မော်လမြိုင်မြို့ရဲ့ အထင်ကရ ကျိုက်သလန်စေတီ

manawphyulayJanuary 9, 20111min04

ကျိုက်သံလန်စေတီ၊ ၊ ထိုစေတီမှာ မော်လမြိုင်မြို့ပေါ်တွင် အထင်ရှားဆုံး စေတီ ဖြစ်ပါတယ်။ မြို၏အရှေ့ဖက် သံလင်တောင်စွယ်တွင် တည်ရှိပြီးတော့ စေတီသမိုင်းနှင့် စပ်လျဉ်း၍ အဆို ၂ မျိုး ကွဲပြားလျက် ရှိတယ်။ တစ်မျိုးမှာ သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို၏မှ မွတ်ပိရာဇာမင်းသည် သထုံပြည်မှ သွားတော် ဓာတ်တစ်ဆူရရှိခဲ့သဖြင့် မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဖူးရာ နာဂဝသီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း။ ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိသည်၊ ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း ကျိုက်သံလင်စေတီဟု ခေါ်တွင်လေသည်၊ ယခုအခါ စကား ရွေ့လျောလာသဖြင့် ကျိုက်သံလန် ဖြစ်လာသည်၊ ရှေးအခါက ထိုစေတီ တည်ထားရာ တောင်ခြေသည် ပြိုပျက်အံ့သကဲ့သို့ ရှိသောကြောင့် မွန်ဘာသာဖြင့် ‘သံလင်ဟု သမုတ်ခဲ့တယ်ဆိုတာကို ကြားသိခဲ့ရတယ်။ အရမ်းလည်း သပ္ပာယ်တယ်။ ယခုအခါ ကျိုက်သံလန်စေတီတော်ရဲ့ —ဉာဏ်တော်မှာ ပေ ၁၅ဝ ရှိပြီး ဖိနပ်တော် အဝန်းမှာ ပေ ၄၅ဝ ရှိတယ်တဲ့။ အင်း ပြီးတော့ စေတီရံပေါင်း ၃၄ ဆူ ရှိသေးတယ်။ ဒါတောင် ၁၃၀ရ ခုနှစ်က ကျိုက်သံလန်စေတီ ကုန်းတော် သုံးပုံ တစ်ပုံခန့် ပြိုကျပျက်စီးခဲ့ပြီး မြို့သူမြို့သားများက ကျိုက်သံလန် ရင်ပြင်တော် ပြုပြင်ရေးအဖွဲ့ ဖွဲ့ပြီး ထပ်မံပြင်ဆင်ခဲ့ကြရသေးတယ်။ ကြည်နူးစရာ ဘယ်လောက်ကောင်းလိုက်သလဲနော်။ မော်လမြိုင်မြို့ကို ရောက်ရင် ကျိုက်သလန်စေတီကို ဝင်ဖူးဖြစ်အောင် ဝင်ဖူးခဲ့ကြဦးနော်။

4 comments

  • bigbird

    January 9, 2011 at 3:06 pm

    မနော ကမော်လမြိုင်သူလား၊ ကျနော်ကဆောင်းတွင်းဆိုနံနက်တိုင်းရောက်နေ
    ကြပါ၊ အရင်တုန်းကပါ…..

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 9, 2011 at 5:57 pm

    အဲ့သည် စေတီဘုရားက ရှမ်းနဲ ့မြန်မာတွေ စေတီဘုရားပြိုင်တည်ရင်း
    ရှမ်းတွေ အခိုင်အမာ တည်ခဲ့ကြတယ်ဟုတ်ဘူးလား
    မြန်မာတွေကတော့ ပြောတော့ပါဘူး……
    ကျိုက်ရှမ်းလမ် ဆိုလား ရာဇဝင်တောင်ရှိသေးတယ်
    ဘယ်စေတီဘုရားလဲတော့မသိဘူးနော်
    ကြားဘူးတာက ကျိုက်သလန်ဆိုတာ ကျိုက်ရှမ်းလန်ဆို….!
    ( ဒါနဲ ့
    ပဲခူး ရွှေမော်ဓော စေတီဘုရားကြီး တည်ခဲ့တဲ့နှစ်ကို သိလားဗျ?
    သိရင်ပြောပြပါလား
    အကြောင်းတစ်ခုရှိလို ့ပါ။ )

    Reply

  • pyaesone

    January 10, 2011 at 9:15 am

    အင်း တော်တော် ဗဟုသုတ တိုးသွားပီ

    Reply

Leave a Reply to မိုက်ကယ်ဂျော်နီအောင်ပု Cancel Reply

Your email address will not be published.