ဂျိမ်းလှကျော်၏ အတ္ထုပ္ပတ္တိ (၁၈၆၆ – ၁၉၂၀)

manawphyulayJanuary 8, 20111min03

ဂျိမ်းလှကျော်သည် “ဂျိမ်း“ဟူသော ခရစ်ယာန်တို့၏ မျိုးရိုးစဉ်လာအမည်ကို ခံယူထားစေကာမူ ဗုဒ္ဓဘာသာ မိဘများဖြစ်သော ဦးစွပ်၊ ဒေါ်ဆိုင်းတို့၏ သားဖြစ်သည်။ အမည်ရင်း မောင်လှကျော်ဖြစ်၏။ ဇာတိမှာ ရွှေကျင်မြို့ဖြစ်လေသည်။ ငယ်စဉ်တွင် အမိအဖများ ဆုံးသဖြင့် အဒေါ်ဖြစ်သူ ဒေါ်မျှင်က မွေးစားခဲ့သည်။ မွေးစားမိဘများဖြစ်သော ဦးညိုနှင့် ဒေါ်မျှင်တို့သည်လည်း မူလက ဗုဒ္ဓဘာသာများဖြစ်၏။ နောက် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ရာ ဦးလှကျော်သည် “ဂျိမ်းလှကျော်”ဖြစ်ခဲ့၏။ (နောင်တွင်ကား ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသည်။) ရွှေကျင်အင်္ဂလိပ်မြန်မာ အစိုးရကျောင်း၊ ရန်ကုန်မြို့ ဆရာမှတ်ကျောင်း၊ ရန်ကုန်ဟိုက်စကူးကျောင်းတို့တွင် ပညာသင်သည်။ ယခုခေတ် ဥပစာကောလိပ် ပညာအဆင့်ကို သင်ယူအောင်မြင်သည်။ အင်္ဂလိပ်စစ်တပ်တွင် စကားပြန်လုပ်သည်။ နောက် စာတော်ပြန်ဌာန၌ အမှုထမ်းသည်။ မြို့အုပ်စာမေးပွဲ၊ ရှေ့နေစာမေးပွဲများလည်း ဖြေဆိုအောင်မြင်သည်။ မြို့အုပ်၊ ငွေတိုက်ဝန်ထောက်၊ နယ်ပိုင်ဝန်ထောက် အလုပ်များလည်း လုပ်ခဲ့သည်။ ရှေ့နေအဖြစ်လည်း ထင်ရှားသည်။ ဂီတအနုပညာ၌လည်း ဝါသနာပါသည်။ ဆေးပညာ၌လည်း ဝါသနာပါသည်။
“မောင်ရင်မောင် မမယ်မ“ ဝတ္ထုအပြင် ဝတ္ထုတိုများ၊ ဆောင်းပါးများ၊ ဥပဒေကျမ်းများကိုလည်း ရေးခဲ့သည်။ ဝတ္ထုတစ်ပိုင်းတစတို့မှာ ရေးသားခဲ့ပြီး ပုံမနှိပ်မီ ပျက်စီးသွားသော ဝတ္ထုများဖြစ်သည်ဟု သိရပေသည်။

3 comments

  • naywoonni

    January 9, 2011 at 11:18 am

    မောင်ရင်မောင်မမယ်မ ဝတ္ထုက ပထမဆုံး ခေတ်ပေါ်မြန်မာ ဝတ္ထုပဲလေ မှိငြမ်းထားတယ်လို့ေတောင်မထင်ရဘူး

    Reply

  • kopauk mandalay

    January 9, 2011 at 11:37 am

    မောင်ရင်မောင်မမယ်မက ဘာသာပြန်ဆိုပေမယ့် အတိအကျမဟုတ်ဘူး။
    အတွေးနဲ့ဇာတ်လမ်းကျောရိုးကို ယူပြိး မြန်မာမူ့ပြုလိုက်တာလေ။
    သိပ်ဂွတ်တယ်။
    ကျနော်ဒီစာအုပ်ဖတ်ရတဲ့အချိန်တုံးက စာအုပ်ကတော်တော်လေးကို စုတ်နေပြီ။

    Reply

  • naywoonni

    January 9, 2011 at 3:35 pm

    ခု နောက်တစ်ကြိမ် ထပ်ထုတ်တဲ့စာအုပ်သူငယ်ချင်းဆိုင်မှာရှိတယ် ရောက်တိုင်း ဖတ်ဖြစ်တယ် ဘယ်ကြိမ်မှန်းတောင်မသိတော့ဘူး အဲဒိလို ပဲ ချားလ်ဒစ်ကင်ရဲ့စာအုပ်ကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ မျှော်တစ်လင့်လင့် ကိုလည်း သူဆိုင်မှာတင်ပဲ ပြိးအောင်ထိုင်ဖတ်ပစ်လိုက်တာပဲ

    Reply

Leave a Reply

Your email address will not be published.