အန်ကောဝပ် Angkok Wat အပိုင်း ၁

ဆူးJanuary 10, 20111min015

အန်ကောဝပ် နယ်နမိတ်ထဲ ဝင်မယ်ဆိုရင် ဓါတ်ပုံရိုက်ရပါတယ် ဓါတ်ပုံပါတဲ့ ဝင်ခွင့်ကဒ်အတွက် တရက်စာ ဒေါ်လာ ၂ဝ ပေးရပါတယ်။ ၃ရက်ဆိုရင် ၄ဝဒေါ်လာ ကျပြီး ရရက်ဆိုရင်တော့ ၆ဝဒေါ်လာ ပေးရပါတယ်။
ကဒ်ပြား တခု ထုတ်ပေးပါတယ် ကဒ်ထဲမှာ ဓါတ်ပုံပါတဲ့ အပြင် ၄၀ဝ ကီလိုမီတာ ကျယ်ဝန်းတဲ့ နေရာတိုင်းမှာ ရှိတဲ့ အဆောက် အအုံတိုင်းကို သွားနိုင်ပါတယ် ဒါပေမဲ့ ကဒ်ပြား ပြဖို့တော့ လိုပါတယ်။ ကဒ်ပြား ထဲက မျက်နှာနဲ့ လူမျက်နှာနဲ့ တူမတူ စစ်ပြီးမှ ဝင်ခွင့်ရပါတယ်။
ကမာ္ဘ့အံဖွယ် ရှေးဟောင်း အမွေ အနှစ်စာရင်းထဲမှာ ပါတဲ့ အတွက် လူအများအပြား စိတ်ဝင် တစား လာရောက် လေ့လာကြပါတယ်။

အန်ကောဝပ်ရဲ့ နောက်ဆုံး မင်းဆက်ကတော့ ဗုဒ္ဓဘာသာ မင်းဖြစ်ပါတယ်။ ဟိန္ဒူဝါဒတွေ ကိုးကွယ်နေရာကနေ စွန့်လွတ်ပြီး ဘာသာပြောင်းလဲ ခဲ့လို့ ဟိန္ဒူ ခေါင်းဆောင်တွေက လုပ်သလိုမျိုး မှတ်သားမိတယ်။

Siem Reap စီအမ် မရပ် လို့ ထွက်မယ် ထင်တယ် စီအမ် ဆိုတာ ယိုးဒယားကို ပြောတာ ဖြစ်ပြီး မရပ် ဆိုတာကတော့ နှင်ထုတ်နိုင်လို့ ပေးတဲ့ နာမည်ပါ။ ရန်ကုန်လိုပေါ့။ အန်ကောဝပ် ရှိတဲ့ မြို့က Siem Reap မြို့ ဖြစ်ပါတယ်။


ညအချိန်အခါ အန်ကောဝပ်ရဲ့ အလှပါ။


ဒီနေရာလေးကတော့ ရေကန်ထဲမှာ အန်ကောဝပ် ရဲ့ ပုံရိပ်ကျနေတဲ့ အတွက် တမျိုးလှနေပါတယ်။ ထိုနေရာမှာ ခရီးသွားများ ဓါတ်ပုံ မှတ်တမ်း တင်ယူကြပါတယ်။


အဝေးမှ မြင်တွေ့ရတဲ့ အန်ကောဝပ် အုတ်တံတိုင်းကြီးပါ


အရှေ့ရေကတော့ ကျုံးကြီးဖြစ်ပါတယ်။


စောစောစီးစီး နေမပူခင် ဝင်နေကြတာ ဖြစ်ပါတယ်။ ဆောင်းတွင်း ဖြစ်ပေမဲ့ နေအပူချိန်ကတော့ နေ့လည် မွန်းတည့်ချိန်ဟာ ၂၉ ကနေ ၃၂ အထိ ပူတယ်လို့ သိရတယ်။ အစောကြီး ဝင်ပြီး သွားလည်ပါတယ်။ မနက်ပိုင်း လူအဝင်နည်းချိန် ဖြစ်ပါတယ်။


အန်ကောဝပ် ဆိုတဲ့ ကျောင်းကြီးက တချိန်က ဟိန္ဒူဝါဒ စိုးမိုးချိန်က ဆောက်ထားတာ ဖြစ်ပါတယ်။ ထိုခေတ်က ခမာလူမျိုးများ ဩဇာ ကြီးမားချိန်က ဆောက်လုပ်ထားတဲ့ ကျောင်းကြီးလည်း ဖြစ်ပါတယ်။ ဟိန္ဒူဝါဒ မင်းမူနေတဲ့ အချိန်က ဆောက်လုပ်ထားတဲ့ အတွက် ဟိန္ဒူ နတ်တွေ အမြောက်အများတွေ့ခဲ့ရပါတယ်။


အခုမြင်ရတဲ့ ပုံကတော့ ဟိန္ဒူနတ်တပါးရဲ့ ရုပ်ထု ဖြစ်ပါတယ်။ ဘေးနှစ်ဘက်မှာတော့ နတ်သမီး တပါးစီ ရှိပါတယ်။

ခမာနီ တွေနဲ့ စစ်ဖြစ်တုန်းက အန်ကောဝပ်ကြီးဟာ စစ်တွင်းဒေသ ဖြစ်ခဲ့တဲ့ အတွက် ကျည်ဆံရာတွေ အမြောက်အများနဲ့ ယိုယွင်း ဟောင်းနွမ်းနေတာတွေမှာ မှ ကျည်ဆန် အပေါက်တွေ အများကြီး ရှိနေပါတယ်။ တချို့သော တိုင်လုံးကြီးများ ပြုတ်ထွက်နေကြပါတယ်။


အခုမြင်ရတဲ့ ပုံကတော့ ညီညာ လှတဲ့ ကျောက်ဆစ် တိုင်လုံးလေးတွေ ဖြစ်ပါတယ်။

ကျောက်သားကတော့ သက်ရင့် သဲကျောက် အမျိုးအစား ဖြစ်ပါတယ်။


နိုင်ငံခြားသားတွေ အများအပြား ပျားပန်းခတ်မျှ ဝင်ပေါက်တွေမှာ တွေ့ခဲ့ပါတယ်။ နိုင်ငံကတော့ တော်တော် ဝင်ငွေကောင်းမယ် ထင်တယ်။ နိုင်ငံခြားသားတွေ မြင်းစီးလို့ရအောင် မြင်းလည်း ရှိသလို ထန်းပင် တွေက ထန်းရည်တွေလည်း ရောင်းပါတယ်။

15 comments

  • intro

    January 10, 2011 at 2:35 pm

    စိတ်ဝင်စားစရာပဲ၊ အစ်မရေ… ဝင်ဖတ်သွားပါတယ်… နောက်ထပ်အပိုင်းတွေကိုလဲ စောင့်ဖတ်နေပါ့မယ်…

    Reply

  • weiwei

    January 10, 2011 at 2:39 pm

    မသိသေးတာတွေ သိရလို့ အလွန်ဗဟုသုတရပါတယ် …

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 10, 2011 at 2:53 pm

    အင်း
    အိုက်ဒီ အန်ကယ်ဂျီး ကျောင်းတော်က တော်တော်လေး သမိုင်းတွေရှည်လျှားတယ်
    လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက တော့ ထိုင်းနဲ ့ကမ္ဘောဒီးယား နှစ်ဘက်စလုံးက ဝင်လို ့ရတယ်ဆိုဘဲ
    သေချာတော့တိဝူးနော် ရမ်းတုတ်တာ
    မကြာမီကမှ ပြဿနာတွေတက်ကြတော့ ဘယ်လိုအလျှော်အစားလုပ်ကြလဲတိတော့ဝူး
    ဝေဖန်ရရင် မဆီမဆိုင်တာတွေဖြစ်ကုန်မှာဆိုးလို ့နောက်မှ……..
    အန်ကယ်ဂျီး ဆိုတဲ့လူက ရှာတွေ ့လို ့အန်ကယ်ဂျီးဝပ်ဆိုပြီး ခေါ်တယ်ဆိုဘဲ
    ဒါလဲ တေချာဝူးနော် ရမ်းတုတ်တာဘဲ
    စိတ်ဝင်အစားဆုံးကတော့ ထန်းပင်တွေက ထန်းရည်တွေပါဘဲ
    ရင်ထဲမှာတောင် ဒိန်းကနဲ ့ဖစ်တွားတယ် ဂလု ဂလု

    ဘုရားမကြိုက် နတ်မကြိုက် (ကိုကြီးကျော်မပါ) ထန်းရည် ထန်းရည်

    Reply

  • ဆူး

    January 10, 2011 at 3:06 pm

    မနက်ပိုင်း ဖြစ်နေတဲ့ အတွက် ထန်းရည် ရောင်းတဲ့ သူတွေက ဝါးကျည်တောက် ခွက် ကလေးတွေ နဲ့ ရောင်းရင် အချို ရည် လို့ ပြောရောင်းနေပါတယ်။ သဘာဝ အပင်က ထွက်တဲ့ အချိုရည် ပြောပါ၏

    Reply

  • kai

    January 10, 2011 at 5:30 pm

    ငါးပါးသီလထဲက … သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ … အတွက် .. အထောက်အထားလေးတခုတိုးသမို ့.. ကျေးဇူးနော.. 🙂

    Reply

  • ဆူး

    January 10, 2011 at 5:42 pm

    သဂျီး အချိုရည်ဆိုပြီး ရွာပြန်မော့မလို့လား.. အချိုရည်ဆိုပြီး မော့ပြီး ဝမ်းလျောပြီး ဆေးရုံရောက်မှ အကုသိုလ် အကျိုးပေးတယ် ဆိုပြီး ငိုမနေနဲ့နော်။

    Reply

  • bigcat

    January 11, 2011 at 12:41 am

    ယဉ်ကျေးမှုအဆင့်အတန်း အတော်မြင့်သည်ပ။

    Reply

  • etone

    January 11, 2011 at 7:30 am

    ဆူး …ဟိုးတစ်လောက ဒါကြောင့်ပျောက်နေတာကိုး ။

    Reply

  • unclegyi1974

    January 11, 2011 at 1:55 pm

    ဆူး တင်ပေးတဲ့ပုံတွေကြည့်ရတာတကယ်
    ရှေးဟောင်းယဉ်ကျေးမှုတွေကြည့်ရပါတယ်
    တချို့နိုင်ငံတွေကရှေးဟောင်းပစ္စည်းတွေကို
    ပြုပြင်တယ်ဆိုပြီးအသစ်တွေပြန်လုပ်တော့
    ရှေးဟောင်းသမိုင်းကိုကြည့်ချင်တဲ့သူတွေက
    သမိုင်းအတုတွေပဲတွေ့မြင်ရဆိုပြီးကြားရတာ
    သမိုင်းတွေပျောက်ကုန်တာစိတ်မကောင်း
    စရာပါပဲ

    Reply

  • ဆူး

    January 11, 2011 at 3:12 pm

    ရှေးဟောင်း သမိုင်းတွေ ပြင်တဲ့ အတွက် ကမာ္ဘ့အံဖွယ် ရှေးဟောင်း အမွေအနှစ်ကို လွဲခဲ့ရတာပါ။ နောင်လည်း ရမှာ မဟုတ်တော့ပါဘူး။ ခုနှစ်တော့ အတိအကျ မမှတ်မိဘူး အဲဒီတုန်းက ပေးဖို့ ဝိုင်းစဉ်းစားကြတယ်။ နောက်ပိုင်း ပြင်ဆင်ဖို့ လုပ်တာ ကန့်ကွက်ပေမဲ့ လက်မခံဘဲ ပြုပြင်တဲ့ အတွက်……………….

    Reply

  • windtalker

    September 3, 2011 at 12:06 am

    အော်
    ဆူး
    ဆူး
    တစ်ကယ့်ကို
    စာပေ ရော
    ပြင်ပ ဗဟုသုတ ပါ
    ကြွယ်ဝ လွန်းတဲ့
    သူတစ်ယောက်ပါ ပေကလား

    Reply

  • မီးမီး သော်

    September 3, 2011 at 2:41 pm

    ထိုင်းနဲ့ သူပိုင်ငါပိုင်ငြင်းနေကြတာ မပြီးသေးဘူးထင်ပါတယ်။ရှေးဟောင်းအမွေမို ့အားလုံးနဲ ့ဆိုင်တာပေါ့။ရေရှည်တည်တံ့ပါစေ

    Reply

  • zaw min

    September 3, 2011 at 4:07 pm

    နီးရက်နဲ့ဝေး..ခရီးမထွက်နိုင်သေးခင်မှာ…ဆူးမမရဲ့ပုံတွေအတွက် ကျေးဇူးပါ။ဗဟုသုတ များစွာရရှိပါတယ်။ဆူး..အရင်ကလည်း အဲဒီ အန်ကော်ဝတ်အကြောင်းတင်ပေးဘူးတယ်ထင်နော်…မနှစ်ကလားမသိဘူး..အဲဒီကအပြန်ရန်ကုန်လေဆိပ်မှာ ကင်မရာပျောက်သွားလို့ ဟက်ထိသွားသေးတယ်လေ…ဟုတ်လားတော့မသိဘူး..မှတ်မိသလောက်…ပြန်ပြောကြည့်တာ..

    Reply

    • ဆူး

      September 3, 2011 at 8:11 pm

      ကိုဇော်မင်း ကလည်း နောက်နေပြီ တင်တဲ့ နေ့လည်း ကြည့်ပါအုန်း..
      အရင်က အဟောင်းကြီး ကို မန်းလိုက်လို့ အရှေ့ရောက်နေတာ.. ဟိဟိ..
      ကင်မရာ ပျောက်တာလေး မှတ်မှတ်ရရ ရှိနေလို့ ဝမ်းသာပါတယ်။

      Reply

  • zaw min

    September 4, 2011 at 2:25 pm

    ေဩာ်…ဟုတ်သားပဲ…ဆူးကိုတစ်နှစ်တစ်ခါ အန်ကော်ဝတ်ကိုရောက်နေတယ်ထင်မိတာ…ဒီရွာထဲမှာ မှတ်မှတ်ရရရှိတာတွေများပါတယ်…

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.