Child abuse (ဒါမျိုးတွေ ရှိနေပြီလား)

Zaw WonnaJanuary 14, 20111min015
Photo: children.foreignpolicyblogs.com

အသက် ၁၃ နှစ်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦးအား ရေနွေးပူဖြင့် လောင်းခြင်း၊ ပေါင်အား ဘရိတ်ဓားဖြင့် မွှန်းခြင်း၊ သနပ်ခါးတုံးဖြင့် ဦးခေါင်းကို ရိုက်ခြင်း၊ အပ်ဖြင့် ထိုးခြင်းစသည်ဖြင့် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သူ အိမ်ရှင်အမျိုးသမီးအား အမှုဖွင့်အရေးယူထား

……………………..Eleven မှာ ဒီသတင်းကို ဖတ်ရတော့ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဒီအဖြစ်မျိုးတွေ ရှိနေပြီလားလို့ အံ့ဩမိပါတယ်။ အရင်တုန်းကတော့ ပြည်ပနိုင်ငံတွေမှာ မကြာခဏ ဆိုသလို ကြားရလေ့ ရှိပါတယ်။ ဒီလို အိမ်ဖော်တွေကို ညှင်းပန်းနှိပ်စက်တာမျိုးနဲ့ ပတ်သက်ရင် စင်္ကာပူ၊ ထိုင်းနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေက သတင်းတွေ မကြာခဏ ထွက်လေ့ရှိပါတယ်။ ဒါကလည်း အိမ်ရှင် နိုင်ငံသားတွေက ပြည်ပက အလုပ်လာလုပ်တဲ့ သူတွေကို လုပ်တာ များပါတယ်။ အခုတော့ဗျာ ကိုယ့်နိုင်ငံထဲမှာကို ဒီလို အရုပ်ဆိုး အကျည်းတန်တဲ့ အဖြစ်မျိုးတွေ ဖြစ်ရတယ်လု့ိ။ ကိုယ်နိုင်ငံသား အချင်းချင်းကို ဒီလိုလုပ်တာမျိုးကတော့ တော်တော်ဆိုးတယ်လို့ ပြောလို့ရမယ် ထင်တယ်။

အရင်တုန်းက ဒါမျိုးတွေ မကြားရတာက ဖြစ်လာရင် ခံရတဲ့ သူဘက်က မတိုင်ရဲလို့ ကြိတ်မှိတ် ခံနေရတဲ့ အဖြစ်တွေ ရှိနေလို့လားတော့ မသိဘူး။ စင်္ကာပူလို နိုင်ငံမျိုးမှာတော့ ယှဉ်ပြိုင်မှုတွေကများ၊ အလုပ်မှာ စိတ်ဖိစီးမှုတွေကများနဲ့ အိမ်ရောက်လာရင် မျိုသိပ်ထားတာတွေ ပေါက်ကွဲကုန်လို့ ဒီလိုမျိုး ဖြစ်ရတာလို့ သုံးသပ်သူတွေက ပြောသံ ကြားဖူးပါတယ်။ တစ်ချို့ဆိုရင် အိမ်က ဇနီးမယား၊ သမီးသား တွေကို အပြစ်မရှိ အပြစ်ရှာပြီး ပေါက်ကွဲတတ်တာကို တွေ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီလို ဒေါသ ပေါက်ကွဲတာထက် အခုလို အချိန်ယူပြီး နှိပ်စက်တာမျိုးကျတော့ လူမဆန်လွန်းရာ ကျသွားပါပြီ။ ဒေါသဆိုတာထက် အညိုးအတေးနဲ့ တမင်တကာ လုပ်သလိုမျိုး ဖြစ်နေတယ်။

ဘာပဲဖြစ်ဖြစ် အခုကိစ္စမှာတော့ တရားနည်းလမ်းအတိုင်း သမာသမတ်ရှိရှိနဲ့ ဖြစ်သွားတာမျိုးကိုပဲ ကြားချင်ပါတယ်ဗျာ။

15 comments

  • zippo

    January 14, 2011 at 2:10 am

    အဲဒီဟာမကြီး။။။ဘီလူးမပေါင်တိုဝင်စားနေသလားမှမသိတာ။။။။။
    တရားပိုင်တွေကိုလာဘ်ထိုး…..လွတ်မှာစိုးရတယ်။။။။။

  • Mie_Mie

    January 14, 2011 at 2:37 am

    ဘုရားဘုရား ကြမ်းလိုက်တာ..
    သူ့အိမ်မှာ တားမယ့်လူရောမရှိဘူးလား။
    ဒီလောက်နှိပ်စက်နေတာကို။
    ဗုဒ္ဓဘာသာမှ ဟုတ်သေးရဲ ့လား။

  • အာဖျံ ကွီး

    January 14, 2011 at 5:13 am

    နိင်တဲ့သူတွေပေါ်မှာ ဖိနှိပ်တတ်တဲ့ အကျင့်ဆိုးတွေ ပြင်ရပါမရ်။ အာဖျံကွီးအသိထဲက အဒေါ်ကြီးတစ်ယောက် သူ.အိမ်က အိမ်ဖေါ်ကောင်မလေးကို အဲလိုလုပ်ဖူးတရ်။ အဲဒီသတင်းကြားတော့ သူ.ကို အရမ်းစိတ်ကုန်ခဲ့တရ်။ အခုထိ လုံးဝလေးစားလို.မရတော့ဘူး။

  • etone

    January 14, 2011 at 6:55 am

    အီးတုံးလည်း မနေ့က မှ အဲ့ဒီသတင်းလေးကို တိုက်တိုက ်ဆိုင်ဆိုင ်ဖတ်မိလိုက်သေးတယ် ။ ဖတ်ပြီး စိတ်ထဲ တစ်ခုခုကျန်ခဲ့လို့ ပို့လေးလုပ်မလား စဉ်းစားမိသေးတယ် ..။ ဟုတ်ပါတယ် တစ်ကယ်ဆို အဲ့ဒါမျိုးတွေက မဖြစ်သင့်ပါဘူး ။ လူလူချင်း ကိုယ်ချင်းစာသင့်တာပေါ့ … ငွေဝယ်ကျွန်လို သဘောထားတာ စိတ်ဓါတ်ညံ့ဖျင်းလွန်းပါတယ် ..။ မရှိလို့ ရိုးရိုးသားသား သူများအိမ်မှာ အောက်ခြေသိမ်းလုပ်တာ လူ့စိတ်မရှိတဲ့ အိမ်ရှင်နဲ့ တွေ့တော့ ကလေးမလေးခမှ သနားစရာပါလား ။ ဘာလူမျိုး အိမ်ရှင်လည်းဆိုတာတော့ သိချင်တယ် … ။ ဗုဒ္ဓဘာသာကလား ဘယ်ဘာသာကလဲ မသိပေမဲ့… သေချာတာကတော့ အမျိုးယုတ်တဲ့ အိမ်ရှင်ပဲ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 14, 2011 at 6:05 pm

    ဒီသတင်းမှာက
    ခလေးမလေးက ဘာအမှားလုပ်လိုက်တယ်ဆိုတာ
    ရှင်းရှင်းမပြောထားဘူး
    ဘာမှ မမှားဘဲ နှိပ်စက်ခံရတာလား ဘာလားဆိုတာပါ
    အောင်ပုတို ့ရွာမှာဆိုရင်
    ဒီလိုဖြစ်လို ့ကတော့
    ကလေးက အသက်မပြည့်သေးတဲ့တွက်
    အားသာချက်တော်တော်များများရှိတယ်
    သက်ဆိုင်ရာရွာထဲက လူတွေက
    သဂျီးအိမ်ကိုတိုင်မယ်
    သဂျီးကနေတစ်ဆင့် ကလေးက အလုပ်ထဲကို ဘယ်လိုရောက်လာတယ်
    ဒီကိစ္စမှာ ကလေးက မှားသွားခဲ့ရင်တောင်
    ဒီကလေးဟာ အသက်မပြည့်သေးတဲ့အတွက် အလုပ်မခန် ့ခင်က နားမလည်ဘူးလားဘာလားဆိုပြီး
    အိမ်ရှင်ကို ထိပ်တုံးခတ်တာဘဲ
    ဒါပေမယ့် ဒီလိုကိစ္စကို ရွာသားတွေက လူညီညီနဲ ့ဝိုင်းဆော်မှရတာနော်
    ကျီးကန်းတွေလို ဘဲ ဝိုင်းအာရုံသက်သက်ဆို
    ဥပမာ ဝက်ဆိုက်တွေမှာ တင်ပြီး ဘာမှဝိုင်းမလုပ်ဘဲနဲ ့ဘာညာကွိကွ အော်ရုံသက်သက်ကတော့ (ဥပမာကိုပြောတာနော် 🙂 )
    သဂျီးက နှစ်လုံးပြူးနဲ ့တောင်ပြန်ဆော်သေးတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 14, 2011 at 6:07 pm

    သဂျီး ရဲ ့
    နှလုံးပြူးကြီးက ပြောင်င်င်လက်က်က် နေတာဘဲ

  • kai

    January 14, 2011 at 9:44 pm

    ကျုပ်ထင်တာပြောရရင်လေ..
    ဒီလိုအမှုမျိုးက ..မြန်မာပြည်မှာဖြစ်နေတာ ..တခြားနိုင်ငံတွေထက်.. မလျှော့ဘူး..။ ပိုဖို့တောင် များတယ်..။
    မသိလို့သာနေမယ်..။

    ဘာလို့လည်း ဆိုတော့ .. ကလေးကိုရိုက်တာနှက်တာ .. ဆန်းမှမဆန်းတဲ့တိုင်းပြည်ကိုး..။
    တပ်ထဲလည်း ..အထက်အရာရှိက ..လက်အောက်ငယ်သား နရင်းအုပ်တာ စံနစ်ထဲအမြစ်တွယ်နေတဲ့ တိုင်းပြည်ကိုး..။
    ုအင်အားသာသူက ..အင်အားနည်းသူ အနိုင်ကျင့်တာ ..ယဉ်ကျေးမှုထဲ ပျော်ဝင်နေတဲ့ တိုင်းပြည်ကိုး..။
    အခြေခံက ပြင်ကြရမှာ..
    လောလောဆယ်တော့ .. ဒါမျိုးသတင်းတွေတွေ့တိုင်း မီဒီယာသာ တိုင်ကြပေတော့..။
    နောက်တဆင့်တက်လို့.. မိဘ က သားသမီး .. အနိုင်ကျင့်တာတွေ့လည်း တိုင်ကြပါ..။
    ဆရာက ..ကျောင်းသား တပည့်.. အနိုင်ကျင့်ရိုက်နှက်နေတာတွေ့လည်း တိုင်ကြပါ..။
    ဘုန်းကြိးက ..ကိုရင်တွေ .. အနိုင်ကျင့်ရိုက်နှက်နေတာတွေ့လည်း တိုင်ကြပါ..။
    တိုင်ကြပါ..တိုင်ကြပါ..။

    သဂျီးတော့ မတိုင်နဲ့..။ စံနစ်ယန္တယားမောင်းနှင်ပုံအရ.. အောက်ကလူစုတိုင်ရင်.. နှလုံးပြူးနဲ့ တကယ်ထုတ်ပစ်ရမှာ..။

    မီဒီယာကို တိုင်…။ လူများများသိအောင်လုပ်..။

    • zawana

      January 15, 2011 at 3:14 am

      ဟုတ်ပါတယ် …. မြန်မာနိုင်ငံမှာ Whistle blower တွေ အများကြီး လိုအပ်နေတယ်လို့ မြင်ပါတယ် ….
      လူထုလူတန်းစား အသီးသီးက ပြောရဲဆိုရဲတဲ့ လူမျိုးတွေ ပေါ်ထွက်လာဖို့ လိုပါတယ်။

  • maungmoenyo

    January 15, 2011 at 2:11 am

    Child abuse က မြန်မာနိုင်ငံမှာပိုလို့တောင်များသေးတယ်…။ ကိုယ့်မျက်စိရှေ့မှာတင်….
    ညာလို့မရတဲ့ကိစ္စတွေပါ…

  • antimoe

    January 15, 2011 at 3:21 am

    အံတီမိုးတို့မှာ အိမ်ဖော်နဲ့နေနိုင်တဲ့ အနေအထားမဟုတ်ခဲ့လို့ ဒါတွေကို အတွင်းကျကျ မသိနိုင်ခဲ့ဘူး။
    လူတွေရှေ့မှာတောင် (ဆိုင်က ကလေးတွေကို) ဗြောင်နှိပ်စက်နေကြတာ
    အိမ်၊ တိုက်ခန်းထဲမှာလှောင်ထားတဲ့ သူတွေကို ဘာတွေလုပ်နေသလဲဆိုတာ…..

  • Kaung Thant

    January 15, 2011 at 4:56 am

    အပြစ်မရှိတဲ လူမမယ်ကလေးကိုအနိုင်ကျင့်တာကတော့ အရမ်းလွန်ပါတယ်ဗျာ။ဗုဒ္ဓဘာသာ မြန်မာလူမျိုးကောဟုတ်ရဲလားမသိဘူး။ ဘာပဲပြောပြော သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူသင့်ပါ တယ်။ ဒါမှ တခြားလူတွေလဲ အဲဒီလိုမလုပ်ရဲမှာ။ ဒီလိုသတင်း တွေများများ ရေးသင့်ပါ တယ်။

  • cobra

    January 15, 2011 at 6:12 am

    လုပ်ပုံကမဟုတ်ဘူး…လူလူချင်းလူပါးဝနေကြတယ်…..
    အလကားနေရင်းသူလုပ်တာခံနေရအောင်အရုပ်မှမဟုတ်တာ..
    လူလိုနားလည်သင့်ပါတယ်ဗျာ။

  • ကြယ်လေး

    January 15, 2011 at 6:29 am

    ကျ နော့ ငယ် ငယ် ကကျောင်းနေ ဖက် ကောင်မလေး တ ယောက် ဦးလေး က စစ်ဗိုလ် ၊ မိဘ တွေ ဆုံး လို့ အမွေ တွေ ဦးလေး လင်မယား က သိမ်းပြီး အိမ်မှာ ခေါ်ထား တာ

    အိမ်ဖော်လို ခိုင်းတယ် စာ ကြည့်ဖို့ အ ချိန်မပေးဘူး ရိုက်လိုက်ရင် ပါး နား ကြီးပဲ

    စိတ် မကောင်းလွန်းလို့ မောင်ကြယ်လေး ရည်းစား အိမ်မှာ ၂ရက် ဖွက် ထား ပေးလိုက်တာ ကျောင်း ပါ ထုတ်သွား တယ် ဆ ရာမ တွေ စိတ်ပူလို့ အိမ်လိုက်သွားတော့

    စစ်ဗိုလ် ကတော် ရဲ့ တော်ကီ နဲ့ လှည့်ပြန်လာရ တယ် ဘာမှသိခွင့်မရတော့ဘူး

  • kopauk mandalay

    January 15, 2011 at 3:21 pm

    ဒါသာ တကယ်ဟုတ်နေပြီဆိုပါတော့။
    လုပ်သူဟာလူမဟုတ်လို့ပါဘဲ။
    လူဆိုပြန်ရင်လဲ လူယုတ်မာဘဲဖြစ်ပါမယ်။
    ဒီလိုလူဆိုရင် လူမျိုးဘာသာ ဘာမှမရွေးဘဲ
    အားလုံးက ဝိုင်းပယ်သင့်ပါတယ်။
    ဒါပေမယ့်လက်တွေ့မှာတော့
    လူအတော်များများက ဒါမျုးိတွေ
    မြင်နေပေမယ့်လဲ ဥပေက္ခာ ဆိုတဲ့ စကားလုံးကို
    အလွဲသုံးစားလုပ်လို့
    နင်ဖြစ်နင်ခံဆိုတဲ့သဘောအတိုင်းဘဲ
    ကိုယ်နဲ့မဆိုင်သလိုနေတတ်ကြပါတယ်၊
    ဒါကတော့ အပြင်မှာ မြင်တွေ့နေရတဲ့အမှန်တရားတွေပါ။

  • unclegyi1974

    January 15, 2011 at 3:56 pm

    ဟုတ်တယ်ဖတ်လိုက်ရတယ်
    နောက်ဆက်တွဲဘာတွေဖြစ်သလဲ
    သိတဲ့သူဆက်တင်ပေးပါ

Leave a Reply