Tonle Sap ကမော္ဘဒီးယား မှ အကြီးဆုံး ကန်ကြီး အပိုင်း ၃

ဆူးJanuary 15, 20111min04

မိုးတွင်းအခါ မဲခေါင်မြစ်ရေ လျှံတက်လာတဲ့ ရေများ များပြားလွန်းသောကြောင့် ရေများ စုံပြုံပြီး တက်လာရာကနေ ကန်ကြီးထဲသို့ ဝင်ရောက်ကာ ရေကန်ဖြစ်သွားရတာဖြစ်ပါတယ်။ မိုးအများအပြားရွာတဲ့ ဂျွန်လ လောက်မှ စ၍ မိုးရေနဲ့ အတူ မြစ်ရေလျှံတက်ပြီး ရေစဝင်ပါတယ်။ ရေကန်ထဲသို့ ရေများသည် မိုးတွင်းအခါမှ လွဲ၍ ကျန်အချိန်များတွင် ရေအဝင်မရှိပါ။

သာမန် အချိန်မှာဆိုုရင်တော့ ရေက ၁မီတာ အနက်သာ ရှိပြီး မိုးတွင်းကာလာမှာတော့ ရေအနက် ၉မီတာ ၁ဝမီတာ အထိ ရှိတယ်လို့ ဆိုပါတယ်။
သာမန်အချိန်မှာတော့ ရေကန်အကျယ်က ၂၇၀ဝ ကီလိုမီတာ သာကျယ်ပေမဲ့ မိုးတွင်း အခါမှာတော့ ၁၆၀၀ဝ ကီလို မီတာ အထိ ကျယ်ဝန်းလာပါတယ်။

ထိုကန်ကြီးထဲမှာတော့ ငါးလုပ်ငန်းနဲ့ အသက်မွေးသူတွေ များပြားပါတယ်။ ကမော္ဘဒီးယားနိုင်ငံရဲ့ ငါးထုတ်လုပ်မှု လုပ်ငန်း ကို ထိုကန်ကြီးက ဦးဆောင်နေပါတယ်။ ကုလသမ္မဂမှ နေပြီးတော့ ကမာ္ဘ့ စားနပ်ရိပ်ကာ ထွက်ရှိရာ နေရာလို့ ပြောရမလား.. အဲဒီကန်ကြီးကို သတ်မှတ်ပေးထားပါတယ်။ ကမာ္ဘမှာလည်း ငါးထုတ်လုပ်မှု မြင့်မားမှု အများဆုံးထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ထိုကန်ကြီးက ကမော္ဘဒီးယား နိုင်ငံရဲ့ အဓီက စီးပွားရေး အချက်အချာ ဝင်ငွေ ရှာပေးနေတာ ဖြစ်ပါတယ်။

အရှေ့က တင်ခဲ့တဲ့ အန်ကောဝပ် ခေတ်ပျက်တုန်းက ဘုရင်က ဖနွမ်းပင်ကို ထွက်ပြေးပြီး ဖနွမ်းပင်မှာ မြို့တော် တည်တာလည်း ဒီရေကန်ကြီး ရဲ့ ကျေးဇူးကြောင့် ဖနွမ်းပင်ကို ထွက်ပြေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမော္ဘဒီးယားမှာ တချိန်က ကွန်မြူနစ် ခေါင်းဆောင် အုပ်စိုးစဉ်က လူတွေ သေကြေပြီး ဒုက္ခများခဲ့ အတဲ့ အချိန်မှာ ဗီယမ်နာမ်က စစ်ဝင်တိုက်ပေးတဲ့ အတွက် ဗီယမ်နာမ် စစ်ကျန်တွေ အများအပြား ထိုကန်ကြီးထဲမှာ နေတယ် လို့ ပြောပါတယ်။ ပိုက်ဆံ တောင်းတဲ့ သတောင်းစား ကလေးတွေ ဈေးရောင်တဲ့ ဈေးသည်တွေ အားလုံးက ဗီယမ်နာမ်တွေ ဖြစ်ပြီး စစ်ပြီးတဲ့ အခါမှာတော့ နိုင်ငံ မပြန်ဘဲ အခြေချ နေထိုင်ပြီး အသက်မွေးနေကြတယ် လို့ ဆိုပါတယ်။




ကမော္ဘဒီးယားတွေ အဆိုကတော့ ကမော္ဘဒီးယား လူတွေက ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ အတွက် သူတပါး အသက်နဲ့ အသက်မွေးရမှာ ကြောက်ပါတယ်တဲ့.. အကုသိုလ် ဖြစ်မှာ ကြောက်တယ်လို့ ဆိုချင်တာပါ။ ဒါကြောင့် ငါးလုပ်ငန်း အသက်မွေးတာတွေ ကလေးနဲ့ မြွေ ပြပြီး တောင်းစားတာတွေ ဗီယမ်နာမ် လူမျိုးတွေသာလုပ်ကြတယ်လို့ ဆိုပါတယ်။ ဘာသာတရား အဆုံးအမ နဲ့ အေးအေးချမ်းချမ်း နေကြတယ်လို့ ဆိုပါသေးတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူက လူဦးရေရဲ့ ၉၀% ကျော် ရှိပါတယ်။ ကမော္ဘဒီးယားမှာ အကြီးဆုံး လူမျိုးစုကတော့ ခမာ လူမျိုး ဖြစ်ပါတယ်။

4 comments

  • weiwei

    January 15, 2011 at 6:07 pm

    ဗမာနဲ့ တော်တော်တူတာပဲနော် …
    ဇလားကို လှေလုပ်ပြီး လှော်တာကိုတော့ သဘောကျတယ် … 😛

    Reply

  • ဆူး

    January 15, 2011 at 6:13 pm

    ဗမာ အရမ်းတူတယ် အဲဒါလေး သတိထားမိအောင် မှတ်တမ်း ဓါတ်ပုံ ရိုက်ယူလာတာ။

    Reply

  • inz@ghi

    December 27, 2011 at 2:56 pm

    အပေါ်ဆုံးပုံက ချောင်းထဲ ဘရာစီယာ ကြီးမျော နေတာနဲ့တူတယ်

    Reply

    • ဆူး

      December 27, 2011 at 3:00 pm

      အီးမေးထဲ ရောက်လာလို့ ဖတ်လိုက်တာ လန့်သွားတာပဲ ဘာပုံများ ပါသွားလဲလို့.. အမြင်တော်တော် စူးရှပါပေတယ်။

      Reply

Leave a Reply to inz@ghi Cancel Reply

Your email address will not be published.