတယ်။

    Reply

  • ဆူး

    January 20, 2011 at 4:06 pm

    ကိုယ်ပိုင်ကတော့ ပြောမနေနဲ့ စစ်သလားမမေးနဲ့.. ဘယ်မှာမှ တူတာ ရှာရမှာ မဟုတ်ဘူး.. ကော်ပီ မကူးဘူး တင်စရာ မရှိရင် ရွာသားတွေ နာမည်နဲ့ ပုံတွေ ကောက်တင်ပလိုက်တာဘဲ။ ဘယ်ရမလဲ.. ကော်ပီကူးတယ် လို့ ဘယ်သူမှ ပြောလို့မရဘူး။ ဖတ်ပြီးတော့ ဖတ်တဲ့လူ ရီစေသတည်း ဆိုပြီး တင်လိုက်တာဘဲ။

    Reply

  • char too lan

    January 21, 2011 at 7:50 am

    ဒီခေါင်းစဉ် တော်တော်ကြိုက်သွားပီဦးဖက်ရေ……….
    အစလေးပေးပီး ပျောက်မသွားနဲ့အုံးနော်

    Reply

Leave a Reply to အာဖျံ ကွီး Cancel Reply

Your email address will not be published.