အမေနဲ ့ရွာကိုလွမ်းတယ်

တေးဆို   ဟင်္သာတထွန်းရင်

မြို ့ကြီးပြကြီးရောက်တာ သုံးနှစ်သုံးလီ ကြပြီအမေရယ်

ပညာအမွေ အမေကပေး တစ်နယ်တစ်ကျေးမှာသားပျော်ရတယ်

ရွာနဲ ့အနေဝေးပေမယ့် ဘဝရှေ ့ရေးတွေးလို ့သာတစ်ကယ်

အတတ်အသိပညာရှာရင်း အပေါင်းသင်းသူငယ်ချင်းများနဲ ့ ကစားခုန်စား ပျော်ပါးကြတယ်

သားသဘောက အမှန်တစ်ကယ် အမေနဲ ့ရွာကိုမှန်းးးး တမ်းတမ်းတတကျွန်တော့်မှာဖြေရတယ်

ရွာအခြေ ဘယ်လိုပြောင်း မိခင်အိုနေထိုင်ကောင်းပါစကွယ် တွေးတယ် ဆွေးးတယ်

မြို ့မှာအနေကျွမ်းပေမယ့် ကျွန်တော့်စိတ်က ရေဝေးပန်းနှယ် အမေနဲ ့ရွာကို လွမ်းးးးတယ် (တီးလုံး)

ငယ်စဉ်က ဆရာတော်ကျောင်းမှာ ကကြီးအစအဆုံး စလုံးပေါင်းသဘောနားလည်

မိဘ ဆရာသမားများက သားလှကိုပညာပေးတယ် ဘဝရှေ ့ရေးတွေပါတဲ့ကွယ်

ကျွန်တော့်အရွယ်ငယ်ငယ်လေးမို ့ပြေးကာလွှားကာ ရွာမှာပျော်ခဲ့တယ်

ဪ….ခုဆိုမြို ့ကိုရောက်လို ့တက်ကသီလာ အောင်မြေနင်း သူငယ်ချင်းများနဲ ့အသိမြင်ကြွယ်

ခုံမင်စရာတွေ…. ပေါပေမယ့် ကျွန်တော့်ရင်မှာ နေထိပန်းနှယ် အမေနဲ ့ရွာကိုလွမ်းးးတယ်(တီးလုံး)

ယုံကြည်ချက်မြင့်မားးး ..အမေ့သားက ဘဝအကြောင်းနားလည် အတုယောင်လိုက်စား မိုက်မှားဘို ့မရည်ရွယ်

အချာအလှမဒီကညာတွေ အစီအရီပေါပေမယ့် သားသဘောက ကျောင်းစာကိုခင်တွယ် ကျေးဇူးရှင်အမေ့ထံသို ့ရယ်

ပညာစုံမှ ပြန်မယ်အမေရယ်(တီးလုံး)

ယုံကြည်ချက်မြင့်မားးး ..အမေ့သားက ဘဝအကြောင်းနားလည် အတုယောင်လိုက်စား မိုက်မှားဘို ့မရည်ရွယ်

အချာအလှမဒီကညာတွေ အစီအရီပေါပေမယ့် သားသဘောက ကျောင်းစာကိုခင်တွယ် ကျေးဇူးရှင်အမေ့ထံသို ့ရယ်

ပညာစုံမှ ပြန်မယ်အမေရယ်(တီးလုံး)

            ကျွန်တော့်ဘဝအရွယ် ငယ်ငယ်လေးဝယ် ပြေးကာလွှားကာ ရွာမှသူငယ်ချင်းများနဲ ့ ကစားကြတဲ့အချိန်ကိုရောက်ရင် ငယ်မူမပျောက်လေဘဲ အမြဲလိုသာ  မှန်းးးစ.ရွယ်

အဖေရှိစဉ်အခါက သားကိုရှင်ပြုကြလို ့ မျက်ရည်စို ့ကာ သာဓုခေါ်ခဲ့တယ် အဲ့ဒါတွေ တွေးမိပြန်ရင်

ဪ  မြို ့မှာအနေကျွမ်းပေမယ့် ကျွန်တော့်စိတ်က ရေဝေးပန်းနှယ် အမေနဲ ့ရွာကို လွမ်းးးးတယ် (တီးလုံး)

            ကျွန်တော့်ဘဝအရွယ် ငယ်ငယ်လေးဝယ် ပြေးကာလွှားကာ ရွာမှသူငယ်ချင်းများနဲ ့ ကစားကြတဲ့အချိန်ကိုရောက်ရင် ငယ်မူမပျောက်လေဘဲ အမြဲလိုသာ  မှန်းးးစ.ရွယ်

အဖေရှိစဉ်အခါက သားကိုရှင်ပြုကြလို ့ မျက်ရည်စို ့ကာ သာဓုခေါ်ခဲ့တယ် အဲ့ဒါတွေ တွေဒမိပြန်ရင်

ဪ….  မြို ့မှာအနေကျွမ်းပေမယ့် ကျွန်တော့်စိတ်က ရေဝေးပန်းနှယ် အမေနဲ ့ရွာကို လွမ်းးးးတယ်

 ပရိတ်သတ်၏ အားပေးထောက်ခံမှုများကို အပြည့်ဝ ရရှိပါလျှင်

တွံတေးသိန်းတန်၏ ပန်းနွယ်ကစိမ်း ကို တင်ဆက်ပါမည်

ဥပုသ်နေ ့ အထူးအစီစဉ် အနေဖြင့် အောင်ခြင်းရှစ်ပါးသီချင်းကို ဆက်လက်တင်ဆက်ပါမည်

ကျေးဇူးအထူးတင်ရှိပါသည်။

6 comments

  • လင်းဝေကျော်

    January 19, 2011 at 8:27 am

    စာသားအမှားလေး ပြင်ပေးပါရစေ
    —ရွာအခြေ ဘယ်လိုပြောင်း အုန်းတွေခြံတွေ ကောင်းပါစကွယ် —
    —- ငယ်စဉ်က ဆရာတော်ကျောင်းမှာ “က”ကြီးက “အ” အဆုံး စာလုံးပေါင်းသဘောနားလည် —–
    ဒီအစီအစဉ်ကို ဆက်လက်တင်ဆက်ပါ။ စာသားလေးတွေမလွဲအောင်တော့ ဂရုစိုက်ပေးပါ။

    Reply

  • koyinmaung

    January 19, 2011 at 8:43 pm

    တီးလုံးလေးပါထည့်ပေးယင်ပိုကောင်းမယ်ထင်တယ်……

    Reply

  • kai

    January 19, 2011 at 9:24 pm

    တူနယ်..တဲနယ်..
    ဂလုံ..ဂလုံ..
    ဂွမ်…။ 🙂

    Reply

  • bigcat

    January 20, 2011 at 2:24 am

    အီနောင်မောင်မောင်တုတ်ရဲ့ ယိုးဒယားပတ်ပျိုးဘုန်းတော်ဘွဲ့ မရှိဘူးလား။ ဒါမှာမဟုတ်လဲ ပြည်လှဖေ သီချင်းလေးတပိုဒ်လောက်..

    Reply

  • KoNyeinChan

    January 20, 2011 at 2:53 am

    ပြောတော့ ရန်ကုန်သား…. နေတော့ ကြိုဆိုပါ၏ အပြင်ဘက်မှာ…. အမြဲဆိုတဲ့သီချင်းက အမေနဲ ့ရွာကိုလွမ်းတယ်.. အတန်းပညာကျတော့ ဘဂဝါ ဟိုက်စကူး…
    (ငယ်ငယ်တုန်းက ပြောဖူးတာလေးကို ပုပုရဲ ့Post နဲ ့ကြုံလို ့မန်းလိုက်တာပါ.. ချိတ်ချိုးနဲ ့နော်)

    Reply

  • char too lan

    January 20, 2011 at 8:21 am

    ဟေ့!! ရှေ ့မှာတန်းစီနေတာ ဆိုမယ့်လူတွေလား ကြည့်တဲ့လူတွေလား

    Reply

Leave a Reply to koyinmaung Cancel Reply

Your email address will not be published.