ဂျီးမေးလ် နဲ့ သူ

တစ်ခါက ပို့စ်လေးတစ်ခုမှာ တွေ့ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ် ပို့ချင်တဲ့ လူတစ်ယောက်ဆီကို ကိုယ်ပို့စေချင်တဲ့ လိပ်စာနဲ့ ပို့လို့ရတယ် နည်းလေးကို ဖတ်မိလိုက်ပါတယ်။ အမှတ်တမဲ့တော့ ကြောင်သွားပါတယ်။ နောက်မှ စဉ်းစားကြည့်မိတော့ တော်တော်လေး ဆိုးတဲ့ နည်းပဲလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီပို့စ်လေးမှာ မဖော်ပြတော့ပါဘူး။ ဒါက ဟက်ကာပိုင်း ရောက်သွားလို့ပါ။ ပြောချင်တာက အဲဒီလို ကိုယ့်သူငယ်ချင်း လိပ်စာ ယောင်ဆောင်ပြီး လာတတ်တဲ့ အီးမေးလ်တွေကို မယုံမိစေဖို့ ဖြစ်ပါတယ်။ အဓိက ကတော့ ဘယ်အီးမေးလ် လိပ်စာက မဆို စကားဝှက် တောင်းလာပြီးဆိုရင် ကိုယ်သုံးနေတာက ဂျီးမေးလ် ဖြစ်နေလို့ ဂျီးမေးလ် အဖွဲ့ဆီကတောင် စကားဝှက်တောင်းရင် မပေးမိပါစေနဲ့။ အရေးကြီးဆုံးက အီးမေးလ်အကောင့်ပါ။ ကိုယ့်အီးမေးလ် အကောင့် အခိုးခံရရင် သူနဲ့ ဆက်စပ်နေတဲ့ ဖေ့စ်ဘုတ်တို့ ဘာတို့ စသဖြင့် အဲဒီအကောင့်များကို ပါ ခိုးယူသွားလို့ရပါတယ်။ ဒါကြောင့်အီးမေးလ်သုံးနေကြသူများ သတိထားကြပါလို့။

2 comments

  • kai

    January 18, 2011 at 2:29 am

    တကယ်လို့ အီးမေးလ်ပို ့တာမှာ ကိုယ့်အီးမေးလ်လိပ်စာ(ကိုယ်ပို့စေချင်တဲ့ လိပ်စာ)သုံးပို ့တာဟာ .telnet/ssh ဒါမှမဟုတ်.. သူများဆာဗာရဲ့ MTA, Mail Relay ဖွင့်တာကို ယူသုံးပို ့တာဆိုရင်တော့ ..ဒါက သဘောတရားမတူပါဘူး.။ အီးမေးလ်အမည်ကိုသာယူသုံးတာဖြစ်ပါတယ်.။ တကယ့်အကောင့်နဲ့ ဘာမှမဆိုင်ပါ..။ ဒီခေတ်အီးမေးလ်ဆာဗာတော်တော်များများဟာ ရီလေးအေးဂျင့်ကို အပြင်လူဝင်မသုံးနိုင်အောင် .. ပိတ်ထားလိုက်ပါပြီ..။
    ဆိုတော့ ..တကယ်လို့.. အီးမေးလ်အမည်ပဲယူသုံးပို ့နိုင်ရင်တောင် ..လက်ခံသူရဲ့ ..အီးမေးလ်ဆာဗာက သိပါတယ်..။
    သိတာနဲ့.. စပန်းဖိုလ်ဒါထဲထည့်လိုက်ပါတယ်..။ ဂိုဂယ်-ဂျီမေးလ်းဆာဗာလည်းသိတာပါပဲ.. သိတာနဲ့..စပန်းမ်ထဲထည့်လိုက်တာမို ့..လက်ခံသူက သိတောင်မသိနိုင်တော့ပါ..။

    နောက်တခုက ..အဲလိုပို ့တဲ့အီးမေလ်းဟာ ..ရီပလိုင်းကို လက်ခံလို့မရပါဘူး..။
    အဲဒါလေးပြောချင်လို့ပါ..။
    လုပ်နည်းက..
    http://www.experts-exchange.com/Software/Internet_Email/File_Sharing/SSH_Telnet/Q_23777815.html

    တကယ်လို့.. တခြားနည်းလမ်းရှိနေတယ်ဆိုရင်တော့ .. ဆောရီးနော..။

    Reply

  • manawphyulay

    January 18, 2011 at 12:08 pm

    ဟုတ်ကဲ့ပါ ဆက်လက်လေ့လာပါဦးမယ်။ အလွန်တရာမှ ကျေးဇူးတင်ပါတယ်ရှင်။ ဆက်လက်မျှဝေပေးပါဦးနော်။

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.