အနာဂတ်ကို နံရံမှာ ရေးခြစ်ထားလိုက်ပါ

အာဂJanuary 19, 20111min05

ကိုယ့် အနာဂတ်ကို နံရံမှာ ရေးခြစ်ထားလိုက်ပါ။
ညီမလေး……….။
ရေသေ မှာ ဆက်လက်မျောဖို့များ စိတ်ကူးနေသလား။
ခဏ တာဆိုတာ ခဏ တာပဲ
တစ်ည တာ ဆိုတာ တစ်ညတာလည်း ဆိုပေမဲ့
တစ် ဘဝ စာ တော့ မင်းဘယ်လို့ ပျော်ရွင်နိုင်မလဲ..။
မိသားစု ဘဝ အတွက် တဲ့ လား…
မင်း နံရိုးတစ်ချောင်းနဲ့ ဘယ်လောက်ကြာထောက်ထားနိုင်မလဲ..။
ပန်းသီး တစ်လုံးလို ကိုက်စားခံရတဲ့ မင်း ရဲ့ ခန္ဓာကို အသွေးသား။
ဘယ်အချိန်အထိ ….များ..အမှောင်တွေ ကြားထဲ တောက်ပ နိုင်မလဲ။
အမူးသမားတစ်ယောက်ရဲ့ လက်က ထွက်ကျလာတဲ့ ငွေကြေးတွေသောက်
မင်း ယစ်မူးနေတာ…မင်း ကိုယ်မင်း လိပ်ပြာသန့်သန့်နဲ့ ပျံသန်းနိုင်ပါ့မလား။
ခေတ်နဲ့ အဖြစ်က မင်းလို လူမမယ် မိန်းခလေးတွေကို
ပျက်စီးစေသလား။
ငိုနေတဲ့ မျက်ရည်သုတ်ပါ..။
စိတ်ဓာတ်ကို ဆေးကျောသန့်စင်ပါ။
အလင်းရောင် အောက် သို့အရောက်သွားပါ။
အကျင့် သိက္ခာကို တောင်ပံလုပ်လို့…
မင်း အနာဂတ် မင်း ဘဝ အတွက် လွတ်လပ်စွာ ပျံသန်းပါ…။
မင်းအနာဂတ်ကို နံရံ မှာ ခပ်ပါးပါးလေးအဖြစ်လောက်တော့ ရေးခြစ်ထားလိုက်ပါ။
ညီမလေး….
နေရာကောင်းဆိုတာ ၊ စိတ်ဓာတ်ကောင်း လို မတည်မြဲဘူး
ပြုံးပြနေတဲ့ ငွေကြေးတွေ အောက်မှာ
မင်းကို ပါးပါးလှီးမယ့် ဓားတွေရှိတယ် ဆိုတာ..သတိရပါ…။
နောက် …မင်းဘဝကို မင်းလက်နဲ့ခပ်လို့ ကယ်တင်လိုက်ပါ…။

(ဒုက္ခပြာ ပုံကြား မတိုးချင်တိုးချင်နဲ့တိုးဝင်နေရသော..မိန်းမသားများ..သို့)

5 comments

  • manawphyulay

    January 20, 2011 at 3:12 am

    ဘယ်လိုပဲဖြစ်ဖြစ် မိသားစုအတွက် နံရိုးတစ်ချောင်းမရှိလို့ တစ်ဝက်ပဲရှိပါစေ မကျိုးမချင်း တောင့်ခံထားရမှာပါပဲလေ။ သူတို့လည်း သူတို့ဘဝလေးတွေ ရှိနေပါတယ်။ ဘယ်သူကများ ပိုးစုန်းကြူးလို အဖြစ်ခံချင်ပါ့မလဲလေ…………

    Reply

  • ဆူး

    January 20, 2011 at 9:24 am

    စာဖတ်ရတာ ဝမ်းနည်း သလိုကြီး ဖြစ်တယ်။

    Reply

  • kai

    January 20, 2011 at 9:48 am

    အင်းဗျာ..
    ဖတ်ရင်း.. အဖြေရှာမတွေ့ဖူးဖြစ်နေပြန်တယ်..။

    ပြောပြမယ်ဗျ.. ဒီလိုဗျ..ဒီလို…။
    မြန်မာပြည်မှာ ဆရာဝန်မိန်းကလေးတယောက် .. ဖြစ်ဖို့.. ဘယ်လောက်လမ်းကို ဘယ်လောက်လျှောက်ရသလည်း..
    ၁ဝတန်းမှာ ..စာသေအောင်ကျက်ရမယ်..။ ကျူရှင်ပေါင်းစုံယူရမယ်..။
    .. ရနှစ်လောက်ကြာတဲ့ ဆေးတက္ကသိုလ်ကို အသေအလဲစာတွေဖတ်.. တခြားဘာမှအာရုံမရောက်နိုင်ပဲ.. ဖတ်ရဖြတ်ရမယ်..။
    ပြီးတော့ . ဟောက်စ်ဆင်းရမယ်..။ အကပ်မကောင်းရင် ..နယ်သွားရမယ်..။
    အဲဒီနောက် .. မာစတာမပြီးပဲ.. သာမန်အစိုးရအလုပ်ဝင်လုပ်မယ်ဆို ..လစာဘယ်လောက်ရသလဲ..။
    ဒါက မြန်မာပြည်မှာ ..အသေအလဲလုပ်ရတဲ့ ..အမြင့်ဆုံးပညာရေးစံနစ်ထဲက ..အမြင့်ဆုံးအဆင့်ကို ပြောတာ..။

    သာမန် ..တောမြို ့ကမိန်းကလေးတယောက်..။
    အသက် ၁၅နှစ် ၁ဝတန်းဖြေမဲ့အရွယ်ကနေ.. ကရာအိုကေခန်းသွား။ ဒန်ဇာလုပ်။ မိုဒယ်လုပ်..။
    နည်းနည်းသာ လည်လည်ဝယ်ဝယ်ရှိလိုက်..။
    ဆဲလ်ဖုန်းနဲ့..။ ကားနဲ့..။ အဝတ်အစားအကောင်းစားတွေနဲ့..။
    စပွန်ဆာသာရှိလိုက်…။ ဘာတဲ့..ဖုန်းတလုံး .. ဘယ်နှသောင်းတန်ဆိုလား…ကိုင်တယ်တဲ့..။

    ဒီ၂ခုကို မြင်သာထင်သာဖြစ်နေတဲ့..ခေတ်နဲ့… စံနစ်မှာ .. လူငယ်တွေ..။မိန်းကလေးငယ်တွေ ..ဘယ်လမ်းကိုရွေးချင်ကြမလဲ..။

    အဲဒါနဲ့ပါတ်သက်လို့ … သင်္ကြန်သက်တန် ့ဆိုတဲ့.. ဝတ္တူတပုဒ် မန္တလေးဂေဇက်ထဲ ပုံနှိပ်ဖေါ်ပြဖူးတယ်..။
    ပြန်ရှာပြီး တင်ပေးဦးမယ်..။

    Reply

  • naywoonni

    January 20, 2011 at 2:35 pm

    အင်း ကိုခိုင်ပြောမှပဲ နမ်းမှာလားမောင်ရဲ့မွှေးတယ်ရှင့် ဆိုတဲ့ ဝတ္ထုလေးထဲက တာတာ့ ကိုသတိရသွားတယ်။ ကျောင်းတက်နေရင် လပေး စမောလုပ်တာလေ သူ့ရည်းစားကမသိဘူး 1989-90လောက်က အတော်ဂယက်ရိုက်သွားခဲ့တဲ့ ဝတ္ထုလေးပေါ့

    Reply

  • zaw min

    January 20, 2011 at 6:43 pm

    ကိုခိုင်တို့ နေဝန်းနီတို့ ပြောသလိုပါပဲ။ သမုဒ္ဒရာ ဝမ်းတထွာ ဆိုသည့်အတိုင်း၊မိသားစုအတွက် ရုန်းကန်ရနေသည့် ထိုထိုသောလူများသည် မြန်မာပြည်တွင်း၌သာမဟုတ် ပြည်ပတိုင်းပြည်များ၌လည်း များပြားစွာတွေ့ရပါသည်။အဘယ်ကြောင့်ဆိုသော ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့် တိုင်းပြည်ကြီးဖြစ်နေပါသောကြောင့်တည်း။

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.