နတ်သမီးကလတ်တော့ ဘုံပျက်တယ်တဲ့ ..

weiweiJanuary 6, 20111min024

နတ်ပြည်မှာ နတ်သမီးတွေအလွန်များပြီး နတ်သားအလွန်နဲတယ်တဲ့။ အဲဒါနဲ့ ဒကာတစ်ယောက်က သိချင်လို့ ဆရာတော်ကြီးတစ်ပါးကို သွားလျှောက်မေးတယ်။ အရှင်ဘုရား နတ်ပြည်မှာ နတ်သားနဲပြီး နတ်သမီးတွေများနေတာ ဘာကြောင့်ပါလဲဘုရား တဲ့။ ဆရာတော်က ပြုံးပြီး ပြန်ပြောလိုက်တယ် …

ကဲ .. ဒကာ၊ ဒကာတို့အိမ်မှာ မနက်ပိုင်း ဆွမ်းဝေယျာဝစ္စလုပ်တာ ဒကာလား၊ ဒကာ့မိန်းမလား ?
ဆွမ်းချက်ပြီး ဆွမ်းလောင်းတော့ရော .. ဒကာလား၊ ဒကာ့မိ်န်းမလား ?
ဘုရားပန်း၊ ဆွမ်း၊ ရေချမ်းကပ်တော့ ဒကာလား၊ ဒကာ့မိန်းမလား ?
ဘုရားရှိခိုး၊ မေတ္တာပို့၊ တရားနာနဲ့ ရိပ်သာဝင်တော့လဲ ဒကာမတွေပဲ ထိပ်ဆုံးက၊ ဒကာတွေက မပါသလောက်ပဲ ? ဘယ်မှာလဲ ဒကာတို့လုပ်တဲ့ ကောင်းမှုကုသိုလ် …
ကဲ .. (၅) ပါးသီလမှာ ကြည့်ကြည့်ရအောင် … (အကုသိုလ်အလုပ်မှာ)
ပါဏာတိပါတာ .. သူ့အသက်သတ်မယ်ဆိုရင် ဒကာလား ဒကာမိန်းမလား ?
အဒိန္နာဒါနာ… သူတစ်ပါးပစည်းခိုးယူမယ်ဆိုရင် ဒကာလား၊ ဒကာ့မိန်းမလား ?
ကာမေသုမိစ္ဆာစာရာ … သူတစ်ပါး သားမယား ပြစ်မှားမယ်ဆိုရင်ရော ဒကာကား၊ ဒကာ့မိန်းမလား ?
မုသာဝါဒါ … လိမ်ညာစကားပြောပြီး စီးပွားရှာကျွေးတာ ဒကာကား၊ ဒကာ့မိန်းမလား ?
သုရာမေရယ… သေရည်သေရက်သောက်ရင်ရော ဒကာလား၊ ဒကာ့မိန်းမလား ?
ဘယ်လိုလုပ်ပြီး ဒကာတို့ နတ်ပြည်ရောက်တော့မလဲ ? အကုသိုလ်ဆို ရှေ့ဆုံးက၊ ကုသိုလ်ဆို နောက်ဆုံးက …

နတ်ပြည်မှာ နတ်သားဘယ်လောက်ရှားသလဲဆိုရင် တချို့ဘုံတွေမှာ နတ်သားတစ်ယောက်မှတောင်မရှိဘူးတဲ့။ နတ်သမီးတွေကစုပြီး သိကြားမင်းကို သွားမေးကြတယ်တဲ့။ သူတို့ဘုံမှာ နတ်သားမရှိတော့ ပျင်းတယ်ပေါ့။ သိကြားမင်းက မပူပါနဲ့၊ နောက် ခုနှစ်ရက်နေရင် နတ်သားရောက်လာလိမ့်မယ်တဲ့။ နတ်သမီးတွေက ဘယ်သူလဲလို့မေးတော့ ဘုန်းကြီးကျောင်းဇရပ်ပေါ်မှာနေတဲ့ လူနူကြီးတဲ့၊ သူက နောက်ခုနှစ်ရက်နေရင်သေမယ်၊ သေခါနီးကျရင် ဇရပ်ပေါ်ကလိမ့်ကျပြီး သံဝေဂရလိမ့်မယ်၊ ငါအခုအချိန်အထိ ကုသိုလ်ကောင်းမှုဘာတစ်ခုမှ မလုပ်ခဲ့ရသေးဘူးဆိုပြီး ကုသိုလ်ယူလိုစိတ်နဲ့ မြက်တွေကို ဆုပ်ကိုင်လိုက်ပြီး ဆွဲနှုတ်လိုက်မယ်။ ပြီးတာနဲ့ သေသွားလိမ့်မယ်။ အဲဒီ မြက်တစ်စုတ်နှုတ်လိုက်တဲ့ ကုသိုလ်ကြောင့် နတ်သမီးတို့ ဘုံဗိမာန်မှာ နတ်သားလာဖြစ်မယ်တဲ့။

နတ်သမီးလည်း ပျော်သွားတာပေါ့။ ညဖက်လဲကျရော ဇရပ်ကိုသွားပြီး လူနူကြီးရှေ့မှာ ကိုယ်ထင်ပြပြီး အကျိုးအကြောင်းသွားပြောသတဲ့။ ပြီးတော့ နတ်ပြည်ပြန်လာပြီး စောင့်နေတာပေါ့။ လူနူကြီးက နတ်သမီးပြောတာလဲကြားရော နောက်တစ်နေ့ကစပြီး ခုနှစ်ရက်တိုင်တိုင် တစ်ကျောင်းလုံးကို သန့်ရှင်းရေးလုပ်ပြီး ကုသိုလ်ယူသတဲ့။ ရ ရက်မြောက်ပြီးတော့ သေသွားသတဲ့။
နတ်သမီးကလဲ စောင့်နေပြီး ရ ရက်ကျော်တဲ့အထိ နတ်သားရောက်မလာတော့ သိကြားမင်းကို သွားမေးသတဲ့။ သိကြားမင်းက ပြန်ကြည့်လိုက်ပြီး နတ်သမီးကို လူ့ပြည်ဆင်းပြီး သွားပြောတယ်မဟုတ်လားလို့မေးတယ်။ နတ်သမီးကလဲ ဟုတ်ပါတယ်ဆိုတော့ … အေး .. အခု အဲဒီလူက ကုသိုလ်တွေများသွားလို့ အသင်တို့နတ်ဘုံကိုကျော်ပြီး အထက်နတ်ဘုံကိုရောက်သွားပြီတဲ့ …

ကဲ … နတ်သမီးကလတ်တော့ ဘုံပျက်တယ်ဆိုတာ အဲဒါကိုပြောတာ …

24 comments

  • bigbird

    January 6, 2011 at 5:02 pm

    အော…ဖြစ်မှဖြစ်ရလေ နတ်သမီးလေးရယ်။ ငှက်ကြီးလည်းကယ်နိုင်မယ်ထင်
    ပါဘူး

    Reply

  • weiwei

    January 6, 2011 at 5:09 pm

    ပဲခူးအောင်သုခဆရာတော်ဟောတဲ့ မြက်တစ်ဆုပ်နတ်သားတရားကို ဆီလျှော်သလို ပြန်ရေးထားခြင်းဖြစ်ပါတယ်။ ရွာသားတွေအတွက် ….. 🙂

    Reply

  • Hello Everyone

    January 6, 2011 at 5:23 pm

    မိုက်တယ် ဗျာ။ ဟီးဟီး

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 6, 2011 at 6:31 pm

    နတ်သမီးတော့ တိဝူး
    နတ်ဂဒေါ် ခုန်ဆွခုန်ဆွဖြစ်တာတော့ မြင်ဘူးတယ်
    နတ်မိန်းမလည်း မြင်ဘူးတယ်

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 6, 2011 at 6:41 pm

    ဒါနဲ ့စကားမစပ်
    နတ်သမီးနဲ ့ နတ်ဂဒေါ်
    ဘာကွာသတုံးဗျ
    မှတ်သားပါရစေခင်ဗျ

    Reply

  • zaw min

    January 6, 2011 at 7:18 pm

    ကုသိုလ် ဆိုတာ လောဘ၊ဒေါသ၊မောဟ မပါတဲ့ အလုပ်ကိုခေါပါတယ်၊ အကုသိုလ် ဆိုတာ အဲဒီ့ လောဘ၊ဒေါသ၊မောဟ ပါနေတဲ့အလုပ်အားလုံးပါ။ကျွန်တော်တို့အားလုံး တနေ့ကို အလုပ် ဘယ်နှစ်မျိုး လုပ်ကြပါသလဲ….( ၃ )မျိုးပါ။ ကာယကံ၊ဝစီကံ၊မနောကံ တွေနဲ့ နေ့စဉ်ရက်ဆက် လုပ်နေကြတာပါပဲ။ငါးပါးသီလ မမြဲမှ အကုသိုလ် မဟုပ်ပါဘူး။အလှူတန်း လုပ်နေရင်းနဲ့ အဲဒီ လောဘ၊ဒေါသ၊မောဟ တွေပါနေရင်လည်း အကုသိုလ်ပါပဲ။မိန်းမသေမှ နတ်သမီး ဖြစ်တာမဟုပ်ပါ၊ယောက်ကျားတွေသေလည်း နတ်သမီး ဖြစ်တာပါပဲ။မိမိပြုလုပ်ခဲ့တဲ့ ဒါန၊သီလ၊ဘာဝနာ တွေပေါ်မှာ အခြေခံပါတယ်။ဤ အကြောင်းတရားများကို ဆရာတော် ဥူး သုမင်္ဂလ ရဲ့ ကုသိုလ်နဲ့အကုသိုလ် တရားထဲမှ ကောက်နုတ်တင်ပြလိုက်တာပါ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 6, 2011 at 7:37 pm

    သာဓုပါဗျာ သာဓု သာဓု
    အခြားသော ဘဒ္ဒ န္တ တွေရော
    ဘယ်လို မြွက်ကြားကြမလဲခင်ဗျ

    Reply

  • Hello Everyone

    January 6, 2011 at 8:15 pm

    Post အသစ် လဲ တင်မရ ပါလားနော်။

    Reply

  • zaw min

    January 7, 2011 at 2:59 am

    ဘာရယ်ညာရယ် မဟုပ်ပါဘူး၊သိလွန်းတတ်လွန်း လို့လည်းမဟုပ်ပါဘူး၊ကျွန်တော်တို့က မူကြိုကျောင်းသားပါ၊အကြောင်းတိုက်ဆိုင်လို ့မူကြိုဆရာတော် ဟော်ကြားခဲ့တဲ့ တရာလေးကိုဖော်ပြပေးလိုက်တာပါ။

    Reply

  • koyinmaung

    January 7, 2011 at 3:20 am

    မြက်တဆုတ်ဘဲလှူတော့မယ် လေါဘမကြီတော့ပါဘူးလေ…

    Reply

  • etone

    January 7, 2011 at 4:35 am

    အ နူကြီးတောင် အလွတ်မပေးပါလား နတ်သမီးရယ် 😀 😀

    Reply

  • နွယ်ပင်

    January 7, 2011 at 4:51 am

    တကယ့် နတ်သမီးပဲ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးဖြစ်သွားတာပေါ့ .:D

    Reply

  • bigcat

    January 7, 2011 at 5:52 am

    ့်ဒီဘက်ခေတ်တွေမှာ ဒါကြောင့် နတ်များလူပြည့်ကို မလာတော့တာဖြစ်မယ်။

    Reply

  • koyinmaung

    January 7, 2011 at 9:47 am

    2012နောက်ပိုင်းနတ်ပြည်မှာလဲလင်တူချင်းယူလို့ရမယ်လို့ သကြားမင်းကအမိန့်ထုတ်ထားပါတယ်အားလုံးအဆင်းပြေသွားမှာပါ.. ဒီသတင်း ဝိသကြုံနတ်သားဆိုက်မှာတင်ထားပါတယ်။။

    Reply

  • kopauk mandalay

    January 7, 2011 at 11:41 am

    ကျနော်ကတော့ နတ်သမီး နတ်သား နတ်ဝင်မူကြီးကြပ်ရေးအဖွဲ့ကို တစ်ခုအကြံပေးချင်ပါတယ်။
    နတ်ပြည်ကို ပြည်ဝင်ခွင့်ဗီဇာ စပေးကတည်းက နတ်သမီးရော နတ်သားပါ အိမ်ထောင်ပြုရင် အဆင်ပြေဘို့အတွက် အရည်အတွက် ကို သေချာစီစစ်ပြီး နတ်သားဖြစ်ခွင့် နတ်သမီးဖြစ်ခွင့်ကို
    သတ်မှတ်ပေးသင့်ပါတယ်။
    နောက်ပြီး နတ်ဖြစ်ခွင့် အခြေခံဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲသင့်ပါတယ်။
    ဥပဒေအသစ်။ ။လူပြည့်မှာယောက်ျားဖြစ်ခဲ့သော်၎င်း မိန်းမဖြစ်ခဲ့သော်၎င်း
    ၎င်းအခြင်းအရာသည် နတ်ပြည်သို့ဝင်ရောက်ခွင့်ပြုရာတွင် အလျှှင်းပါတ်သက်ခြင်းမရှိစေရ။
    နတ်ပြည်သို့ ဝင်ရောက်လာသူတိုင်း နတ်သမီးဖြစ်ခွင့် နတ်သားဖြစ်ခွင့်ကို နတ်ဝင်မူ့ ဥပဒေအဖွဲ့ကသတ်မှတ်သည့် အတိုင်း နတ်ထီး နတ်မ အဖြစ်ဝင်ခွင့်ြ့ပုမည်။
    လို့သာ သတ်မှတ်ပေးလို်က်.။
    ဒါဆိုရင် နတ်မတွေက နတ်အလျောင်းအလျာကို သွားကြုစရာ သွား အီစရာ မလိုတော့ဘူးပေါ့နော်။

    Reply

  • lilflame

    January 7, 2011 at 12:41 pm

    မြက်နုတ်တာလေးနဲ့နတ်ပြည်ရောက်တာ အဆန်းသား ဒါဆိုမြန်မာပြည်ကကျောင်းသားတိုင်းနတ်ပြည်ရောက်နိုင်တယ် ကျောင်းတတ်ရင်မြက်နုတ်ရတယ် လေ 😀

    Reply

  • weiwei

    January 7, 2011 at 12:54 pm

    မြက်နှုတ်လို့ နတ်ပြည်ရောက်တာမဟုတ်ဘူး … သေခါနီးကုသိုလ်စိတ်ကြောင့်ရောက်တာ … ရောကုန်တော့မယ် …

    Reply

  • The Reds

    January 7, 2011 at 2:51 pm

    အဲ ဒါ က အ ရင် က တ ရား တွေ ပါ … အ ခု ပြောင်း ပြန် ဖြစ် သွား ပြီး လို. ဘုန်း ဘုန်း က ပြော တယ် အ ခု နတ် သား တွေ က နတ် သ မီး တွေ ကို ပြန် စောင်. နေ ရ ပြီ တဲ. …. ဘာ လို လဲ ဆို ဒကာ တွေ က ၁ လုံး ဘဲ လောင်း တာ တဲ. ဒကာ မ တွေ က ၂ လုးံ ၃ လုးံ လောင်း လို တဲ . ပြီ း ရင် မိန်း မ တွေ က ဘီ ယာ ပါ စွဲ နေ ပြီ တဲ. …. ဟီး ဟီး ..

    Reply

  • ဆူး

    January 8, 2011 at 1:47 pm

    သေခါနီး နောက်ဆုံး ပြုခဲ့တဲ့ ကုသိုလ် အဟုန်ကို စိတ်ထဲ စွဲနေလို့ နတ်ပြည်ကို ရောက်စေတာ.. ဥပမာ အားဖြင့် ရုပ်ရှင်ကြည့်ပြီး ရုပ်ရှင် ဇတ်လမ်းပြီးသွားပေမဲ့.. အဲဒီ ရုပ်ရှင် အကြောင်း နောက်တနေ့ တခြားလူကို ပြောမဆုံး သလိုမျိုးပေါ့.. စိတ်ထဲမှာ မှတ်မိနေတာမျိုးကြောင့် ကုသိုလ်တွေ အကျိုးပေးတာမျိုးလေ။

    Reply

  • manawphyulay

    January 8, 2011 at 2:04 pm

    နတ်ဥပဒေက အသစ်ပြဠာန်းချက်လား အရင် မူလဥပဒေသလား ကိုပေါက်မန်းလေးရှင့်။ ခုမှပဲ မှတ်သားစရာတွေ များလာတော့တယ်။ နတ်ပြည်ကျော်တော့လည်း တစ်မျိုးကောင်းတာပါပဲ မဝေရယ်။ နို့မို့ဆိုရင် နတ်သမီးက ဘာတွေလုပ်ပါ ထပ်ပြောနေရဦးမယ်လေ…. ကိုယ်တိုင်အသိတရားနဲ့ လုပ်တယ်ဆို ပိုကောင်းတာပေါ့နော်…………..

    Reply

  • naywoonni

    January 8, 2011 at 4:27 pm

    နတ်သားလည်း မဖြစ်ချင်ဘူး နတ်သမီး လည်းမဖြစ်ချင်ပါဘူးဗျာ ။( နောင်အနှစ်နှစ်ထောင်မှာ မောင်ချောနွယ် လူပြန်ဖြစ်ရင်လည်း စိတ်မဆိုးပါဘူး )ဆိုတဲ့ကဗျာ လိုပဲ လူပဲပြန်ဖြစ်တာ

    Reply

  • ဆူး

    January 8, 2011 at 5:30 pm

    လူဘဝ ကြီးဘဲ အကြိမ်ကြိမ်တော့ မရချင်ပါဘူး.. ရာသီဥတု ပူတယ် အဲကွန်းမရှိတဲ့ မိဘ အိမ်မှာ ဝင်စားမိရင် သွားပြီ ချွှေးတလုံးလုံးနဲ့ နေနေရမယ်။

    Reply

  • weiwei

    January 8, 2011 at 5:33 pm

    နတ်စည်းစမ်ကို ခံစားဖူးတဲ့ နတ်သားနတ်သမီးတွေဟာ တခြားဘယ်ဘုံကိုမှ မသွားချင်ဘူးတဲ့ .. စုတေခါနီးရင် လူဖြစ်အောင်ဆုတောင်းလိုက်ပြီး လူ့ဘဝကိုခဏဆင်းပြီး ကောင်းမှုလုပ်ပြီး နတ်ပြည်ပြန်တက်ကြတယ်တဲ့ …
    နတ်ပြည်ကိုရောက်နိုင်တဲ့ ကောင်းမှုကလဲ လူ့ဘဝတစ်ခုထဲမှာပဲ ရှိတာတဲ့ … လူ့ဘဝကို အကျိုးရှိရှိ အသုံးချကြနော် …

    Reply

  • monmon

    January 9, 2011 at 2:18 pm

    လူပဲ ပြန်ဖြစ်ချင်တယ်… နိဗ္ဗာန်ကို ရောက်အောင် လုပ်နိုင်တဲ့ အခွင့်အရေးကလည်း လူ့ဘဝမှာပဲ ရှီတာတဲ့…

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.