မေတ္တာအိမ်

manawphyulayJanuary 14, 20111min08

တစ်ဖက်သားကို နွေးနွေးထွေးထွေး
ချစ်ခင်တတ်ရင် ကိုယ့်ကို
နွေးနွေးထွေးထွေး ချစ်ခင်မဲ့သူ
ပေါ်လာမှာပါ……………..

တစ်ဖက်သားကို မြတ်မြတ်နိုးနိုး

ကြင်နာတတ်ရင် ကိုယ့်ကို

မြတ်မြတ်နိုးနိုး ကြင်နာမဲ့သူ
ရောက်လာမှာပါ………..
တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက်
ယုယတတ်ရင် ကိုယ့်ကို
ထွေးထွေးပိုက်ပိုက် ယုယမဲ့သူ
ရှိလာမှာပါ………………
တူသော အကျိုးပေးတတ်တဲ့
ကံတရားကို ဘယ်သူများ
ဟန့်တားနိုင်တာ မှတ်လို့ …………..နော်

ဟိဟိ မနော ပြောတာ မဟုတ်ဘူးနော်……….
အရှင်ဆန္ဒာဓိက ပြောတာပါ။

8 comments

  • yuyu

    January 14, 2011 at 5:02 am

    တူသောအကျိုးပေးတာတွေအများကြီးကြုံဖူးပါတယ် ဒါပေမယ့်မနော တခါတလေတော့လဲမဟုတ်ပြန်ဘူးနော် ခေါင်းပေါ်တက်နင်းချင်ကြတယ် အဲဒီအခါကျရင် ငါ့အပေါ်ဘာလို့ဒီလိုလုပ်ရတာလဲလို့တွေးမိတယ် ငါ့ဘက်ကမစစ်မှန်လို့လားလို့လဲပြန်တွေးကြည့်မိတယ်

    Reply

  • အာဖျံ ကွီး

    January 14, 2011 at 6:29 am

    ယုယုပြောသလိုပဲ တစ်ခါတစ်လေ ကြုံရတရ်။

    ကွီးကတော့ ငါ့ဘက်ကမစစ်မှန်လို့လားလို့လဲပြန်တွေးတာထက် … အလကားကောင်တွေ စေတနာနဲ.မတန်ဘူး … ဒီစေတနာတွေလိုက်ထားနေတာကလဲ အလကားပဲ … ကိုယ်ပဲပင်ပန်းတရ်လို. … ကိုယ့်ရဲ.ကောင်းတဲ့ လုပ်ရပ်အပေါ် သံသယဝင်တာကများတရ်။

    ကွီးအမေက ပြောပြတရ် …. သမီး အဲဒါတွေက သမီးရဲ.စိတ်ကိုစမ်းသပ်တာ။ မေတ္တာပါရမီဘယ်လောက်ရှိလဲလို. စမ်းသပ်တာတွေ။ လူဆိုးစိတ်ဝင်သွားအောင် မာန်နတ်ဖျက်တာလဲဖြစ်တရ် … ဘယ်သူကောင်း,ကောင်း မကောင်း,ကောင်း ကိုယ်ပဲစကောင်းပါသမီး … လို.ပြောပြတရ်။

    ကွီးကတော့ … အမေအပြောကောင်းလို. … အံမယ် … ငါ့ကို မာန်နတ်တောင် ဖျက်ရပါလားလို. သဘောတွေကျလို. .. ဟီးဟီး 😀 😀 😀 … အနှောင့်အယှက်တွေကို အံကြိတ်ရင်းနဲ.ပေါ့ ….

    Reply

  • char too lan

    January 15, 2011 at 3:17 am

    အသွားအပြန်မရှိလဲနေ ကောင်းတာကိုနားမလည်သေးတဲ့ လူတွေလို့ပဲမှတ်ထားပေးလို့ရတယ်။ စိတ်ရှုတ်တာက စိတ်မမှန်တဲ့လူတွေ (ဥပမာ- လိုတမျိုး မလိုတမျိုးစိတ်နဲ့လူတွေ) ၊ ပီးတော့ ကိုယ်သာအမှန် ကိုယ်သာအဖိုးတန်လို့ မှတ်ယူနေတဲ့လူတွေနဲ့ ပေါင်းသင်းရတာ ဘယ်လိုမှအဆင်မပြေဘူး တစ်တစ်ချက်ချက်လူကိုစိတ်ပျက်စေတယ် ဗျာ…….
    🙁 🙁 🙁

    Reply

  • manawphyulay

    January 15, 2011 at 9:44 am

    အများနဲ့ နေတော့လည်း ဒီလိုပဲပေါ့။ အဖိုးတန်တယ်လို့ မှတ်ယူတဲ့သူတွေကို ပေးပြီး မှတ်ယူခိုင်းလိုက်ပါ။ အမှန်ထင်တဲ့သူတွေကိုလည်း မှားပါတယ်ပြောရင် စိတ်ဆိုးကြမှာပေါ့။ လူအများနဲ့ နေတတ်ဖို့လည်း လိုပါတယ်။ အလိုက်အထိုက်ပေါ့။ မဟုတ်ဘူးလား။ ပုံစံကျလာတဲ့သူတွေကို ပြုပြင်ယူရတာ အလွန်ခက်ပါတယ်။ နောက် ငါတကော ကောနေတဲ့သူတွေလည်း အဲလိုပါပဲ။ ဒီတော့ နေတတ်အောင် ကြိုးစားပြီး သည်းခံမှုကို လက်ကိုင်ထားလိုက်။ နောက် အရာအားလုံးကို အေးချမ်းစွာ ကြည့်နေလိုက်ရင် စိတ်ဟာ အလိုလိုအေးချမ်းလာပါလိမ့်မယ်။

    Reply

  • kai

    January 15, 2011 at 9:56 am

    လောကမှာ လူ၂မျိုးရှိတယ်တဲ့..။
    ပထမတမျိုးက … ကိုယ်က .. ကမ္ဘာလောကကြီးနဲ့လိုက်လျှောညီထွေဖြစ်အောင်နေတဲ့သူ..။
    နောက်တမျိုးကတော့ .. ကမ္ဘာလောကကြီးက ကိုယ်နဲ့လိုက်လျှောညီထွေဖြစ်အောင် ပြင်ယူတဲ့သူ

    ကမ္ဘာကြီးဟာ ..ဒုတိယအမျိုးအစားလူတွေကြောင့် တိုးတက်လာသတဲ့…လေ။

    Reply

  • manawphyulay

    January 15, 2011 at 10:11 am

    ဒါဆို kai ကရော ဘယ်တစ်မျိုးမှာပါတာလဲ။ မနောကရော ဘယ်ထဲပါတယ်လို့ ယူဆသလဲ…… ပြောပြဦး။

    Reply

  • kai

    January 15, 2011 at 10:46 am

    အင်း..
    ကမ္ဘာကြီးက အရှိန်အဟုန်နဲ့ တိုးတက်နေတယ်..။
    အယူအဆဟောင်းတွေ.. ခေတ်နဲ့မညီတာတွေလည်း လွှင့်ပစ်သင့်လွှင့်ပစ်ပြီး ..ရှေ ့ကို ဆက်သွားကြတဲ့ လူသားများတာမို ့ပါ..။

    မြန်မာပြည်ဟာ ..အဲဒါကို နောက်က ဒရွတ်ဆွဲပြီး လိုက်နေရတယ်..။ တချက်တချက် ..နောက်ပြန်ကဆွဲလိုက်သေး.။
    ဆိုတော့ ..
    မြန်မာတွေရဲ့ ၉ဝ ရာခိုင်နှုန်းအထက်က .. ပထမအမျိုုးအစားမှာပါတယ်လို့ .. သေချာပြောနိုင်ပါလိမ့်မယ်..။
    ကိုယ်ပါမပါတော့ .. ကိုယ်တိုင် နှဖူးပေါ်လက်တင် ..စဉ်းစားကြည့်ပေါ့နော..။

    အကြမ်းအားဖြင့် .. မြန်မာပြည်ကနေတောင် ..အင်တာနက်တက်ပြီး .. ဒီလိုအင်တာနက်ထဲရှိနေတဲ့လူတွေ.. ပထမအမျိုးအစားမဖြစ်ဖို့ ..များမယ်ထင်မိတာပါပဲ..။

    Reply

  • kopauk mandalay

    January 15, 2011 at 3:54 pm

    ကမ္ဘာလောကနဲ့ ညီမျှအောင်
    ကိုယ့်ကို ကိုယ်အရင်ပြင်ကြည့်တယ်
    လုံးဝဘဲ။
    မရဘူးလို့ပြောတာပါ။

    ကိုယ်နဲ့ညီမျှအောင်
    ကမ္ဘာလောကကို ပြင်ကြည့်တယ်
    အရင်ကထက်
    ပိုတောင်မှားသွားသလိုဘဲ။

    ဒီတော့လဲဖြစ်ချင်သလိုဖြစ်
    နေချင်သလိုနေ
    လို့သဘောထားလိုက်မှ
    ပိုတောင်စိတ်ချမ်းသာသွားသလိုပါဘဲဗျာ။

    Reply

Leave a Reply to char too lan Cancel Reply

Your email address will not be published.